COVID-19နဲ႔ပတ္သက္ၿပီး ႏိုင္ငံတြင္း ေခတ္မီသည့္ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္မရွိေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္မွ ဝန္ခံေျပာဆို

(၂၀၁၉) ဒီဇင္ဘာတြင္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ျပန႔္ႏွံ႔ခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ယေန႔အထိဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၁၈၀၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၆၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။ မတ္ ၁၂ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈမွာ တစ္ကမာၻလုံး အဆင့္ ကပ္ေရာဂါျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(W.H.O)က သတ္မွတ္ထား ေၾကာင္း သိရသည္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္သည္ ႏိုင္ငံအေရွ႕ပိုင္းကမ္း႐ိုးတန္းတြင္ လက္နက္ႀကီးပစ္ခတ္မႈကိုႀကီးၾကပ္ၿပီးေနာက္ ၿမိဳ႕ေတာ္ သို႔ျပန္လာခဲ့ျခင္းျဖစ္ႏိုင္သည္။ ကင္သည္ COVID-19 ကူးစက္ခံရမည္ကို စိုးရိမ္သည့္အတြက္ ေက်းလက္ေဒသသို႔ ေရွာင္ေနၿပီျဖစ္ေၾကာင္း ေဝဖန္မႈမ်ားရွိခဲ့ၿပီးေနာက္ ကင္သည္ ၿမိဳ႕ေတာ္ၿပဳံယမ္းတြင္ ျပန္လည္လူလုံးျပခဲ့ျခင္းျဖစ္သည္။

မတ္ (၁၇) ရက္ တြင္ ျပဳလုပ္ ခဲ့သည့္ ေဆး႐ုံသစ္ စတင္ေဆာက္ လုပ္ မႈ အခမ္းအနား တြင္ ကင္က အထက္ပါ အတိုင္း ေျပာဆိုခဲ့ျခင္း ျဖစ္ သည္။ ေအာက္တိုဘာ တြင္ က်ေရာက္ မည့္္ အာဏာရ အလုပ္ သမားပါတီ တည္ ေထာင္မႈ (၇၅)ႏွစ္ ျပည့္ အခမ္းအနားမတိုင္မီတြင္ ေဆး႐ုံ ကို အၿပီးေဆာက္ လုပ္ ရမည္ျဖစ္ေၾကာင္း ကင္ က ေျပာဆိုခဲ့သည္ဟု KCNA သတင္းဌာနက ေဖာ္ျပခဲ့သည္။

ၿမိဳ႕ေတာ္ ၿပဳံယမ္းမွာပင္ ေခတ္မီေဆး ကုသေရးႏွင့္ က်န္းမာေရးေစာင့္ ေရွာက္မႈေပးႏိုင္သည့္ အေဆာက္အအုံမရွိေၾကာင္း ပြင့္ပြင္းလင္း လင္းႏွင့္ နာနာက်င္က်င္ေျပာဆိုရမည္ျဖစ္ေၾကာင္း ကင္က ဝန္ခံေျပာဆို ခဲ့သည္။ၿပဳံယမ္း၌ ေဆး႐ုံမ်ားစြာရွိေနေသာ္လည္း KCNA က ေဖာ္ျပခဲ့သည့္ ေနာက္ ဆုံးေဆာက္လုပ္မည့္ ေဆး႐ုံပုံၾကမ္းမ်ားအရ ယင္းေဆး႐ုံသည္ ေခတ္အမီဆုံး ေဆး႐ုံျဖစ္လာႏိုင္စရာရွိေနသည္။

ေျမာက္ကိုရီးယား၌ ၂၀၁၇ ခုႏွစ္အထိ အေထြေထြႏွင့္ အထူးကုေဆး႐ုံ ၁၃၅ ႐ုံရွိေနေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ၏စာရင္းအင္းမ်ားအရ သိရသည္။

REF: L.K.T

UNICODE

COVID-19နဲ့ပတ်သက်ပြီး နိုင်ငံတွင်း ခေတ်မီသည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်မရှိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှ ဝန်ခံပြောဆို

(၂၀၁၉) ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့အထိဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၈၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၆၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မတ် ၁၂ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမှာ တစ်ကမ္ဘာလုံး အဆင့် ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က သတ်မှတ်ထား ကြောင်း သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းတွင် လက်နက်ကြီးပစ်ခတ်မှုကိုကြီးကြပ်ပြီးနောက် မြို့တော် သို့ပြန်လာခဲ့ခြင်းဖြစ်နိုင်သည်။ ကင်သည် COVID-19 ကူးစက်ခံရမည်ကို စိုးရိမ်သည့်အတွက် ကျေးလက်ဒေသသို့ ရှောင်နေပြီဖြစ်ကြောင်း ဝေဖန်မှုများရှိခဲ့ပြီးနောက် ကင်သည် မြို့တော်ပြုံယမ်းတွင် ပြန်လည်လူလုံးပြခဲ့ခြင်းဖြစ်သည်။

မတ် (၁၇) ရက် တွင် ပြုလုပ် ခဲ့သည့် ဆေးရုံသစ် စတင်ဆောက် လုပ် မှု အခမ်းအနား တွင် ကင်က အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ် သည်။ အောက်တိုဘာ တွင် ကျရောက် မည့်် အာဏာရ အလုပ် သမားပါတီ တည် ထောင်မှု (၇၅)နှစ် ပြည့် အခမ်းအနားမတိုင်မီတွင် ဆေးရုံ ကို အပြီးဆောက် လုပ် ရမည်ဖြစ်ကြောင်း ကင် က ပြောဆိုခဲ့သည်ဟု KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

မြို့တော် ပြုံယမ်းမှာပင် ခေတ်မီဆေး ကုသရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်သည့် အဆောက်အအုံမရှိကြောင်း ပွင့်ပွင်းလင်း လင်းနှင့် နာနာကျင်ကျင်ပြောဆိုရမည်ဖြစ်ကြောင်း ကင်က ဝန်ခံပြောဆို ခဲ့သည်။ပြုံယမ်း၌ ဆေးရုံများစွာရှိနေသော်လည်း KCNA က ဖော်ပြခဲ့သည့် နောက် ဆုံးဆောက်လုပ်မည့် ဆေးရုံပုံကြမ်းများအရ ယင်းဆေးရုံသည် ခေတ်အမီဆုံး ဆေးရုံဖြစ်လာနိုင်စရာရှိနေသည်။

မြောက်ကိုရီးယား၌ ၂၀၁၇ ခုနှစ်အထိ အထွေထွေနှင့် အထူးကုဆေးရုံ ၁၃၅ ရုံရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏စာရင်းအင်းများအရ သိရသည်။

REF:     L.K.T

Add a Comment

Your email address will not be published. Required fields are marked *