အေမရိကန္မွာ ကို႐ိုနာဗိုင္းရပ္စ္(COVID-19) ကာကြယ္ေဆး လူသားမ်ားတြင္ လက္ေတြ႕စမ္းသပ္ျခင္း ေအာင္ျမင္

(၂၀၁၉) ဒီဇင္ဘာတြင္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ျပန႔္ႏွံ႔ခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ယေန႔အထိဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၁၈၀၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၆၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။ မတ္ ၁၂ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈမွာ တစ္ကမာၻလုံး အဆင့္ ကပ္ေရာဂါျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(W.H.O)က သတ္မွတ္ထား ေၾကာင္း သိရသည္။

COVID-19ကာကြယ္ေဆး လက္ေတြ႕စမ္းသပ္မႈကို က်န္းမာေရးေကာင္းမြန္သည့္ လူငယ္ေစတနာ့ဝန္ထမ္း ၄၅ ဦးျဖင့္ အုပ္စုမ်ားခြဲ၍ လုပ္ ေဆာင္ခဲ့သည္။ စမ္းသပ္မႈတြင္ပါဝင္သူ ေစတနာ့ဝန္ထမ္းမ်ားကို ေဆးႏွစ္ႀကိမ္ထိုး၍ ၂၈ ရက္ၾကာ သီးသန႔္ထားရွိသည္။ ကာကြယ္ေဆး၏ ေဘးအႏၲရာယ္ကင္းမႈႏွင့္ ခံႏိုင္ရည္တုံ႔ျပန္မႈကို စူးစမ္းရန္ ေစတနာ့ဝန္ထမ္း မ်ားကို တစ္ႏွစ္ၾကာ စမ္းသပ္မည္ျဖစ္သည္။

တီထြင္မႈျပဳလုပ္အၿပီး ႏွစ္ လအတြင္း ကာကြယ္ေဆးတစ္မ်ိဳး လက္ေတြ႕စမ္းသပ္မႈ စတင္ျခင္းမွာ မႀကဳံစ ဖူးပင္ျဖစ္သည္။ “ဒါဟာ သမိုင္း မွာ အျမန္ဆန္ဆုံး ကာကြယ္ေဆး တီထြင္မႈတစ္ခုျဖစ္ပါတယ္” ဟု အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ေအာင္ျမင္မႈကို ဂုဏ္ျပဳခဲ့သည္။ သို႔ေသာ္လည္း ကာကြယ္ေဆး၏ ေဘးအႏၲရာယ္ကင္းမႈႏွင့္ ထိေရာက္မႈကို စမ္းသပ္ရန္လိုအပ္ၿပီး တစ္ႏွစ္ မွ တစ္ႏွစ္ခြဲအထိ ၾကာအုံးမည္။

ထို႔ေၾကာင့္ အမ်ားျပည္သူအသုံးျပဳရန္ အဆင္သင့္ျဖစ္မည္မဟုတ္ေၾကာင္း NIH ၌ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ ဖ်က္ေရးစီမံခ်က္ကိုဦးေဆာင္သူ အန္ေထာ္နီေဖာ္စီက ေျပာသည္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါ ကာကြယ္ေဆးတစ္မ်ိဳး လက္ေတြ႕စမ္းသပ္မႈကို အေမရိကန္ႏိုင္ငံ၌ စတင္ ခဲ့ေၾကာင္း အေမရိကန္ အမ်ိဳးသားက်န္းမာေရးအဖြဲ႕အစည္း (NIH) က မတ္လ ၁၆ ရက္တြင္ ေၾကညာ သည္။

အဆင့္တစ္ လက္ေတြ႕စမ္းသပ္မႈကို ယမန္ေန႔က ဆီးယက္တဲလ္ၿမိဳ႕ေတာ္ရွိ ေဆးဘက္ ဆိုင္ရာအေဆာက္ အအုံတစ္ခု၌ စတင္ခဲ့သည္ဟု NIH ကဆိုသည္။ အေမရိကန္ အမ်ိဳးသားက်န္းမာေရးအဖြဲ႕အစည္းႏွင့္ ဇီဝနည္းပညာကုမၸဏီတစ္ခုျဖစ္သည့္ Moderna ပူးေပါင္းကာ ကာကြယ္ေဆး တီထြင္မႈကို ဇန္နဝါရီလလယ္တြင္ စတင္ခဲ့ၿပီး ေဖေဖာ္ဝါရီေႏွာင္းပိုင္းတြင္ ၿပီးစီးခဲ့ျခင္းျဖစ္သည္။

REF: MYANMAR EXPRESS

UNICODE

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကာကွယ်ဆေး လူသားများတွင် လက်တွေ့စမ်းသပ်ခြင်း အောင်မြင်

(၂၀၁၉) ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့အထိဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၈၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၆၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မတ် ၁၂ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမှာ တစ်ကမ္ဘာလုံး အဆင့် ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က သတ်မှတ်ထား ကြောင်း သိရသည်။

COVID-19ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုကို ကျန်းမာရေးကောင်းမွန်သည့် လူငယ်စေတနာ့ဝန်ထမ်း ၄၅ ဦးဖြင့် အုပ်စုများခွဲ၍ လုပ် ဆောင်ခဲ့သည်။ စမ်းသပ်မှုတွင်ပါဝင်သူ စေတနာ့ဝန်ထမ်းများကို ဆေးနှစ်ကြိမ်ထိုး၍ ၂၈ ရက်ကြာ သီးသန့်ထားရှိသည်။ ကာကွယ်ဆေး၏ ဘေးအန္တရာယ်ကင်းမှုနှင့် ခံနိုင်ရည်တုံ့ပြန်မှုကို စူးစမ်းရန် စေတနာ့ဝန်ထမ်း များကို တစ်နှစ်ကြာ စမ်းသပ်မည်ဖြစ်သည်။

တီထွင်မှုပြုလုပ်အပြီး နှစ် လအတွင်း ကာကွယ်ဆေးတစ်မျိုး လက်တွေ့စမ်းသပ်မှု စတင်ခြင်းမှာ မကြုံစ ဖူးပင်ဖြစ်သည်။ “ဒါဟာ သမိုင်း မှာ အမြန်ဆန်ဆုံး ကာကွယ်ဆေး တီထွင်မှုတစ်ခုဖြစ်ပါတယ်” ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အောင်မြင်မှုကို ဂုဏ်ပြုခဲ့သည်။ သို့သော်လည်း ကာကွယ်ဆေး၏ ဘေးအန္တရာယ်ကင်းမှုနှင့် ထိရောက်မှုကို စမ်းသပ်ရန်လိုအပ်ပြီး တစ်နှစ် မှ တစ်နှစ်ခွဲအထိ ကြာအုံးမည်။

ထို့ကြောင့် အများပြည်သူအသုံးပြုရန် အဆင်သင့်ဖြစ်မည်မဟုတ်ကြောင်း NIH ၌ ကိုရိုနာဗိုင်းရပ်စ် တိုက် ဖျက်ရေးစီမံချက်ကိုဦးဆောင်သူ အန်ထော်နီဖော်စီက ပြောသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ဆေးတစ်မျိုး လက်တွေ့စမ်းသပ်မှုကို အမေရိကန်နိုင်ငံ၌ စတင် ခဲ့ကြောင်း အမေရိကန် အမျိုးသားကျန်းမာရေးအဖွဲ့အစည်း (NIH) က မတ်လ ၁၆ ရက်တွင် ကြေညာ သည်။

အဆင့်တစ် လက်တွေ့စမ်းသပ်မှုကို ယမန်နေ့က ဆီးယက်တဲလ်မြို့တော်ရှိ ဆေးဘက် ဆိုင်ရာအဆောက် အအုံတစ်ခု၌ စတင်ခဲ့သည်ဟု NIH ကဆိုသည်။ အမေရိကန် အမျိုးသားကျန်းမာရေးအဖွဲ့အစည်းနှင့် ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Moderna ပူးပေါင်းကာ ကာကွယ်ဆေး တီထွင်မှုကို ဇန်နဝါရီလလယ်တွင် စတင်ခဲ့ပြီး ဖေဖော်ဝါရီနှောင်းပိုင်းတွင် ပြီးစီးခဲ့ခြင်းဖြစ်သည်။

REF:     MYANMAR  EXPRESS

Add a Comment

Your email address will not be published. Required fields are marked *