အပူခ်ိန္ျပင္းထန္ေသာ မေလးရွားႏိုင္ငံတြင္ တစ္ရက္တည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ (၁၉၀) ရွိ၊ အမ်ားစုက ဗလီမွ ကူးစက္ျခင္း ျဖစ္

ၿပီးခဲ့သည့္ ဒီဇင္ဘာတြင္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ျပန႔္ႏွံ႔ခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ယေန႔အထိဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၁၈၀၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၆၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။ မတ္ ၁၂ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈမွာ တစ္ကမာၻလုံး အဆင့္ ကပ္ေရာဂါျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(W.H.O)က သတ္မွတ္လိုက္ေၾကာင္း သိရသည္။

မေလးရွားႏိုင္ငံ တြင္ မတ္ ၁၅ ရက္က ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ (၁၉၀) ဦး ရွိေၾကာင္း ေၾကညာရာ တစ္ရက္တည္း ဗိုင္းရပ္စ္ ကူးစက္မႈ အမ်ားဆုံး ျဖစ္ခဲ့သည္။ “ကနဦး စုံစမ္းစစ္ေဆးမႈေတြအရေတာ့ အခု ကူးစက္တဲ့သူ ေတာ္ေတာ္မ်ားမ်ားဟာ ဂ်ာမတ္ဆရီပီတဲလင္း ဗလီက ဘာသာေရးအခမ္းအနား လူထုစု႐ုံးပြဲကေန ကူးစက္တာ ျဖစ္တယ္ ဟု က်န္းမာေရးဝန္ႀကီး ဒါတက္ဆာရီဘာဘာက ေျပာသည္။

ၿပီးခဲ့သည့္ မတ္ ၁၄ ရက္က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ပြားေသာ Covid-19 ေရာဂါျဖစ္ပြားသူ ၇၇ ဦး ရွိၿပီး ယင္း ျဖစ္ပြားမႈသည္ ဆီလန္ ေဂါအရပ္ရွိ ဗလီတစ္ခုက ဘာသာေရးအခမ္းအနားႏွင့္ ဆက္စပ္မႈရွိသည္ဟု က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။အဆိုပါ ဘာ သာေရးအခမ္းအနား လူထုစု႐ုံးပြဲသို႔ ႏိုင္ငံအခ်ိဳ႕မွ လူ ၁၆၀၀၀ ခန႔္ တက္ေရာက္ခဲ့ျခင္း ျဖစ္သည္။

ယခု အသစ္ ကူးစက္သူမ်ားႏွင့္ဆိုလွ်င္ မေလးရွားႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူေပါင္းမွာ ၄၂၈ ဦးအထိ ရွိသြားၿပီျဖစ္သည္။ ထိုဦးေရ တြင္ ၄၂ ဦးက ေဆး႐ုံမွ ဆင္းသြားႏိုင္ၿပီျဖစ္ကာ လူနာကိုးဦးမွာ အေျခအေန စိုးရိမ္ရ၍ အထူးၾကပ္မတ္ ေစာင့္ၾကည့္ေနရသည္။

ယခု အသစ္ကူးစက္သူ ၁၉၀ ႏွင့္ ပတ္သက္ၿပီး အေသးစိတ္ကို က်န္းမာေရးဝန္ႀကီးဌာနက မထုတ္ျပန္ေသာ္လည္း ေဖေဖာ္ဝါရီ ၂၇ ရက္မွ မတ္ ၁ ရက္အထိ ျပဳလုပ္ေသာ ဘာသာေရးစု႐ုံးပြဲမွ အမ်ားဆုံး ကူးစက္ျခင္းျဖစ္သည္ဟု ဆိုသည္။ ထိုပြဲသို႔ တက္ေရာက္သည့္ မေလးရွား ႏိုင္ငံသား ၁၄၅၀၀၀ ရွိမည္ဟု အာဏာပိုင္မ်ားက ခန႔္မွန္းထားၿပီး တက္ေရာက္ခဲ့သူမ်ားအား ဆက္သြယ္လ်က္ ရွိသည္။

REF: Mizzima

UNICODE

အပူချိန်ပြင်းထန်သော မလေးရှားနိုင်ငံတွင် တစ်ရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ (၁၉၀) ရှိ၊ အများစုက ဗလီမှ ကူးစက်ခြင်း ဖြစ်

ပြီးခဲ့သည့် ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့အထိဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၈၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၆၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မတ် ၁၂ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမှာ တစ်ကမ္ဘာလုံး အဆင့် ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က သတ်မှတ်လိုက်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ တွင် မတ် ၁၅ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ (၁၉၀) ဦး ရှိကြောင်း ကြေညာရာ တစ်ရက်တည်း ဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်ခဲ့သည်။ “ကနဦး စုံစမ်းစစ်ဆေးမှုတွေအရတော့ အခု ကူးစက်တဲ့သူ တော်တော်များများဟာ ဂျာမတ်ဆရီပီတဲလင်း ဗလီက ဘာသာရေးအခမ်းအနား လူထုစုရုံးပွဲကနေ ကူးစက်တာ ဖြစ်တယ် ဟု ကျန်းမာရေးဝန်ကြီး ဒါတက်ဆာရီဘာဘာက ပြောသည်။

ပြီးခဲ့သည့် မတ် ၁၄ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော Covid-19 ရောဂါဖြစ်ပွားသူ ၇၇ ဦး ရှိပြီး ယင်း ဖြစ်ပွားမှုသည် ဆီလန် ဂေါအရပ်ရှိ ဗလီတစ်ခုက ဘာသာရေးအခမ်းအနားနှင့် ဆက်စပ်မှုရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။အဆိုပါ ဘာ သာရေးအခမ်းအနား လူထုစုရုံးပွဲသို့ နိုင်ငံအချို့မှ လူ ၁၆၀၀၀ ခန့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယခု အသစ် ကူးစက်သူများနှင့်ဆိုလျှင် မလေးရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်းမှာ ၄၂၈ ဦးအထိ ရှိသွားပြီဖြစ်သည်။ ထိုဦးရေ တွင် ၄၂ ဦးက ဆေးရုံမှ ဆင်းသွားနိုင်ပြီဖြစ်ကာ လူနာကိုးဦးမှာ အခြေအနေ စိုးရိမ်ရ၍ အထူးကြပ်မတ် စောင့်ကြည့်နေရသည်။

ယခု အသစ်ကူးစက်သူ ၁၉၀ နှင့် ပတ်သက်ပြီး အသေးစိတ်ကို ကျန်းမာရေးဝန်ကြီးဌာနက မထုတ်ပြန်သော်လည်း ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ပြုလုပ်သော ဘာသာရေးစုရုံးပွဲမှ အများဆုံး ကူးစက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုပွဲသို့ တက်ရောက်သည့် မလေးရှား နိုင်ငံသား ၁၄၅၀၀၀ ရှိမည်ဟု အာဏာပိုင်များက ခန့်မှန်းထားပြီး တက်ရောက်ခဲ့သူများအား  ဆက်သွယ်လျက် ရှိသည်။

REF:    Mizzima

Add a Comment

Your email address will not be published. Required fields are marked *