ဗစ္တိုးရီးယားေလးရဲ႕ အမႈနဲ႔ပတ္သက္ၿပီး သူမ၏ဖခင္ျဖစ္သူက ႏိုင္ငံ့ ေခါင္းေဆာင္ေတြဆီ စာေရးသား ေပးပို႔

ဗစ္တိုးရီးယားအမႈႏွင့္ပတ္သက္၍ တာဝန္ေက်ပြန္စြာ မေဆာင္႐ြက္ႏိုင္ဘဲ လစ္ဟာမႈမ်ားရွိခဲ့သည့္ တာဝန္ရွိသူမ်ားအား လက္ရွိတြင္ အေရး ယူေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ေနဆဲျဖစ္ၿပီး အေရးယူေဆာင္႐ြက္ထားမႈမ်ားကို သမၼတ႐ုံးသို႔ ျပန္လည္တင္ျပလာျခင္းမရွိေသးဟု သိရသည္။ သက္ဆိုင္ရာဌာနကေန အေရးယူေနတယ္။

အေရးယူတဲ့အခါမွာ ဝန္ထမ္းစည္းမ်ဥ္းစည္းကမ္းနဲ႔အညီ အေရးယူထားတယ္။ အခုေလာေလာဆယ္ အေရးယူေနၿပီ။ အေရးယူၿပီးစီးမႈကို ေတာ့ ကြၽန္ေတာ္တို႔သမၼတ႐ုံးကို ေဆာင္႐ြက္ၿပီးစီးမႈ ျပန္တင္ျပမယ္။ေလာေလာဆယ္ေတာ့ အေရးယူဆဲပဲ။ ျပန္တင္ျပလာတာမရွိေသးဘူး” ဟု သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားသည္။

မတ္ ၁၃ ရက္က ေနျပည္ေတာ္ သမၼတအိမ္ေတာ္ရွိ သတင္းစာရွင္းလင္းခန္းမေဆာင္၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ဗစ္တိုးရီး ယားကိစၥႏွင့္ပတ္သက္၍ ေမးျမန္းရာ၌ ဦးေဇာ္ေဌးက အထက္ပါကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။အမႈႏွင့္ပတ္သက္၍ တာဝန္ေက် ပြန္စြာ မေဆာင္႐ြက္ႏိုင္ဘဲရွိခဲ့သည့္ တာဝန္ရွိသူမ်ားအား အေရးယူထားမႈမ်ားကို အမ်ားျပည္သူ သိရွိႏိုင္ရန္ ေျပာဆိုသြားမည္ဟု ဆိုသည္။

ဒီေန႔မွာဘဲ …သမီးေလး ဗစ္တိုးရီးယား ရဲ႕ ဖခင္ဟာ…ႏိုင္ငံေတာ္ သမၼတ၊ႏိုင္ငံေတာ္ ၏ အတိုင္ပင္ခံပုဂၢိဳလ္၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္၊ ျပည္ ထဲေရး ဝန္ႀကီး တို႔ကို လိပ္မူၿပီး စာတေစာင္ ပို႔ခဲ့ပါတယ္။ ပို႔တဲ့ စာအရ အခု လက္ရွိ ဗစ္တိုးရီးယားအမႈဟာ ဇမၺဴသီရိၿမိဳ႕နယ္၊ အမွတ္၁ ၿမိဳ႕မ ရဲ႕စခန္းမွာ သမီးေလးနစ္နာမႈအတြက္ (ပ)နံပါတ္ ၇၉/၂၀၁၉ နဲ႔ အမႈဖြင့္ထားၿပီးေတာ့ဒီအမႈကို ရဲစခန္းရဲ႕ စြဲဆိုခ်က္အရ ဇမၺဴသီရိ ခ႐ိုင္တရား ႐ုံးမွာ ရာဇဝတ္ႀကီးမႈ အမွတ္ ၇၆/၂၀၁၉ ေအာင္ႀကီးကို စြဲဆိုခဲ့တာ ျဖစ္ပါတယ္။

အခု ေအာင္ႀကီးအမႈ ၿပီးျပတ္သြားတယ္ဆိုတာဟာ တရား႐ုံးက အမႈ ၇၆/၂၀၁၉ ပဲ ၿပီးတာ ျဖစ္ၿပီး ရဲစခန္းက (ပ)နံပါတ္ ၇၉/၂၀၁၉ မွာ တရားခံ ေပၚတာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြြဲ႕အေနနဲ႔ တရား႐ုံးေပၚေပါက္ခ်က္ေတြကို အေျခခံၿပီးေတာ့ မေပၚေပါက္ ေသးတဲ့ တရားခံ (ေတြ) ကို ဆက္လက္ ရွာေဖြေပးဖို႔ တင္ျပတာ ျဖစ္ပါတယ္။တကယ္လို႔ အမႈ အသစ္ဖြင့္ရင္ ပထမ ဖြင့္ထားတဲ့အမႈနဲ႔ ႏွစ္ခု ျဖစ္သြားပါလ ိမ့္မယ္။ ဒီလို ႏွစ္ခု ျဖစ္စရာမလိုပါဘူး။

