ျမန္မာႏိုင္ငံ စက္႐ုံေတြမွာခ်ဳပ္တဲ့ ကို႐ိုနာေရာဂါ ကာကြယ္ေရးဝတ္စုံေတြ လာေရာက္သယ္ေဆာင္မယ့္ ကိုရီးယား စစ္ေလယာဥ္ေတြ ယေန႔ ေရာက္ရွိ

ဂ်ပန္အစိုးရသည္ COVID -19 ေရာဂါ တိုက္ဖ်က္ေရး စီမံ ကိန္းႀကီး၏ အစိတ္အပိုင္းတစ္ရပ္ အျဖစ္ ျပည္ပမွႏွာေခါင္းစည္း အ ေရအတြက္ သန္းႏွစ္ဆယ္မွ်ကို မွာယူထားသည္။ ျမန္မာႏိုင္ငံမွ တင္ပို႔ေသာ ပထမအသုတ္ႏွာ ေခါင္းစည္း အေရအတြက္ ကိုး ေသာင္းသည္ မတ္လက နာရီတာ ေလဆိပ္သို႔ ေရာက္ရွိလာခဲ့သည္။အဆိုပါ ႏွာေခါင္းစည္းမ်ား ကို ျမန္မာႏိုင္ငံအေျခစိုက္ ဂ်ပန္ ကုန္ထုတ္လုပ္ငန္း တစ္ခုက ခ်ဳပ္ လုပ္ျခင္းျဖစ္သည္။ ႏွာေခါင္း စည္းမ်ား ထည့္ထားသည့္ေသတၱာ မ်ားကို ေလဆိပ္၏ကုန္ေလွာင္႐ုံ တြင္စုပုံထားၿပီး ထိုမွတစ္ဆင့္ ေဆး႐ုံ မ်ားသို႔ ျဖန႔္ေဝပို႔ေဆာင္ သြားမည္ျဖစ္သည္။

ယင္းႏွာ ေခါင္းစည္းမ်ားကို ျပန္လည္သန႔္ စင္ေလွ်ာ္ဖြပ္ၿပီး တစ္ႀကိမ္ထက္ မကအသုံးျပဳႏိုင္သည္။ဗိုင္းရပ္စ္ကူးစက္မႈမ်ား ေၾကာင့္ ဂ်ပန္ တြင္ႏွာေခါင္းစည္း မ်ား အလုအယက္ဝယ္ယူၿပီး ပစၥည္းျပတ္လပ္မႈမ်ားႏွင့္ ေတြ႕ ႀကဳံခဲ့ရသည္။ မတ္လ ၁၈ရက္ ထိ စာရင္းမ်ားအရ ဂ်ပန္ တြင္ ကူးစက္ခံရသူ ၉၀၀ နီးပါးရွိခဲ့ၿပီး ၂၉ ဦးေသဆုံးခဲ့ေၾကာင္း သိရ သည္။ျမန္မာႏိုင္ငံတြင္ ခ်ဳပ္လုပ္ ထားသည့္ ေရာဂါကာကြယ္ေရး စံ သတ္မွတ္ဝတ္စုံ အထည္ ၈ ေသာင္းခန႔္ကိုသယ္ယူရန္ ေတာင္ ကိုရီးယား စစ္တပ္ကေလယာဥ္ ႏွစ္စီးေစလႊတ္ခဲ့ေၾကာင္း Yonhap News Agency က သတင္းေဖာ္ျပ သည္။

