ကို႐ိုနာဗိုင္းရပ္စ္ဟာ တ႐ုတ္ကလာၿပီးကူးစက္တာျဖစ္၍ ကမာၻ႔အႏွံ႔႐ုတ္ျခည္းပ်ံ႕ႏွံ႔ေနတဲ့‘တ႐ုတ္ဗိုင္းရပ္စ္’ဆိုၿပီး အတိအက်မွန္ကန္ေၾကာင္း သမၼတထရမ့္ ေျပာ

ၿပီးခဲ့သည့္ ဒီဇင္ဘာတြင္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ျပန႔္ႏွံ႔ခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ယေန႔အထိဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၁၈၀၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၆၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။ မတ္ ၁၂ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈမွာ တစ္ကမာၻလုံး အဆင့္ ကပ္ေရာဂါျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(W.H.O)က အဆင့္တိုးျမႇင့္သတ္မွတ္လိုက္သည္။

ၿပီးခဲ့တဲ့ႏွစ္ပတ္အတြင္း တ႐ုတ္ႏိုင္ငံျပင္ပတြင္ ဗိုင္းရပ္စ္ကူးစက္မႈ ၁၃ ဆျမင့္တက္ခဲ့ေၾကာင္း W.H.O အႀကီးအကဲ ေဒါက္တာတက္ဒ႐ို႕စ္ အက္ဟာႏြန္ ဂီဘရီးစီးယက္စ္ကေျပာသည္။ တစ္ကမာၻလုံး အဆင့္ကပ္ေရာဂါဆိုသည္မွာ တစ္ခ်ိန္တည္းတစ္ၿပိဳင္နက္ထဲ ကမာၻႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားတြင္ ျဖစ္ပြားေနသည့္ေရာဂါကိုသတ္မွတ္ျခင္းျဖစ္သည္။

အခု လအေစာပိုင္းက တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာခြင့္ရသူတစ္ဦးဟာ ကို႐ိုနာဗိုင္းရပ္စ္ကို တ႐ုတ္ႏိုင္ငံဆီ အေမရိကန္စစ္တပ္ က ယူေဆာင္လာတာျဖစ္တယ္လို႔ အျပစ္ေျပာဆိုထား ပါတယ္။တ႐ုတ္ႏိုင္ငံက ကန႔္ကြက္ေနတဲ့ ၾကားမွ အေမရိကန္သမၼတ ထရမ့္က ကမာၻအႏွံ႔ ႐ုတ္ျခည္းပ်ံ႕ႏွံ႔ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကို ‘တ႐ုတ္ဗိုင္းရပ္စ္’ဆိုၿပီး အဂၤါေန႔မွာ ထပ္ေလာင္းေျပာဆိုလိုက္ပါတယ္။

“ဒီ ဗိုင္းရပ္စ္က တ႐ုတ္ ႏိုင္ငံက လာတာပဲ။ ဒါေၾကာင့္ ဒီလို ေျပာတာဟာ အတိအက် မွန္တယ္လို႔ ကြၽန္ေတာ္ေတာ့ ေျပာလိုတယ္။”လို႔ သတင္း စာရွင္းလင္းပြဲတစ္ရပ္မွာ ထရမ့္က ေျပာပါတယ္။ COVID-19 ေရာဂါ ပ်ံ႕ႏွံ႔ျဖစ္ပြားမႈမွာ တ႐ုတ္ဗိုင္းရပ္စ္ဆိုၿပီး အေစာပိုင္းက တြစ္တာမွာ ေရးသားခဲ့တာနဲ႔ ပတ္သက္လို႔ ထရမ့္က ခုခံကာကြယ္ ေျပာဆိုခဲ့တာပါ။

ဒါအျပင္ ဒီ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈမွာ အေမရိကန္စစ္တပ္ကို အျပစ္တင္ၿပီး တ႐ုတ္ႏိုင္ငံက သတင္းမွာ ျဖန႔္ေနတယ္လို႔လည္း ထရမ့္က ေခ်ပ ေျပာဆိုပါတယ္။တ႐ုတ္ႏိုင္ငံက ကြၽန္ေတာ္တို႔ရဲ႕ စစ္တပ္ဟာ သူတို႔ဆီ ကို႐ိုနာဗိုင္းရပ္စ္ ယူေဆာင္လာတယ္ဆိုၿပီး ေျပာေနတာကို ကြၽန္ ေတာ္ေတာ့ လက္မခံဘူး။ ကြၽန္ေတာ္တို႔ စစ္တပ္က ဘယ္သူကိုမွ ဒီဗိုင္းရပ္စ္ကို ေပးတာမ်ိဳး မရွိဘူး။”လို႔ ထရမ့္က ေျပာခဲ့ပါတယ္။

