ဖြဲ႕စည္းပုံျပင္ဆင္ရာတြင္၇၅ ရာခိုင္ႏႈန္းမေက်ာ္၍ တပ္မေတာ္အႏိုင္ရေသာ္လည္း တဖက္သားကိုမထီမဲဲ့ျမင္မျပဳပဲ လူႀကီးလူေကာင္းဆန္ဆန္သာ ျပဳမူေၾကာင္း ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္ေျပာ

တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ လႊတ္ေတာ္အတြင္း မဲခြဲဆုံးျဖတ္ ျခင္းမ်ား လုပ္ေဆာင္ မႈအေပၚ အႏိုင္ရ၍ တဖက္သား ကို မထီမဲ့ ျပဳမႈမ်ား၊ ပ်က္ရယ္ျပဳမႈမ်ား၊နိမ့္က်သည့္ လုပ္ေဆာင္ခ်က္မ်ား လုပ္ောဆင္ျခင္း မရွိပဲ လူႀကီးလူေကာင္း ဆန္ဆန္ျဖင့္သာ ျပဳမႈ ေဆာင္႐ြက္ ေနျခင္းျဖစ္ေၾကာင္း တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္က ေျပာဆိုလိုက္သည္။

ဖြဲ႕စည္းပုံ ျပင္ဆင္ေရးႏွင့္ ပတ္သက္လို႔ လက္ရွိတြင္ လႊတ္ေတာ္တြင္ ကိုယ္စားလွယ္မ်ား၏ ဆႏၵမဲလက္မွတ္ျဖင့္ မဲခြဲဆုံးျဖတ္ရာ လႊတ္ေတာ္ ၏ အဆုံးအျဖတ္ကို ရယူလ်က္ရွိရာ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား မပါေတာင္မွ ၇၅ ရာခိုင္ႏႈန္းကို ရရွိျခင္းမရွိေၾကာင္း လည္း ေထာက္ျပေျပာဆိုခဲ့သည္။

၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ႏွင့္ပတ္သက္၍ လူၿပိန္းႀကိဳက္ ႏိုင္ငံေရးေအာက္လုံးထိုးတာေတြ ေတြ႕ေနရေၾကာင္း ဗိုလ္မႉးခ်ဳပ္ေမာင္ ေမာင္က ဆက္လက္ေျပာဆိုသည္။မတ္ ၁၇ရက္က က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ သတင္းမီဒီယာမ်ား ကို ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္ က ထိုသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ရင္ ၇၅ ရာခိုင္ႏႈန္းေက်ာ္မွ ျပင္လို႔ ရတယ္ဆိုတာ လႊတ္ေတာ္ကအစ ျပည္သူ တရပ္ လုံး သိပါတယ္။ ဒါကို တစ္ ခ်ိဳ႕ လြတ္ေတာ္ကိုယ္စားလွယ္ေတြက တစ္ခ်ိဳ႕ ပုဒ္မေတြကို ျပင္လို႔ ရမယ္လို႔ ထင္ေပမယ့္ ျပင္လို႔ မရတဲ့ အတြက္ မ်ားစြာအံ့ၾသေၾကာင္း၊ မူလ အတိုင္းထားရွိရန္ဆိုတဲ့ ယိမ္းတိုက္သလို ျဖစ္ေနေၾကာင္း စတဲ့ လူၿပိန္းႀကိဳက္ ေအာက္လုံးထိုးတာေတြ႕ေနရပါတယ္”ဟု ေျပာသည္။

ထို႔အတူ တပ္ေမတာ္ကိုယ္စားလွယ္မ်ား မ်ားတည္းခိုေနထိုင္ရာသို႔ အမ်ိဳးသားေရး အဖြဲ႕မွ လာေရာက္ေတြ႕ဆုံအားေပးျခင္း သာ ျဖစ္ၿပီး ထို သို႔ လာေရာက္ေတြ႕ဆုံျခင္းကို မုံ႐ြာၿမိဳ႕ ခမရ-၁၆ က ၂၀၁၉ ခုႏွစ္က ေရွ႕တန္းစစ္ဆင္ေရးျပန္ဝင္လာသည္ကို ႀကိဳဆိုသည့္ ပုံမ်ား ျဖင့္ ေအာင္ပြဲခံသည္ဟု ေျပာဆို ျခင္းသည္ ႏိုင္ငံေရးေအာက္လုံးထိုးေနျခင္းသာ ျဖစ္ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္ ကေျပာသည္။