ေလတပ္၏ C-130J အမ်ိဳး အစား သယ္ယူပို႔ေဆာင္ေရး ေလ ယာဥ္ႏွစ္စီးကို ျမန္မာႏိုင္ငံသို႔ေစ လႊတ္ထားေၾကာင္း ေတာင္ကိုရီး ယား ႏိုင္ငံ ျခားေရးဝန္ႀကီးဌာနက မတ္လ ၁၈ ရက္တြင္ အတည္ျပဳ ေျပာၾကားခဲ့သည္။ ျမန္မာႏိုင္ငံ တြင္ အေျခစိုက္သည့္ ေတာင္ကို ရီးယားကုမၸဏီ တစ္ခုက တာဝန္ ယူခ်ဳပ္လုပ္ထားသည့္ ေရာဂါကာ ကြယ္ေရးဝတ္စုံမ်ားႏွင့္ ဆက္စပ္ ပစၥည္းမ်ားကို အဆိုပါေလယာဥ္ ႀကီးမ်ားျဖင့္ သယ္ ယူမည္ျဖစ္ သည္။ ေတာင္ကိုရီးယား အစိုးရ သည္ COVID-19 ကူးစက္ျမန္ အဆုတ္ေရာင္ေရာဂါ တားဆီး တိုက္ဖ်က္ေရးအတြက္ အသုံး ျပဳ မည့္ ေရာဂါကာကြယ္ေရး ဝတ္စုံ ႏွင့္ ဆက္စပ္ပစၥည္း စုစုေပါင္း သုံးသိန္းခြဲခန႔္ကို ယင္းကုမၸဏီထံ မွ မွာယူထားေၾကာင္း သိရ သည္။

ကုမၸဏီထံမွ မွာယူထား သည့္ ပစၥည္းအမ်ားစုကို ေတာင္ ကိုရီးယားသို႔ တင္ပို႔ထားႏွင့္ၿပီးျဖစ္ သည္။ ယခု ေလယာဥ္ ႏွစ္စီးကမူ အဝယ္စာ ရင္း၏ ေနာက္ဆုံးလက္ က်န္ပစၥည္းမ်ားကို အၿပီးသတ္ သယ္ယူသြားမည္ျဖစ္သည္။ ျပည္ တြင္းတြင္ အေရးတႀကီးလိုအပ္ ေနသည့္အေျခ အေနေၾကာင့္ ကာ ကြယ္ေရးဝတ္စုံႏွင့္ အသုံးအ ေဆာင္မ်ားကို စစ္တပ္ေလယာဥ္ မ်ားအသုံးျပဳၿပီး အျမန္ဆုံးသယ္ ယူႏိုင္ရန္ ေတာင္ကိုရီး ယားအစိုးရ က ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။ ေတာင္ကိုရီးယားတြင္ မၾကာေသးမီ သီတင္းပတ္မ်ားအတြင္း ဗိုင္းရပ္စ္ကူးစက္မႈမ်ား ဆိုးဆိုး႐ြား ႐ြား ျဖစ္ပြားခဲ့ေသာ္လည္း လက္ရွိအခ်ိန္၌ အေျခအေနတည္ၿငိမ္စျပဳလာၿပီ ျဖစ္သည္။

မတ္လ ၁၈ရက္ထိ စာရင္းမ်ားအရေတာင္ ကိုရီးယား၌ လူေပါင္း ၈,၄၀၀ ေက်ာ္ ကူးစက္ခံခဲ့ရၿပီး ေသဆုံးသူ ၈၀ ေက်ာ္ရွိခဲ့သည္။ဗိုင္းရပ္စ္ ကူးစက္မႈဟန႔္တား ရန္ အစီအစဥ္ႏွင့္ ဆက္စပ္သည့္ ေဆးဝါးလုပ္ငန္းသုံး ပစၥည္းမ်ား ကို ျမန္မာႏိုင္ငံ၌ ထုတ္လုပ္ေစၿပီး ျပည္တြင္းသို႔ ျပန္ လည္သယ္ယူ ျခင္းမွာ ေတာင္ကိုရီးယားတစ္ ႏိုင္ငံတည္းမဟုတ္ေခ်။ ဂ်ပန္ အစိုးရကလည္း ျပန္လည္သန႔္စင္ အသုံးျပဳႏိုင္သည့္ ႏွာေခါင္း စည္း မ်က္ႏွာဖုံးမ်ားကို ျမန္မာႏိုင္ငံရွိ ဂ်ပန္စက္႐ုံမွထုတ္လုပ္ေသာ ႏွာ ေခါင္းစည္းမ်ား ဝယ္ယူတင္သြင္း ေနေၾကာင္း NHK သတင္းဌာန က ေဖာ္ျပသည္။ ကနဦးအဆင့္အေန ျဖင့္ သက္ႀကီးေစာင့္ေရွာက္ေရး ေဂဟာမ်ားမွ သူနာျပဳမ်ားအတြက္ ထိုႏွာေခါင္းစည္းမ်ားကို အဓိက အသုံးျပဳသြားမည္ ျဖစ္သည္။

