တိုင္းႏွင့္ျပည္နယ္(၇)ခုတြင္ အခ်ိန္အခါမဟုတ္ မိုး႐ြာႏိုင္ေၾကာင္း မိုး/ဇလ သတိေပးခ်က္ ထုတ္ျပန္

သတိေပးခ်က္ထုတ္ျပန္ထားသည့္ အခ်ိန္အခါ မဟုတ္ မိုး႐ြာမည့္ တိုင္းႏွင့္ျပည္နယ္မ်ားမွာ စစ္ကိုင္းတိုင္း ေဒသႀကီး၊ မႏၲေလးတိုင္းေဒသ ႀကီး၊ မေကြးတိုင္း ေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္(ေျမာက္ပိုင္း)တို႔ ျဖစ္ေၾကာင္း မိုး/ဇလ မွသိရသည္။

ေန႔အပူခ်ိန္မ်ားမွာ ကခ်င္ျပည္နယ္တြင္ မတ္လတြင္း ရွိသည့္ ပ်မ္းမွ်အပူခ်ိန္ ထက္ ၃ ဒီဂရီ စင္တီဂရိတ္ ပိုခဲ့ၿပီး စစ္ကိုင္း တိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီး ႏွင့္ ရွမ္းျပည္နယ္ တို႔တြင္ မတ္လ၏ ပ်မ္းမွ်အပူခ်ိန္တို႔ထက္ ၂ ဒီဂရီ စင္တီဂရိတ္ ပိုခဲ့ေၾကာင္း မိုး/ဇလ ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ မႏၲေလးတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္(ေျမာက္ပိုင္း) တို႔တြင္ မတ္လ၏ ပ်မ္းမွ် အပူခ်ိန္ခန႔္သာ ရွိခဲ့ေၾကာင္း သိရသည္။ျမန္မာႏိုင္ငံအတြင္း တိုင္းႏွင့္ျပည္နယ္ ၇ ခု အခ်ိန္အခါ မဟုတ္ မိုး႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ဦးစီးဌာနက သတိေပးခ်က္ ယေန႔ ထုတ္ျပန္ထားသည္။

မိုး/ဇလ မွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက “မိုး႐ြာတဲ့ အထက္ပိုင္းေတြမွာေတာ့ အပူခ်ိန္ အနည္းငယ္ ေလ်ာ့သြားမယ္။ ျမန္မာႏိုင္ငံ ေအာက္ပိုင္းေတြကေတာ့ အပူခ်ိန္ မက်ဘူး” ဟု ေျပာသည္။

အေနာက္ဘက္မွ ေ႐ြ႕လ်ားလာသည့္ ေလေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္ မတ္လ ၂၀ ရက္ေန႔မွ ၂၄ ရက္ေန႔ အတြင္း အခ်ိန္အခါ မဟုတ္ မိုး႐ြာသြန္းႏိုင္ေၾကာင္း၊ ေလျပင္းမ်ား တိုက္ခတ္ျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းႏွင့္ မိုးသီး ေႂကြျခင္းမ်ား ျဖစ္ႏိုင္သည့္အတြက္ သတိထားရန္လည္း မိုး/ဇလ က သတိေပးခ်က္ ထုတ္ျပန္ထားသည္။

REF: THE IRRAWADDY

UNICODE

တိုင်းနှင့်ပြည်နယ်(၇)ခုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုး/ဇလ သတိပေးချက် ထုတ်ပြန်

သတိပေးချက်ထုတ်ပြန်ထားသည့် အချိန်အခါ မဟုတ် မိုးရွာမည့် တိုင်းနှင့်ပြည်နယ်များမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တို့ ဖြစ်ကြောင်း မိုး/ဇလ မှသိရသည်။

နေ့အပူချိန်များမှာ ကချင်ပြည်နယ်တွင် မတ်လတွင်း ရှိသည့် ပျမ်းမျှအပူချိန် ထက် ၃ ဒီဂရီ စင်တီဂရိတ် ပိုခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် ရှမ်းပြည်နယ် တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီ စင်တီဂရိတ် ပိုခဲ့ကြောင်း မိုး/ဇလ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း) တို့တွင် မတ်လ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ် ၇ ခု အချိန်အခါ မဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတိပေးချက် ယနေ့ ထုတ်ပြန်ထားသည်။

မိုး/ဇလ မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “မိုးရွာတဲ့ အထက်ပိုင်းတွေမှာတော့ အပူချိန် အနည်းငယ် လျော့သွားမယ်။ မြန်မာနိုင်ငံ အောက်ပိုင်းတွေကတော့ အပူချိန် မကျဘူး” ဟု ပြောသည်။

အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် မတ်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ အတွင်း အချိန်အခါ မဟုတ် မိုးရွာသွန်းနိုင်ကြောင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းများ ဖြစ်နိုင်သည့်အတွက် သတိထားရန်လည်း မိုး/ဇလ က သတိပေးချက် ထုတ်ပြန်ထားသည်။

REF:     THE  IRRAWADDY

Add a Comment

Your email address will not be published. Required fields are marked *