ဥေရာပဗဟိုခ်က္ အီတလီႏိုင္ငံ တြင္ ကူးစက္မႈႏူန္းျမန္ဆန္သည့္ COVID-19ေၾကာင့္ တစ္ ရက္တည္း (၄၇၅) ဦးေ သဆုံးၿပီး စံခ်ိန္ သစ္ ထပ္တင္

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ျပန႔္ႏွံ႔ခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္COVID-19 သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာတြင္ စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ယေန႔ အထိဗိုင္းရပ္စ္ကူးစက္ခံ ထားရသူ ၁၈၀၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၆၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။ မတ္ ၁၂ ကကို႐ိုနာဗိုင္း ရပ္စ္ျပန႔္ပြားမႈမွာ တစ္က မာၻလုံး အဆင့္ ကပ္ေရာဂါျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(W.H.O)က သတ္မွတ္လိုက္သည္။

အီတလီက်န္းမာေရး အာဏာပိုင္မ်ားအေနျဖင့္ ႏိုင္ငံ၏ ေသဆုံးမႈႏႈန္း ျမင့္မားရသည္ကို နားလည္ရန္ေဆးဘက္ ဆိုင္ရာမွတ္တမ္းအခ်က္ အလက္မ်ား ရွာေဖြလွ်က္ရွိသည္။ ေသဆုံးသူမ်ား၏ပ်မ္းမွ်အသက္မွာ ၇၉.၅ ျဖစ္ၿပီး ေသဆုံးသူ ၉၉ ရာခိုင္ႏႈန္းသည္ ဆီးခ်ိဳႏွင့္ ေသြးတိုးေဝ ဒနာ ခံစားရသူမ်ားျဖစ္ေနသည္။မတ္ ၁၈ အထိ အီတလီအစိုးရ၏ တရားဝင္ထုတ္ျပန္ မႈ စာရင္းမ်ားအရ ဗိုင္းရပ္ရွိသူ ၃၅,၇၁၃ ဦး၊ ျပန္လည္ က်န္းမာလာသူ ၄,၀၂၈ ဦး၊ ေသဆုံးသူ ၂,၉၇၈ ဦးရွိ ေနသည္ဟု ဆိုသည္။

ဝန္ႀကီးခ်ဳပ္ ဂူဆက္ပီကြန္တီ၏ အီတလီအစိုးရက ျပည္သူမ်ားအား အိမ္ျပင္မထြက္ရန္ တိုက္တြန္းထားသည္။ ေဆးဝါးႏွင့္ မရွိမျဖစ္ စား ေသာက္ကုန္မ်ားကို ေရာင္းခ်သည့္ဆိုင္မ်ားမွအပ က်န္ဆိုင္မ်ားကို ပိတ္သိမ္းရန္လည္း ၫြန္ၾကားထားကာ ခရီးသြားလာမႈမ်ားကိုလည္း တင္းက်ပ္စြာ ပိတ္ပင္တားျမစ္ထားသည္။ ယခုျဖစ္ရပ္မွာ ဗိုင္းရပ္စ္ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ေရး ႀကိဳးစားေနသည့္ ေမွ်ာ္လင့္ခ်က္မ်ား အတြက္ ထိုးႏွက္ခ်က္လည္း ျဖစ္ခဲ့သည္။ လာမည့္ ဧၿပီလ တြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ပိတ္ဆို႔ျခင္းကို တိုးခ်ဲ႕ရန္ရွိသည္။

အီ တလီႏိုင္ငံတစ္ဝန္းတြင္ ပိတ္ဆို႔ထိန္းခ်ဳပ္မႈမ်ား ျပဳလုပ္လိုက္ၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း ေလ်ာ့က်သြားခဲ့ေသာ္လည္း မတ္ ၁၈ ဗုဒၶဟူးေန႔တြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႏိုင္ငံတစ္ဝန္း လူေပါင္း ၄၇၅ ဦးအထိ စံခ်ိန္တင္ေသဆုံးခဲ့ေၾကာင္း သိရသည္။ ထိုကဲ့သို႔ ေသဆုံးသည့္ အေရအတြက္မွာ ဗိုင္းရပ္စ္စတင္ျဖစ္ပြားခဲ့ရာ တ႐ုတ္ႏိုင္ငံအပါအဝင္ ကမာၻေပၚရွိ ႏိုင္ငံမ်ားအနက္ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ရက္တာ အတြင္းေသဆုံးခဲ့သည့္ စံခ်ိန္တင္အေရအတြက္လည္း ျဖစ္သည္။