REF: L.K.T

UNICODE

မြန်မာနိုင်ငံ စက်ရုံတွေမှာချုပ်တဲ့ ကိုရိုနာရောဂါ ကာကွယ်ရေးဝတ်စုံတွေ လာရောက်သယ်ဆောင်မယ့် ကိုရီးယား စစ်လေယာဉ်တွေ ယနေ့ ရောက်ရှိ

ဂျပန်အစိုးရသည် COVID -19 ရောဂါ တိုက်ဖျက်ရေး စီမံ ကိန်းကြီး၏ အစိတ်အပိုင်းတစ်ရပ် အဖြစ် ပြည်ပမှနှာခေါင်းစည်း အ ရေအတွက် သန်းနှစ်ဆယ်မျှကို မှာယူထားသည်။ မြန်မာနိုင်ငံမှ တင်ပို့သော ပထမအသုတ်နှာ ခေါင်းစည်း အရေအတွက် ကိုး သောင်းသည် မတ်လက နာရီတာ လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။အဆိုပါ နှာခေါင်းစည်းများ ကို မြန်မာနိုင်ငံအခြေစိုက် ဂျပန် ကုန်ထုတ်လုပ်ငန်း တစ်ခုက ချုပ် လုပ်ခြင်းဖြစ်သည်။ နှာခေါင်း စည်းများ ထည့်ထားသည့်သေတ္တာ များကို လေဆိပ်၏ကုန်လှောင်ရုံ တွင်စုပုံထားပြီး ထိုမှတစ်ဆင့် ဆေးရုံ များသို့ ဖြန့်ဝေပို့ဆောင် သွားမည်ဖြစ်သည်။

ယင်းနှာ ခေါင်းစည်းများကို ပြန်လည်သန့် စင်လျှော်ဖွပ်ပြီး တစ်ကြိမ်ထက် မကအသုံးပြုနိုင်သည်။ဗိုင်းရပ်စ်ကူးစက်မှုများ ကြောင့် ဂျပန် တွင်နှာခေါင်းစည်း များ အလုအယက်ဝယ်ယူပြီး ပစ္စည်းပြတ်လပ်မှုများနှင့် တွေ့ ကြုံခဲ့ရသည်။ မတ်လ ၁၈ရက် ထိ စာရင်းများအရ ဂျပန် တွင် ကူးစက်ခံရသူ ၉၀၀ နီးပါးရှိခဲ့ပြီး ၂၉ ဦးသေဆုံးခဲ့ကြောင်း သိရ သည်။မြန်မာနိုင်ငံတွင် ချုပ်လုပ် ထားသည့် ရောဂါကာကွယ်ရေး စံ သတ်မှတ်ဝတ်စုံ အထည် ၈ သောင်းခန့်ကိုသယ်ယူရန် တောင် ကိုရီးယား စစ်တပ်ကလေယာဉ် နှစ်စီးစေလွှတ်ခဲ့ကြောင်း Yonhap News Agency က သတင်းဖော်ပြ သည်။

