ကို႐ိုနာဗိုင္းရဗ္ ဟာ တ႐ုတ္ကလာလို႔ သမၼတထရမ့္က “တ႐ုတ္ဗိုင္းရဗ္စ္”လို႔ ေခၚေၾကာင္းTWITTER မွာေရးလို႔ တ႐ုတ္က ေဒါသတႀကီးကန႔္ကြက္

ၿပီးခဲ့သည့္ ဒီဇင္ဘာတြင္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ျပန႔္ႏွံ႔ခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္COVID-19 ေၾကာင့္ ယေန႔အထိဗိုင္းရပ္စ္ကူးစက္ခံ ထားရသူ ၁၈၀၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၆၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။ မတ္ ၁၂ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈမွာ တစ္က မာၻလုံး အဆင့္ ကပ္ေရာဂါျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(W.H.O)က သတ္မွတ္လိုက္ေၾကာင္း သိရသည္။

အေမရိကန္ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာေတာ့ မစၥတာပြန္ပီယိုက ကိုဗစ္-၁၉နဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံက အေမ ရိကန္အေပၚ အျပစ္ပုံခ်ဖို႔ ႀကိဳးစားေနတာေတြကို အေမရိကန္ျပည္ေထာင္စုက အျပင္းအထန္ကန႔္ကြက္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ ဆိုပါ တယ္။ “ႏိုင္ငံျခားေရးဝန္ႀကီးက အခုအခ်ိန္ဟာ သတင္းအမွားေတြ၊ ေကာလဟဠေတြ ျဖန႔္ရမယ့္အခ်ိန္မဟုတ္ဘဲ ဘုံရန္သူကို ႏိုင္ငံအားလုံး က တစည္းတလုံးတည္း တိုက္ဖ်က္ရမယ့္အခ်ိန္ျဖစ္တယ္”လို႔ ေျပာၾကားခဲ့ေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံပိုင္ တ႐ုတ္႐ုပ္သံကေတာ့ တ႐ုတ္ရဲ႕ ကို႐ိုနာဗိုင္းရပ္ တိုက္ဖ်က္ေရး အားထုတ္မႈေတြကို စြန္းထင္းပ်က္စီးေအာင္ ႀကိဳးစားသမွ်ဟာ အ ရာထင္မွာမဟုတ္ဘူးလို႔ မစၥတာယန္က မစၥတာပြန္ပီယိုကို ေျပာၾကားခဲ့တယ္လို႔ ေဖာ္ျပခဲ့ေၾကာင္း ႐ိုက္တာသတင္းက ဆိုပါတယ္။ တ႐ုတ္ ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရဗ္စ္ေၾကာင့္ ေသဆုံး သူနဲ႔ကူ းစက္ခံ ရသူအေရအတြက္က် ဆင္းလာေပမယ့္ ကမာၻတဝွမ္းမွာေတာ့ အေျခအေနေတြ က ပိုၿပီးဆိုး႐ြားလာေနပါတယ္။

အေမရိကန္ႏိုင္ငံမွာလဲ ခရီးသြားတာေတြ၊ အရက္ဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြနဲ႔ စားပြဲ႐ုံေတြဆီကို သြား လာမႈ ေရွာင္ရွားဖို႔ကိုလည္း ၫႊန္ ၾကားခ်က္ထုတ္ၿပီး တိုက္တြန္းပါတယ္။အခုလိုကို႐ိုနာဗိုင္းရဗ္စ္ ကူးစက္ပ်ံ႕ႏွံ႔ေနတာေတြနဲ႔ ပတ္သက္လို႔ အေမရိကန္သမၼတ Donald Trump ကသူ႔ရဲ႕ Twitter လူမႈကြန္ရက္မွာ တ႐ုတ္ဗိုင္းရပ္စ္ ဆိုၿပီးသုံးႏႈန္း ေျပာဆိုေရးသားခဲ့လိုက္တဲ့အတြက္ တ႐ုတ္ႏိုင္ငံက အႀကီးအ က်ယ္ကန႔္ကြက္လိုက္တာပါ။

အေမရိကန္ရဲ႕ လုပ္ရပ္ေတြဟာ တ႐ုတ္ႏိုင္ငံကို သိကၡာခ်တဲ့ လုပ္ရပ္အျဖစ္နဲ႔လည္း ေတ႐ုတ္ႏိုင္ငံျခားေရး ဌာန ေျပာခြင့္ရ Geng Shuang ကေျပာလိုက္ပါတယ္။ကို႐ိုနာဗိုင္းရပ္စ္ ပိုးနဲ႔ပတ္သတ္ၿပီး အေမရိကန္ ႏိုင္ငံေရးသမား တခ်ိဳ႕ရဲ႕ ေျပာဆိုခ်က္ေတြဟာ က်ေနာ္တို႔တ႐ုတ္ႏိုင္ ငံကို သက္သက္သိကၡာခ်ေနတာ ျဖစ္ပါတယ္။ ဒါကိုလည္း တ႐ုတ္ႏိုင္ငံဘက္က အျပင္းအထန္ ကန႔္ကြက္ရႈတ္ခ်ပါတယ္ ” လို႔ထုတ္ျပန္ေၾက ညာသြားခဲ့တာပါ ။