REF: MIZZIMA

UNICODE

ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ကလာပြီးကူးစက်တာဖြစ်၍ ကမ္ဘာအနှံ့ရုတ်ခြည်းပျံ့နှံ့နေတဲ့‘တရုတ်ဗိုင်းရပ်စ်’ဆိုပြီး အတိအကျမှန်ကန်ကြောင်း သမ္မတထရမ့် ပြော

ပြီးခဲ့သည့် ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့အထိဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၈၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၆၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မတ် ၁၂ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမှာ တစ်ကမ္ဘာလုံး အဆင့် ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က အဆင့်တိုးမြှင့်သတ်မှတ်လိုက်သည်။

ပြီးခဲ့တဲ့နှစ်ပတ်အတွင်း တရုတ်နိုင်ငံပြင်ပတွင် ဗိုင်းရပ်စ်ကူးစက်မှု ၁၃ ဆမြင့်တက်ခဲ့ကြောင်း W.H.O အကြီးအကဲ ဒေါက်တာတက်ဒရို့စ် အက်ဟာနွန် ဂီဘရီးစီးယက်စ်ကပြောသည်။ တစ်ကမ္ဘာလုံး အဆင့်ကပ်ရောဂါဆိုသည်မှာ တစ်ချိန်တည်းတစ်ပြိုင်နက်ထဲ ကမ္ဘာနိုင်ငံ တော်တော်များများတွင် ဖြစ်ပွားနေသည့်ရောဂါကိုသတ်မှတ်ခြင်းဖြစ်သည်။

အခု လအစောပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရသူတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်နိုင်ငံဆီ အမေရိကန်စစ်တပ် က ယူဆောင်လာတာဖြစ်တယ်လို့ အပြစ်ပြောဆိုထား ပါတယ်။တရုတ်နိုင်ငံက ကန့်ကွက်နေတဲ့ ကြားမှ အမေရိကန်သမ္မတ ထရမ့်က ကမ္ဘာအနှံ့ ရုတ်ခြည်းပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ‘တရုတ်ဗိုင်းရပ်စ်’ဆိုပြီး အင်္ဂါနေ့မှာ ထပ်လောင်းပြောဆိုလိုက်ပါတယ်။

“ဒီ ဗိုင်းရပ်စ်က တရုတ် နိုင်ငံက လာတာပဲ။ ဒါကြောင့် ဒီလို ပြောတာဟာ အတိအကျ မှန်တယ်လို့ ကျွန်တော်တော့ ပြောလိုတယ်။”လို့ သတင်း စာရှင်းလင်းပွဲတစ်ရပ်မှာ ထရမ့်က ပြောပါတယ်။ COVID-19 ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုမှာ တရုတ်ဗိုင်းရပ်စ်ဆိုပြီး အစောပိုင်းက တွစ်တာမှာ ရေးသားခဲ့တာနဲ့ ပတ်သက်လို့ ထရမ့်က ခုခံကာကွယ် ပြောဆိုခဲ့တာပါ။

ဒါအပြင် ဒီ ဗိုင်းရပ်စ် ပျံ့နှံ့မှုမှာ အမေရိကန်စစ်တပ်ကို အပြစ်တင်ပြီး တရုတ်နိုင်ငံက သတင်းမှာ ဖြန့်နေတယ်လို့လည်း ထရမ့်က ချေပ ပြောဆိုပါတယ်။တရုတ်နိုင်ငံက ကျွန်တော်တို့ရဲ့ စစ်တပ်ဟာ သူတို့ဆီ ကိုရိုနာဗိုင်းရပ်စ် ယူဆောင်လာတယ်ဆိုပြီး ပြောနေတာကို ကျွန် တော်တော့ လက်မခံဘူး။ ကျွန်တော်တို့ စစ်တပ်က ဘယ်သူကိုမှ ဒီဗိုင်းရပ်စ်ကို ပေးတာမျိုး မရှိဘူး။”လို့ ထရမ့်က ပြောခဲ့ပါတယ်။

REF:     MIZZIMA

Add a Comment

Your email address will not be published. Required fields are marked *