လေတပ်၏ C-130J အမျိုး အစား သယ်ယူပို့ဆောင်ရေး လေ ယာဉ်နှစ်စီးကို မြန်မာနိုင်ငံသို့စေ လွှတ်ထားကြောင်း တောင်ကိုရီး ယား နိုင်ငံ ခြားရေးဝန်ကြီးဌာနက မတ်လ ၁၈ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ တွင် အခြေစိုက်သည့် တောင်ကို ရီးယားကုမ္ပဏီ တစ်ခုက တာဝန် ယူချုပ်လုပ်ထားသည့် ရောဂါကာ ကွယ်ရေးဝတ်စုံများနှင့် ဆက်စပ် ပစ္စည်းများကို အဆိုပါလေယာဉ် ကြီးများဖြင့် သယ် ယူမည်ဖြစ် သည်။ တောင်ကိုရီးယား အစိုးရ သည် COVID-19 ကူးစက်မြန် အဆုတ်ရောင်ရောဂါ တားဆီး တိုက်ဖျက်ရေးအတွက် အသုံး ပြု မည့် ရောဂါကာကွယ်ရေး ဝတ်စုံ နှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း သုံးသိန်းခွဲခန့်ကို ယင်းကုမ္ပဏီထံ မှ မှာယူထားကြောင်း သိရ သည်။

ကုမ္ပဏီထံမှ မှာယူထား သည့် ပစ္စည်းအများစုကို တောင် ကိုရီးယားသို့ တင်ပို့ထားနှင့်ပြီးဖြစ် သည်။ ယခု လေယာဉ် နှစ်စီးကမူ အဝယ်စာ ရင်း၏ နောက်ဆုံးလက် ကျန်ပစ္စည်းများကို အပြီးသတ် သယ်ယူသွားမည်ဖြစ်သည်။ ပြည် တွင်းတွင် အရေးတကြီးလိုအပ် နေသည့်အခြေ အနေကြောင့် ကာ ကွယ်ရေးဝတ်စုံနှင့် အသုံးအ ဆောင်များကို စစ်တပ်လေယာဉ် များအသုံးပြုပြီး အမြန်ဆုံးသယ် ယူနိုင်ရန် တောင်ကိုရီး ယားအစိုးရ က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားတွင် မကြာသေးမီ သီတင်းပတ်များအတွင်း ဗိုင်းရပ်စ်ကူးစက်မှုများ ဆိုးဆိုးရွား ရွား ဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်၌ အခြေအနေတည်ငြိမ်စပြုလာပြီ ဖြစ်သည်။

မတ်လ ၁၈ရက်ထိ စာရင်းများအရတောင် ကိုရီးယား၌ လူပေါင်း ၈,၄၀၀ ကျော် ကူးစက်ခံခဲ့ရပြီး သေဆုံးသူ ၈၀ ကျော်ရှိခဲ့သည်။ဗိုင်းရပ်စ် ကူးစက်မှုဟန့်တား ရန် အစီအစဉ်နှင့် ဆက်စပ်သည့် ဆေးဝါးလုပ်ငန်းသုံး ပစ္စည်းများ ကို မြန်မာနိုင်ငံ၌ ထုတ်လုပ်စေပြီး ပြည်တွင်းသို့ ပြန် လည်သယ်ယူ ခြင်းမှာ တောင်ကိုရီးယားတစ် နိုင်ငံတည်းမဟုတ်ချေ။ ဂျပန် အစိုးရကလည်း ပြန်လည်သန့်စင် အသုံးပြုနိုင်သည့် နှာခေါင်း စည်း မျက်နှာဖုံးများကို မြန်မာနိုင်ငံရှိ ဂျပန်စက်ရုံမှထုတ်လုပ်သော နှာ ခေါင်းစည်းများ ဝယ်ယူတင်သွင်း နေကြောင်း NHK သတင်းဌာန က ဖော်ပြသည်။ ကနဦးအဆင့်အနေ ဖြင့် သက်ကြီးစောင့်ရှောက်ရေး ဂေဟာများမှ သူနာပြုများအတွက် ထိုနှာခေါင်းစည်းများကို အဓိက အသုံးပြုသွားမည် ဖြစ်သည်။

REF:    L.K.T

Add a Comment

Your email address will not be published. Required fields are marked *