အီတလီၿမိဳ႕ျပ ကာကြယ္ေရးေအဂ်င္စီ၏ ထုတ္ျပန္မႈအရ မတ္ ၁၈ တြင္ ေသဆုံးသူ ၄၇၅ ဦးရွိခဲ့ၿပီး ဗိုင္း ရပ္စ္ကူးစက္ခံရသူ လူနာသစ္ ၄၂၀၇ ဦး ေတြ႕ရွိခဲ့ကာ ႏိုင္ငံတစ္ဝန္းတြင္ ဗိုင္းရပ္စ္ရွိသူ ၃၅,၇၁၃ ဦးရွိလာၿပီဟုလည္း ဆိုသည္။ ၃၁,၅၀၆ ဦးမွ ၃၅,၇၁၃ ဦးသို႔တိုးျမင့္သြားျခင္းျဖစ္ ၿပီး ဗိုင္းရပ္စ္ကူးစက္ခံရသည့္ လူနာသစ္မွာ တစ္ေန႔လွ်င္ ၃,၅၀၀ ႏႈန္းရွိေနသည္ဟု ဆိုသည္။ ထိုကဲ့သို႔တစ္ရက္အတြင္းေသဆုံးသူ စံခ်ိန္ သစ္တင္ သြားခဲ့ျခင္းမွာ ဗိုင္းရပ္စ္ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ေရး ေမွ်ာ္လင့္ခ်က္မ်ားအတြက္ ထိုးႏွက္ ခ်က္လည္း ျဖစ္ခဲ့သည္။

အီတလီမွာ ၿပီးခဲ့သည့္ တ နဂၤေႏြ၊ မတ္ ၁၅ က တစ္ေန႔တည္း ေသဆုံးသူ ၃၆၈ ဦးရွိခဲ့ရာမွ မတ္ ၁၈ တြင္ ၄၇၅ ဦးျဖင့္ စံခ်ိန္သစ္တင္ ခဲ့ျခင္း ျဖစ္သည္။ ေလာေလာဆယ္တြင္မူ အီတလီႏိုင္ငံ၏ ကူးစက္ခံရသူ ၈ ရာခိုင္ႏႈန္းေသဆုံးေနျခင္းမွာ မည္သည့္အတြက္ အျခားႏိုင္ငံမ်ား ထက္ ပိုမိုေသဆုံးရသည္ကို သိရွိရန္ ေလ့လာလွ်က္ရွိသည္။

Ref-DM,HA(OM)
Crd-HotNewsMyanmar

UNICODE

ဥရောပဗဟိုချက် အီတလီနိုင်ငံ တွင် ကူးစက်မှုနူန်းမြန်ဆန်သည့် COVID-19ကြောင့် တစ် ရက်တည်း (၄၇၅) ဦးေ သဆုံးပြီး စံချိန် သစ် ထပ်တင်

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်COVID-19 သည် ပြီးခဲ့သည့် ဒီဇင်ဘာတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ အထိဗိုင်းရပ်စ်ကူးစက်ခံ ထားရသူ ၁၈၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၆၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မတ် ၁၂ ကကိုရိုနာဗိုင်း ရပ်စ်ပြန့်ပွားမှုမှာ တစ်က မ္ဘာလုံး အဆင့် ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က သတ်မှတ်လိုက်သည်။

အီတလီကျန်းမာရေး အာဏာပိုင်များအနေဖြင့် နိုင်ငံ၏ သေဆုံးမှုနှုန်း မြင့်မားရသည်ကို နားလည်ရန်ဆေးဘက် ဆိုင်ရာမှတ်တမ်းအချက် အလက်များ ရှာဖွေလျှက်ရှိသည်။ သေဆုံးသူများ၏ပျမ်းမျှအသက်မှာ ၇၉.၅ ဖြစ်ပြီး သေဆုံးသူ ၉၉ ရာခိုင်နှုန်းသည် ဆီးချိုနှင့် သွေးတိုးဝေ ဒနာ ခံစားရသူများဖြစ်နေသည်။မတ် ၁၈ အထိ အီတလီအစိုးရ၏ တရားဝင်ထုတ်ပြန် မှု စာရင်းများအရ ဗိုင်းရပ်ရှိသူ ၃၅,၇၁၃ ဦး၊ ပြန်လည် ကျန်းမာလာသူ ၄,၀၂၈ ဦး၊ သေဆုံးသူ ၂,၉၇၈ ဦးရှိ နေသည်ဟု ဆိုသည်။