အေမရိကန္ဘက္ကလဲ တ႐ုတ္ႏိုင္ငံအေနနဲ႔ဝါဒျဖန႔္ သတင္းမီဒီယာေတြကေန တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကို အေမရိကန္စစ္တပ္က စျဖန႔္ခဲ့တယ္လို႔ ေျပာၿပီး သတင္းအမွားေတြ ျဖန႔္ေနတာကို ရပ္တန္းက ရပ္ဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ ပြန္ပီယိုက တ႐ုတ္ကြန္ ျမဴနစ္ပါတီကို တိုက္တြန္းလိုက္ပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ပြန္ပီယိုက တနလၤာေန႔က တ႐ုတ္ကြန္ျမဴနစ္ပါတီ ႏိုင္ငံျခားေရး ရာ႐ုံးရဲ႕ ၫႊန္ၾကားေရးမႉး ယန္က်ဲခ်ီကို ဖုန္းေခၚရာမွာ အခုလို ေျပာၾကားလိုက္တာပဲ ျဖစ္ပါတယ္။

Ref ; BBC News

UNICODE

ကိုရိုနာဗိုင်းရဗ် ဟာ တရုတ်ကလာလို့ သမ္မတထရမ့်က “တရုတ်ဗိုင်းရဗ်စ်”လို့ ခေါ်ကြောင်းTWITTER မှာရေးလို့ တရုတ်က ဒေါသတကြီးကန့်ကွက်

ပြီးခဲ့သည့် ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်COVID-19 ကြောင့် ယနေ့အထိဗိုင်းရပ်စ်ကူးစက်ခံ ထားရသူ ၁၈၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၆၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မတ် ၁၂ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမှာ တစ်က မ္ဘာလုံး အဆင့် ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က သတ်မှတ်လိုက်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ မစ္စတာပွန်ပီယိုက ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက အမေ ရိကန်အပေါ် အပြစ်ပုံချဖို့ ကြိုးစားနေတာတွေကို အမေရိကန်ပြည်ထောင်စုက အပြင်းအထန်ကန့်ကွက်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါ တယ်။ “နိုင်ငံခြားရေးဝန်ကြီးက အခုအချိန်ဟာ သတင်းအမှားတွေ၊ ကောလဟဠတွေ ဖြန့်ရမယ့်အချိန်မဟုတ်ဘဲ ဘုံရန်သူကို နိုင်ငံအားလုံး က တစည်းတလုံးတည်း တိုက်ဖျက်ရမယ့်အချိန်ဖြစ်တယ်”လို့ ပြောကြားခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံပိုင် တရုတ်ရုပ်သံကတော့ တရုတ်ရဲ့ ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေး အားထုတ်မှုတွေကို စွန်းထင်းပျက်စီးအောင် ကြိုးစားသမျှဟာ အ ရာထင်မှာမဟုတ်ဘူးလို့ မစ္စတာယန်က မစ္စတာပွန်ပီယိုကို ပြောကြားခဲ့တယ်လို့ ဖော်ပြခဲ့ကြောင်း ရိုက်တာသတင်းက ဆိုပါတယ်။ တရုတ် နိုင်ငံမှာ ကိုရိုနာဗိုင်းရဗ်စ်ကြောင့် သေဆုံး သူနဲ့ကူ းစက်ခံ ရသူအရေအတွက်ကျ ဆင်းလာပေမယ့် ကမ္ဘာတဝှမ်းမှာတော့ အခြေအနေတွေ က ပိုပြီးဆိုးရွားလာနေပါတယ်။

အမေရိကန်နိုင်ငံမှာလဲ ခရီးသွားတာတွေ၊ အရက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ စားပွဲရုံတွေဆီကို သွား လာမှု ရှောင်ရှားဖို့ကိုလည်း ညွှန် ကြားချက်ထုတ်ပြီး တိုက်တွန်းပါတယ်။အခုလိုကိုရိုနာဗိုင်းရဗ်စ် ကူးစက်ပျံ့နှံ့နေတာတွေနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ Donald Trump ကသူ့ရဲ့ Twitter လူမှုကွန်ရက်မှာ တရုတ်ဗိုင်းရပ်စ် ဆိုပြီးသုံးနှုန်း ပြောဆိုရေးသားခဲ့လိုက်တဲ့အတွက် တရုတ်နိုင်ငံက အကြီးအ ကျယ်ကန့်ကွက်လိုက်တာပါ။

အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ တရုတ်နိုင်ငံကို သိက္ခာချတဲ့ လုပ်ရပ်အဖြစ်နဲ့လည်း တေရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Geng Shuang ကပြောလိုက်ပါတယ်။ကိုရိုနာဗိုင်းရပ်စ် ပိုးနဲ့ပတ်သတ်ပြီး အမေရိကန် နိုင်ငံရေးသမား တချို့ရဲ့ ပြောဆိုချက်တွေဟာ ကျနော်တို့တရုတ်နိုင် ငံကို သက်သက်သိက္ခာချနေတာ ဖြစ်ပါတယ်။ ဒါကိုလည်း တရုတ်နိုင်ငံဘက်က အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ် ” လို့ထုတ်ပြန်ကြေ ညာသွားခဲ့တာပါ ။

အမေရိကန်ဘက်ကလဲ တရုတ်နိုင်ငံအနေနဲ့ဝါဒဖြန့် သတင်းမီဒီယာတွေကနေ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို အမေရိကန်စစ်တပ်က စဖြန့်ခဲ့တယ်လို့ ပြောပြီး သတင်းအမှားတွေ ဖြန့်နေတာကို ရပ်တန်းက ရပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက တရုတ်ကွန် မြူနစ်ပါတီကို တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက တနင်္လာနေ့က တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေး ရာရုံးရဲ့ ညွှန်ကြားရေးမှူး ယန်ကျဲချီကို ဖုန်းခေါ်ရာမှာ အခုလို ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

Ref ; BBC News

Add a Comment

Your email address will not be published. Required fields are marked *