ျမန္မာႏိုင္ငံမွ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကို တုံ႔ျပန္ေဆာင္႐ြက္ႏိုင္ရန္ အေမရိကန္ႏိုင္ငံရွိ အဖြဲ႕အစည္းတခုျဖစ္သည့္USAID က ေဒၚလာ(၁.၈)သန္း အကူအညီေပး

ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ကို ကမာၻ႔က်န္းမာေရးအဖြဲ႕ က ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားၿပီး ကမာၻ႔ႏိုင္ငံေပါင္း ၁၅၀ ေက်ာ္သို႔ ကူး စက္ျပန႔္ ႏွံ႔ ေနၿပီ ျဖစ္ကာ သူဆုံးသူစုစုေပါင္း (၇၉၀၀) ေက်ာ္အထိ ရွိေနၿပီျဖစ္ပါတယ္။ျမန္မာႏိုင္ငံမွာေတာ့ သည္ကေန႔ အခ်ိန္အထိ ကူးစက္ခံရသူ တစ္ဦး တစ္ေယာက္မွ် မေတြ႕ ရွိရေသးဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ပါတယ္။

ျမန္ မာ ႏိုင္ငံ မွာ COVID-19 ေရာဂါ ကူးစက္ျပန႔္ပြားမႈ မရွိေစေရး အေမ ရိကန္ ႏိုင္ငံ တကာ ဖြံ႕ၿဖိဳးေရး အင္ဂ်င္စီ ( USAID )က အေမရိ ကန္ ေဒၚလာ ၁.၈ သန္း ကူညီေထာက္ ပံ့ထားတယ္ လို႔ ရန္ကုန္ရွိ အေမရိကန္သံ႐ုံး က ထုတ္ျပန္ ပါ တယ္ ။အဆိုပါ အကူ အညီ ထဲ က ေဒၚလာ ၇ သိန္းကို ျမန္မာႏိုင္ငံ မွာ COVID-19 ေရာဂါအတြက္ အသင့္ျပင္ဆင္ႏိုင္ေရးနဲ႔တုံ႔ျပန္ေဆာင္႐ြက္ေရးအတြက္ ( WHO ) ကို ေပးအပ္ ထားပါတယ္။

ေဒၚလာ ၆ သိန္းကို ျမန္မာႏိုင္ငံတြင္း အခ်ိန္နဲ႔တေျပးညီ က်န္းမာေရးဆိုင္ရာ အသိပညာျဖန႔္ေနေပးႏိုင္ေရး အတြက္ ကမာၻ႔ ကုလသ မဂၢ ကေလးမ်ားရန္ပုံေငြ အဖြဲ႕ ( UNICEF ) ကို ေပးအပ္ထားလို႔ သံ႐ုံးထုတ္ျပန္ခ်က္မွာ ေဖာ္ျပ ပါတယ္ ။USAID’s Breakthrough Action စီမံကိန္းရဲ႕ မိတ္ဖက္ အဖြဲ႕အ စည္းေတြျဖစ္တဲ့ Save the Children နဲ႔ Johns Hopkins Center for communications programs တို႔ကို ေပးအပ္တာျဖစ္ တယ္ လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ သတင္းစကားေတြနဲ႔ လိုအပ္တဲ့ ပစၥည္းေတြျဖန႔္ေဝဖို႔အတြက္ ေဒၚလာ ၅ သိန္းကိုလည္း USAID’s Breakthrough Action စီမံကိန္းရဲ႕ မိတ္ဖက္အဖြဲ႕အစည္းေတြျဖစ္တဲ့ Save the Children နဲ႔ Johns Hopkins Center for communications programs တို႔ကို ေပးအပ္တာျဖစ္တယ္လို႔ ေဖာ္ျပပါတယ္။

ဒါ့အျပင္ ေရာဂါပိုးေစာစီးစြာ ရွာေဖြေဖာ္ထုတ္ျခင္းနဲ႔ ျမန္မာက်န္းမာေရးဝန္ထမ္းေတြကို အသိပညာ‌ေပးျခင္းလုပ္ငန္းေတြ တိုးျမႇင့္ေဆာင္ ရာမွာ ေရာဂါပိုးကို ေသခ်ာစြာ သတိထားေစာင့္ၾကည့္ႏိုင္ေရးအတြက္ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္တားဆီးေရးဗဟို (CDC) မွာလည္း နည္းပညာအကူအညီေတြ ေပးအပ္ေနတယ္လို႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

USAID မွ ကမာၻ႔က်န္းမာေရးအဖြဲ႕ထံ ပံ့ပိုးေပးထားေသာ ရန္ပုံေငြေတြထဲကေန ျမန္မာႏိုင္ငံအတြက္ အေမရိကန္ေဒၚလာ ၇၀၀၀၀၀ ကို လည္း ရယူ အသုံးျပဳႏိုင္ဖို႔ အေၾကာင္းၾကားစာရရွိထားတယ္လို႔ က်န္းမာေရးႏွင့္ အားကစား ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားထားပါတယ္။မတ္လ ၁၈ ရက္က ေနျပည္ေတာ္မွာ က်င္းပတဲ့ COVID-19 ေရာဂါ ကမာၻ႔ကပ္ေရာဂါအသြင္ျဖစ္ပြားမႈ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ျပင္ဆင္ေဆာင္႐ြက္မႈ အထူးအစည္းအေဝးမွာ ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ GAVI- the Vaccine Alliance ရဲ႕ Health system strengthening – 2 ရန္ပုံေငြမွ ၁၀ ရာခိုင္ႏႈန္းျဖစ္တဲ့ အေမရိကန္ေဒၚလာ ၁၀ သန္းကိုလည္း COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြမွာ အသုံးျပဳႏိုင္ေၾကာင္း အေၾကာင္းၾကားလာတယ္လို႔လည္း ဝန္ႀကီးက ေျပာပါတယ္။