REF: THE FIFTH WAVE NEWS

UNICODE

ဖွဲ့စည်းပုံပြင်ဆင်ရာတွင်၇၅ ရာခိုင်နှုန်းမကျော်၍ တပ်မတော်အနိုင်ရသော်လည်း တဖက်သားကိုမထီမဲ့မြင်မပြုပဲ လူကြီးလူကောင်းဆန်ဆန်သာ ပြုမူကြောင်း ဗိုလ်မှူးချုပ်မောင်မောင်ပြော

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ် ခြင်းများ လုပ်ဆောင် မှုအပေါ် အနိုင်ရ၍ တဖက်သား ကို မထီမဲ့ ပြုမှုများ၊ ပျက်ရယ်ပြုမှုများ၊နိမ့်ကျသည့် လုပ်ဆောင်ချက်များ လုပ်ောဆင်ခြင်း မရှိပဲ လူကြီးလူကောင်း ဆန်ဆန်ဖြင့်သာ ပြုမှု ဆောင်ရွက် နေခြင်းဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောဆိုလိုက်သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်လို့ လက်ရှိတွင် လွှတ်တော်တွင် ကိုယ်စားလှယ်များ၏ ဆန္ဒမဲလက်မှတ်ဖြင့် မဲခွဲဆုံးဖြတ်ရာ လွှတ်တော် ၏ အဆုံးအဖြတ်ကို ရယူလျက်ရှိရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ မပါတောင်မှ ၇၅ ရာခိုင်နှုန်းကို ရရှိခြင်းမရှိကြောင်း လည်း ထောက်ပြပြောဆိုခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး နှင့်ပတ်သက်၍ လူပြိန်းကြိုက် နိုင်ငံရေးအောက်လုံးထိုးတာတွေ တွေ့နေရကြောင်း ဗိုလ်မှူးချုပ်မောင် မောင်က ဆက်လက်ပြောဆိုသည်။မတ် ၁၇ရက်က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သတင်းမီဒီယာများ ကို ဗိုလ်မှူးချုပ်မောင်မောင် က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရင် ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ ရတယ်ဆိုတာ လွှတ်တော်ကအစ ပြည်သူ တရပ် လုံး သိပါတယ်။ ဒါကို တစ် ချို့ လွတ်တော်ကိုယ်စားလှယ်တွေက တစ်ချို့ ပုဒ်မတွေကို ပြင်လို့ ရမယ်လို့ ထင်ပေမယ့် ပြင်လို့ မရတဲ့ အတွက် များစွာအံ့သြကြောင်း၊ မူလ အတိုင်းထားရှိရန်ဆိုတဲ့ ယိမ်းတိုက်သလို ဖြစ်နေကြောင်း စတဲ့ လူပြိန်းကြိုက် အောက်လုံးထိုးတာတွေ့နေရပါတယ်”ဟု ပြောသည်။

ထို့အတူ တပ်မေတာ်ကိုယ်စားလှယ်များ များတည်းခိုနေထိုင်ရာသို့ အမျိုးသားရေး အဖွဲ့မှ လာရောက်တွေ့ဆုံအားပေးခြင်း သာ ဖြစ်ပြီး ထို သို့ လာရောက်တွေ့ဆုံခြင်းကို မုံရွာမြို့ ခမရ-၁၆ က ၂၀၁၉ ခုနှစ်က ရှေ့တန်းစစ်ဆင်ရေးပြန်ဝင်လာသည်ကို ကြိုဆိုသည့် ပုံများ ဖြင့် အောင်ပွဲခံသည်ဟု ပြောဆို ခြင်းသည် နိုင်ငံရေးအောက်လုံးထိုးနေခြင်းသာ ဖြစ်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင် ကပြောသည်။

REF:     THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *