ကို ႐ိုနာဗိုင္းရပ္စ္ စ တင္ျပန႔္ပြားရာ တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕ မွာ ကူးစက္ခံရ သူ ဦးေရ မရွိသေလာက္ျဖစ္သြားၿပီး သုညအထိက်ဆင္း

ၿပီးခဲ့သည့္ ဒီဇင္ဘာတြင္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ျပန႔္ႏွံ႔ခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ယေန႔အထိဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၁၈၀၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၆၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။ မတ္ ၁၂ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈမွာ တစ္ကမာၻလုံး အဆင့္ ကပ္ေရာဂါျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(W.H.O)က သတ္မွတ္ထား ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံမွာ ခရီးသြားလာမႈတားျမစ္ခ်က္ေတြကို ေလွ်ာ့ေပးလာၿပီဆိုေပမယ့္ ျပည္ပကေရာက္ရွိသူတိုင္းကေတာ့ ၁၄ ရက္ သီးျခားေစာင့္ ၾကည့္မႈခံယူရဦးမွာပါ။ ဝူဟန္ၿမိဳ႕မွာ မတ္လေႏွာင္းပိုင္းေလာက္ဆိုရင္ ေရာဂါပိုးထပ္မံကူးစက္ခံရသူ မရွိႏိုင္ေတာ့ဘူးလို႔ ယူဆရၿပီး ၁၄ ရက္ ဆက္တိုက္ ေရာဂါပိုးထပ္မံကူးစက္ခံရသူမရွိေတာ့တဲ့အခါ အသြားအလာပိတ္ဆို႔ေစာင့္ၾကည့္မႈေတြကို ေလ်ာ့ခ်ေပးလာႏိုင္ေျခရွိေနပါတယ္။

ဒါေပမဲ့ ေရာဂါပိုးျပန႔္ပြားမႈတစ္ေက်ာ့ျပန္ျဖစ္လာမွာကိုကာကြယ္ဖို႔အတြက္ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးလုပ္ငန္းေတြကိုေတာ့ တင္း တင္းက်ပ္က်ပ္လုပ္ေဆာင္သြားဖို႔လိုအပ္ေနဦးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ဝူဟန္ၿမိဳ႕မွာ တစ္ရက္အတြင္း ေရာဂါပိုးထပ္မံကူးစက္ခံရ သူမ ရွိခဲ့သလို မတ္လ ၁၈ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံတစ္ဝန္း ထပ္မံကူးစက္ခံရသူ ၃၄ ဦးသာရွိခဲ့ေၾကာင္း သိရပါတယ္။

ကူးစက္ခံရသူအားလုံးဟာ ျပည္ပက ျပန္လည္ေရာက္ရွိလာသူေတြ ျဖစ္ပါတယ္။ ကို ႐ိုနာဗိုင္းရပ္စ္ စတင္ျပန႔္ပြားခဲ့ရာ တ႐ုတ္ႏိုင္ငံ ဟူေဘး ျပည္နယ္ ဝူဟန္ၿမိဳ႕မွာ ပထမဆုံးအႀကိမ္အျဖစ္ ေရာဂါပိုးထပ္မံကူးစက္ခံရသူ အေရအတြက္မွာ သုညအထိ က်ဆင္းသြားခဲ့တယ္လို႔ ယေန႔ မတ္လ ၁၉ ရက္မွာ တ႐ုတ္က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ယမန္ေန႔ မတ္လ ၁၈ ရက္ေန႔မွာ ဟူေဘးျပည္နယ္ အလယ္ပိုင္းမွာ တစ္ရက္အတြင္းေသဆုံးသူ (၈)ဦးသာရွိခဲ့ၿပီး (၆)ဦးမွာ ဝူဟန္ၿမိဳ႕က ျဖစ္ ပါတယ္။ တ႐ုတ္ျပည္မွာ ကို႐ိုနာဗိုင္းရပ္စ္ ထပ္မံကူးစက္ခံရသူ ၃၄ ဦးထဲမွာ ေဘဂ်င္းၿမိဳ႕က ၂၁ ဦး၊ ကြမ္တုံျပည္နယ္က ၉ ဦး၊ ရွန္ဟိုင္းက ၂ ဦး၊ ၾကက္ၾကန္းျပည္နယ္က ၁ ဦးနဲ႔ ေဟလုံက်န္းျပည္နယ္က ၁ ဦးတို႔ ပါဝင္ေနပါတယ္။

Ref- DM
Crd: HotNewsMyanmar

UNICODE

ကို ရိုနာဗိုင်းရပ်စ် စ တင်ပြန့်ပွားရာ တရုတ်နိုင်ငံဝူဟန်မြို့ မှာ ကူးစက်ခံရ သူ ဦးရေ မရှိသလောက်ဖြစ်သွားပြီး သုညအထိကျဆင်း

ပြီးခဲ့သည့် ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့အထိဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၈၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၆၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မတ် ၁၂ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမှာ တစ်ကမ္ဘာလုံး အဆင့် ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က သတ်မှတ်ထား ကြောင်း သိရသည်။

တရုတ်နိုင်ငံမှာ ခရီးသွားလာမှုတားမြစ်ချက်တွေကို လျှော့ပေးလာပြီဆိုပေမယ့် ပြည်ပကရောက်ရှိသူတိုင်းကတော့ ၁၄ ရက် သီးခြားစောင့် ကြည့်မှုခံယူရဦးမှာပါ။ ဝူဟန်မြို့မှာ မတ်လနှောင်းပိုင်းလောက်ဆိုရင် ရောဂါပိုးထပ်မံကူးစက်ခံရသူ မရှိနိုင်တော့ဘူးလို့ ယူဆရပြီး ၁၄ ရက် ဆက်တိုက် ရောဂါပိုးထပ်မံကူးစက်ခံရသူမရှိတော့တဲ့အခါ အသွားအလာပိတ်ဆို့စောင့်ကြည့်မှုတွေကို လျော့ချပေးလာနိုင်ခြေရှိနေပါတယ်။

ဒါပေမဲ့ ရောဂါပိုးပြန့်ပွားမှုတစ်ကျော့ပြန်ဖြစ်လာမှာကိုကာကွယ်ဖို့အတွက် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေကိုတော့ တင်း တင်းကျပ်ကျပ်လုပ်ဆောင်သွားဖို့လိုအပ်နေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ဝူဟန်မြို့မှာ တစ်ရက်အတွင်း ရောဂါပိုးထပ်မံကူးစက်ခံရ သူမ ရှိခဲ့သလို မတ်လ ၁၈ ရက်နေ့မှာ တရုတ်နိုင်ငံတစ်ဝန်း ထပ်မံကူးစက်ခံရသူ ၃၄ ဦးသာရှိခဲ့ကြောင်း သိရပါတယ်။

ကူးစက်ခံရသူအားလုံးဟာ ပြည်ပက ပြန်လည်ရောက်ရှိလာသူတွေ ဖြစ်ပါတယ်။ ကို ရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားခဲ့ရာ တရုတ်နိုင်ငံ ဟူဘေး ပြည်နယ် ဝူဟန်မြို့မှာ ပထမဆုံးအကြိမ်အဖြစ် ရောဂါပိုးထပ်မံကူးစက်ခံရသူ အရေအတွက်မှာ သုညအထိ ကျဆင်းသွားခဲ့တယ်လို့ ယနေ့ မတ်လ ၁၉ ရက်မှာ တရုတ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယမန်နေ့ မတ်လ ၁၈ ရက်နေ့မှာ ဟူဘေးပြည်နယ် အလယ်ပိုင်းမှာ တစ်ရက်အတွင်းသေဆုံးသူ (၈)ဦးသာရှိခဲ့ပြီး (၆)ဦးမှာ ဝူဟန်မြို့က ဖြစ် ပါတယ်။ တရုတ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၃၄ ဦးထဲမှာ ဘေဂျင်းမြို့က ၂၁ ဦး၊ ကွမ်တုံပြည်နယ်က ၉ ဦး၊ ရှန်ဟိုင်းက ၂ ဦး၊ ကြက်ကြန်းပြည်နယ်က ၁ ဦးနဲ့ ဟေလုံကျန်းပြည်နယ်က ၁ ဦးတို့ ပါဝင်နေပါတယ်။

Ref-   DM
Crd:   HotNewsMyanmar

Add a Comment

Your email address will not be published. Required fields are marked *