ျမန္မာႏိုင္ငံရွိ ေဆး႐ုံေတြမွာ ေအာက္ဆီဂ်င္ျပတ္လပ္မႈမရွိေစေရးအတြက္ တစ္ႏိုင္ငံ လုံးအတိုင္းအတာနဲ႔ အျမန္ဆုံးဆန္းစစ္လုပ္ေဆာင္ဖို႔၊ ေနရပ္စြန႔္ခြာရသူေတြ ေခတၱေနထိုင္ ရာစခန္း (IDP Camp)ေတြမွာ က်န္းမာေရးေစာင့္ေရွာက္မႈေပးဖို႔နဲ႔ က်န္းမာေရး အသိပညာေပးႏႈိးေဆာ္မႈလုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔လည္းဝန္ႀကီးကတိုက္တြန္း ထားပါတယ္။

REF: NANPANNSAN

UNICODE

မြန်မာနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါကို တုံ့ပြန်ဆောင်ရွက်နိုင်ရန် အမေရိကန်နိုင်ငံရှိ အဖွဲ့အစည်းတခုဖြစ်သည့်USAID က ဒေါ်လာ(၁.၈)သန်း အကူအညီပေး

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်သို့ ကူး စက်ပြန့် နှံ့ နေပြီ ဖြစ်ကာ သူဆုံးသူစုစုပေါင်း (၇၉၀၀) ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ သည်ကနေ့ အချိန်အထိ ကူးစက်ခံရသူ တစ်ဦး တစ်ယောက်မျှ မတွေ့ ရှိရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပါတယ်။

မြန် မာ နိုင်ငံ မှာ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အမေ ရိကန် နိုင်ငံ တကာ ဖွံ့ဖြိုးရေး အင်ဂျင်စီ ( USAID )က အမေရိ ကန် ဒေါ်လာ  ၁.၈ သန်း  ကူညီထောက် ပံ့ထားတယ် လို့ ရန်ကုန်ရှိ အမေရိကန်သံရုံး က ထုတ်ပြန် ပါ တယ် ။အဆိုပါ အကူ အညီ ထဲ က ဒေါ်လာ ၇ သိန်းကို မြန်မာနိုင်ငံ မှာ COVID-19 ရောဂါအတွက် အသင့်ပြင်ဆင်နိုင်ရေးနဲ့တုံ့ပြန်ဆောင်ရွက်ရေးအတွက် ( WHO ) ကို ပေးအပ် ထားပါတယ်။

ဒေါ်လာ ၆ သိန်းကို မြန်မာနိုင်ငံတွင်း အချိန်နဲ့တပြေးညီ ကျန်းမာရေးဆိုင်ရာ အသိပညာဖြန့်နေပေးနိုင်ရေး အတွက် ကမ္ဘာ့ ကုလသ မဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ ( UNICEF ) ကို ပေးအပ်ထားလို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ် ။USAID’s Breakthrough Action စီမံကိန်းရဲ့ မိတ်ဖက် အဖွဲ့အ စည်းတွေဖြစ်တဲ့ Save the Children နဲ့ Johns Hopkins Center for communications programs တို့ကို ပေးအပ်တာဖြစ် တယ် လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သတင်းစကားတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေဖြန့်ဝေဖို့အတွက် ဒေါ်လာ ၅ သိန်းကိုလည်း USAID’s Breakthrough Action စီမံကိန်းရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ Save the Children နဲ့ Johns Hopkins Center for communications programs တို့ကို ပေးအပ်တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ရောဂါပိုးစောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနဲ့ မြန်မာကျန်းမာရေးဝန်ထမ်းတွေကို အသိပညာ‌ပေးခြင်းလုပ်ငန်းတွေ တိုးမြှင့်ဆောင် ရာမှာ ရောဂါပိုးကို သေချာစွာ သတိထားစောင့်ကြည့်နိုင်ရေးအတွက် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC)  မှာလည်း နည်းပညာအကူအညီတွေ ပေးအပ်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

USAID မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ ပံ့ပိုးပေးထားသော ရန်ပုံငွေတွေထဲကနေ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၇၀၀၀၀၀ ကို လည်း ရယူ အသုံးပြုနိုင်ဖို့ အကြောင်းကြားစာရရှိထားတယ်လို့ ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားပါတယ်။မတ်လ ၁၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ COVID-19 ရောဂါ ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြင်ဆင်ဆောင်ရွက်မှု အထူးအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် GAVI- the Vaccine Alliance ရဲ့ Health system strengthening – 2 ရန်ပုံငွေမှ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းကိုလည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ကြောင်း အကြောင်းကြားလာတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံရှိ ဆေးရုံတွေမှာ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ အမြန်ဆုံးဆန်းစစ်လုပ်ဆောင်ဖို့၊ နေရပ်စွန့်ခွာရသူတွေ ခေတ္တနေထိုင် ရာစခန်း (IDP Camp)တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့လည်းဝန်ကြီးကတိုက်တွန်း ထားပါတယ်။

REF:     NANPANNSAN

Add a Comment

Your email address will not be published. Required fields are marked *