ဝန်ကြီးချုပ် ဂူဆက်ပီကွန်တီ၏ အီတလီအစိုးရက ပြည်သူများအား အိမ်ပြင်မထွက်ရန် တိုက်တွန်းထားသည်။ ဆေးဝါးနှင့် မရှိမဖြစ် စား သောက်ကုန်များကို ရောင်းချသည့်ဆိုင်များမှအပ ကျန်ဆိုင်များကို ပိတ်သိမ်းရန်လည်း ညွန်ကြားထားကာ ခရီးသွားလာမှုများကိုလည်း တင်းကျပ်စွာ ပိတ်ပင်တားမြစ်ထားသည်။ ယခုဖြစ်ရပ်မှာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည့် မျှော်လင့်ချက်များ အတွက် ထိုးနှက်ချက်လည်း ဖြစ်ခဲ့သည်။ လာမည့် ဧပြီလ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ဆို့ခြင်းကို တိုးချဲ့ရန်ရှိသည်။

အီ တလီနိုင်ငံတစ်ဝန်းတွင် ပိတ်ဆို့ထိန်းချုပ်မှုများ ပြုလုပ်လိုက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း လျော့ကျသွားခဲ့သော်လည်း မတ် ၁၈ ဗုဒ္ဓဟူးနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၄၇၅ ဦးအထိ စံချိန်တင်သေဆုံးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ သေဆုံးသည့် အရေအတွက်မှာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံများအနက်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်တာ အတွင်းသေဆုံးခဲ့သည့် စံချိန်တင်အရေအတွက်လည်း ဖြစ်သည်။

အီတလီမြို့ပြ ကာကွယ်ရေးအေဂျင်စီ၏ ထုတ်ပြန်မှုအရ မတ် ၁၈ တွင် သေဆုံးသူ ၄၇၅ ဦးရှိခဲ့ပြီး ဗိုင်း ရပ်စ်ကူးစက်ခံရသူ လူနာသစ် ၄၂၀၇ ဦး တွေ့ရှိခဲ့ကာ နိုင်ငံတစ်ဝန်းတွင် ဗိုင်းရပ်စ်ရှိသူ ၃၅,၇၁၃ ဦးရှိလာပြီဟုလည်း ဆိုသည်။ ၃၁,၅၀၆ ဦးမှ ၃၅,၇၁၃ ဦးသို့တိုးမြင့်သွားခြင်းဖြစ် ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသည့် လူနာသစ်မှာ တစ်နေ့လျှင် ၃,၅၀၀ နှုန်းရှိနေသည်ဟု ဆိုသည်။ ထိုကဲ့သို့တစ်ရက်အတွင်းသေဆုံးသူ စံချိန် သစ်တင် သွားခဲ့ခြင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး မျှော်လင့်ချက်များအတွက် ထိုးနှက် ချက်လည်း ဖြစ်ခဲ့သည်။

အီတလီမှာ ပြီးခဲ့သည့် တ နင်္ဂနွေ၊ မတ် ၁၅ က တစ်နေ့တည်း သေဆုံးသူ ၃၆၈ ဦးရှိခဲ့ရာမှ မတ် ၁၈ တွင် ၄၇၅ ဦးဖြင့် စံချိန်သစ်တင် ခဲ့ခြင်း ဖြစ်သည်။ လောလောဆယ်တွင်မူ အီတလီနိုင်ငံ၏ ကူးစက်ခံရသူ ၈ ရာခိုင်နှုန်းသေဆုံးနေခြင်းမှာ မည်သည့်အတွက် အခြားနိုင်ငံများ ထက် ပိုမိုသေဆုံးရသည်ကို သိရှိရန် လေ့လာလျှက်ရှိသည်။

Ref-DM,HA(OM)
Crd-HotNewsMyanmar

Add a Comment

Your email address will not be published. Required fields are marked *