မၿပီးျပတ္ေသးတဲ့ တခုကိုပဲ တရားခံ အစစ္ရွာေပးဖို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွာ တာဝန္ ရွိပါတယ္။ တရားခံ ဘယ္သူပါ ဆိုၿပီး လက္ညိဳးထိုးျပ ရမယ့္ တာဝန္ဟာ ကေလးမိဘဆီမွာ မရွိပါဘူး။ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ရဲ႕ တာဝန္ပဲ ျဖစ္ပါတယ္။ရာဇဝတ္မႈမွာ ကေလးမိဘက နစ္နာသူပါ။ တရားလိုက အစိုးရပါ။ အစိုးရကို ကိုယ္စားျပဳတဲ့ တရားစြဲ အဖြဲ႕အစည္းဟာ တရားခံ ရွာဖို႔ တာဝန္ ရွိပါတယ္။

CREDIT – သကၠမိုးညိဳ

UNICODE

ဗစ်တိုးရီးယားလေးရဲ့ အမှုနဲ့ပတ်သက်ပြီး သူမ၏ဖခင်ဖြစ်သူက နိုင်ငံ့ ခေါင်းဆောင်တွေဆီ စာရေးသား ပေးပို့

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ တာဝန်ကျေပွန်စွာ မဆောင်ရွက်နိုင်ဘဲ လစ်ဟာမှုများရှိခဲ့သည့် တာဝန်ရှိသူများအား လက်ရှိတွင် အရေး ယူဆောင်ရွက်မှုများ လုပ်ဆောင်နေဆဲဖြစ်ပြီး အရေးယူဆောင်ရွက်ထားမှုများကို သမ္မတရုံးသို့ ပြန်လည်တင်ပြလာခြင်းမရှိသေးဟု သိရသည်။ သက်ဆိုင်ရာဌာနကနေ အရေးယူနေတယ်။

အရေးယူတဲ့အခါမှာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူထားတယ်။ အခုလောလောဆယ် အရေးယူနေပြီ။ အရေးယူပြီးစီးမှုကို တော့ ကျွန်တော်တို့သမ္မတရုံးကို ဆောင်ရွက်ပြီးစီးမှု ပြန်တင်ပြမယ်။လောလောဆယ်တော့ အရေးယူဆဲပဲ။ ပြန်တင်ပြလာတာမရှိသေးဘူး” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

မတ် ၁၃ ရက်က နေပြည်တော် သမ္မတအိမ်တော်ရှိ သတင်းစာရှင်းလင်းခန်းမဆောင်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗစ်တိုးရီး ယားကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ၌ ဦးဇော်ဌေးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။အမှုနှင့်ပတ်သက်၍ တာဝန်ကျေ ပွန်စွာ မဆောင်ရွက်နိုင်ဘဲရှိခဲ့သည့် တာဝန်ရှိသူများအား အရေးယူထားမှုများကို အများပြည်သူ သိရှိနိုင်ရန် ပြောဆိုသွားမည်ဟု ဆိုသည်။

ဒီနေ့မှာဘဲ …သမီးလေး ဗစ်တိုးရီးယား ရဲ့ ဖခင်ဟာ…နိုင်ငံတော် သမ္မတ၊နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည် ထဲရေး ဝန်ကြီး တို့ကို လိပ်မူပြီး စာတစောင် ပို့ခဲ့ပါတယ်။ ပို့တဲ့ စာအရ အခု လက်ရှိ ဗစ်တိုးရီးယားအမှုဟာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်၁ မြို့မ ရဲ့စခန်းမှာ သမီးလေးနစ်နာမှုအတွက် (ပ)နံပါတ် ၇၉/၂၀၁၉ နဲ့ အမှုဖွင့်ထားပြီးတော့ဒီအမှုကို ရဲစခန်းရဲ့ စွဲဆိုချက်အရ ဇမ္ဗူသီရိ ခရိုင်တရား ရုံးမှာ ရာဇဝတ်ကြီးမှု အမှတ် ၇၆/၂၀၁၉ အောင်ကြီးကို စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အခု အောင်ကြီးအမှု ပြီးပြတ်သွားတယ်ဆိုတာဟာ တရားရုံးက အမှု ၇၆/၂၀၁၉ ပဲ ပြီးတာ ဖြစ်ပြီး ရဲစခန်းက (ပ)နံပါတ် ၇၉/၂၀၁၉ မှာ တရားခံ ပေါ်တာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွွဲ့အနေနဲ့ တရားရုံးပေါ်ပေါက်ချက်တွေကို အခြေခံပြီးတော့ မပေါ်ပေါက် သေးတဲ့ တရားခံ (တွေ) ကို ဆက်လက် ရှာဖွေပေးဖို့ တင်ပြတာ ဖြစ်ပါတယ်။တကယ်လို့ အမှု အသစ်ဖွင့်ရင် ပထမ ဖွင့်ထားတဲ့အမှုနဲ့ နှစ်ခု ဖြစ်သွားပါလ ိမ့်မယ်။ ဒီလို နှစ်ခု ဖြစ်စရာမလိုပါဘူး။

မပြီးပြတ်သေးတဲ့ တခုကိုပဲ တရားခံ အစစ်ရှာပေးဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ တာဝန် ရှိပါတယ်။ တရားခံ ဘယ်သူပါ ဆိုပြီး လက်ညိုးထိုးပြ ရမယ့် တာဝန်ဟာ ကလေးမိဘဆီမှာ မရှိပါဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ရာဇဝတ်မှုမှာ ကလေးမိဘက နစ်နာသူပါ။ တရားလိုက အစိုးရပါ။ အစိုးရကို ကိုယ်စားပြုတဲ့ တရားစွဲ အဖွဲ့အစည်းဟာ တရားခံ ရှာဖို့ တာဝန် ရှိပါတယ်။

CREDIT – သက္ကမိုးညို

Add a Comment

Your email address will not be published. Required fields are marked *