(၆) တန္းေက်ာင္းသား (၂) ဦး ေပ်ာက္ဆုံးေန၍ ရွာေပးၾကပါအုံးလို႔ မိဘမ်ား မွ ျပည္သူမ်ား ထံ ငိုယိုၿပီး အကူအညီေတာင္းခံ

ေပ်ာက္ဆုံးေနေသာ ၆ တန္းေက်ာင္းသား (၂)ဦးအား မိဘျပည္သူမ်ားမွ ေတြ႕ရွိပါက AlinnMyay(အလင္းေျမ)မီဒီယာ ထံသို႔ျဖစ္ေစ၊ ကာယကံရွင္ မိဘမ်ားထံသို႔ ျဖစ္ေစ ဆက္သြယ္အေၾကာင္းၾကားေပးၾကပါရန္ႏွင့္ ၎ဗြီဒီယိုဖိုင္အား တတ္ႏိုင္သေလာက္ မွ်ေဝကူညီ ေပးၾကပါရန္ ေမတၱာရပ္ခံ ပန္ၾကားအပ္ပါတယ္။

AlinnMyay(အလင္းေျမ)မီဒီယာမွ အမ်ားျပည္ သူမ်ားအား ေလးစားစြာျဖင့္ ထပ္ဆင့္ အကူအညီေတာင္းခံေပးလိုက္ပါသည္။ ေပ်ာက္ဆုံး ေနေသာ ေက်ာင္းသားႏွစ္ဦးအားေတြ႕ရွိပါက ဆက္သြယ္ရန္ (ဖုန္း) – 09774242402 ၊ 0942494942 ႐ိုက္ကူး – မ်ိဳးဆင့္ AlinnMyayc (အလင္းေျမ) ျပည္သူ႔ကူညီေရး ျပည္သူ႔အသံေဖာ္ေဆာင္ေရး သတင္းမွန္မီဒီယာ။

စစ္ကိုင္းတိုင္းေ ဒသႀကီး မုံ႐ြာၿမိဳ႕၊ ၿမိဳ႕သစ္ရပ္ကြက္ေနသူ ဦးတင္ေမာင္ေထြး၊ ေဒၚရီရီျမင့္ တို႔၏ သားျဖစ္သူ (ေပ်ာက္ဆုံးစဥ္ အသက္) (၁၁) ႏွစ္ ၆ တန္းေက်ာင္းသား ေမာင္စြမ္းေဇာ္ေဇာ္ ႏွင့္ ၎ရပ္ကြက္ေနသူ ဦးမိုးသီေအာင္ ရဲ႕ သား ေမာင္ျမင့္ျမတ္မိုး (ေပ်ာက္ဆုံးစဥ္ အသက္) (၁၂) ႏွစ္ ၆ တန္းေက်ာင္းသား ေမာင္ျမင့္ျမတ္မိုး ႏွစ္ဦး သည္ မုံ႐ြာၿမိဳ႕ ဆူးေလကုန္းရပ္ကြက္ အထက(၃) မုံ႐ြာ သို႔ ေက်ာင္းတက္ ရာမွ (၈.၁၀.၂၀၁၈) ရက္ေန႔တြင္ စတင္ေပ်ာက္ေဆုံးေနၿပီး ယေန႔အခ်ိန္အထိ ျပန္လည္မေတြ႕ရွိရေသးေၾကာင္း မိဘမ်ားထံမွ သိရပါသည္။

အဆိုပါ ၆ တန္းေက်ာင္းသား ႏွစ္ဦး ေပ်ာက္ဆုံးေန မႈႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာ ရဲစခန္းတြင္ (၁၀.၁၀.၂၀၁၈) ရက္ေန႔မွာ လူေပ်ာက္အ မွတ္စဥ္ (ပ/၂၀၁၈) ျဖင့္ အမႈဖြင့္တိုင္ၾကားထားခဲ့ၿပီးျဖစ္ေၾကာင္း၊ ထို႔ေနာက္တြင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၅) ရက္ေန႔ ရက္စြဲျဖင့္ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ ထံသို႔ လည္း ၆ တန္းေက်ာင္းသား ႏွစ္ဦး ေပ်ာက္ဆုံးေနမႈအား ကူညီေပးပါရန္ အသနားခံစာတင္ျပထားေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္ မတ္လ ၃ ရက္ေန႔တြင္လည္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ႏွင့္ မုံ႐ြာၿမိဳ႕ လူထုေတြ႕ဆုံပြဲတြင္ ေပ်ာက္ဆုံးေနသူ ၆ တန္း ေက်ာင္းသား ေမာင္စြမ္းေဇာ္ေဇာ္ ၏ မိခင္ျဖစ္သူ ေဒၚရီရီျမင့္မွ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံသို႔ ကိုယ္တိုင္ ေျပာဆိုတိုင္ၾကားခဲ့ၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္မွ အဆိုပါကေလးႏွစ္ဦး ေပ်ာက္ဆုံးေနတဲ့ ကိစၥႏွင့္ ပတ္သက္ၿပီး အေျခအေနအား ေမးျမန္းရာ နယ္လုံဝန္ႀကီးမွ ျဖစ္စဥ္အက်ဥ္းခ်ဳပ္ တင္ျပခဲ့ၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္မွ အတတ္ႏိုင္ဆုံးႀကိဳးစားၿပီး ကူညီေပးပါ မည္ဟု ေျပာၾကားခဲ့ပါတယ္။

သို႔ရာတြင္ ေပ်ာက္ေနတဲ့ ၆ တန္းေက်ာင္းသား ႏွစ္ဦးသည္ ယေန႔အခ်ိန္အထိ ျပန္လည္မေတြ႕ရွိေသးသျဖင့္ ေမာင္စြမ္းေဇာ္ေဇာ္၏ မိဘ မ်ားမွ အမ်ားျပည္သူမ်ားသိရွိေအာင္ လူမႈကြန္ယက္စာမ်က္ႏွာတြင္ တင္ျပၿပီး ျပည္သူမ်ားထံ အကူအညီထပ္မံေတာင္းခံလို၍ AlinnMyay (အလင္းေျမ)မီဒီယာသို႔ လူမႈကြန္ယက္စာမ်က္ႏွာတြင္ တင္ျပ ေၾကာ္ညာေပးပါရန္ အကူအညီေတာင္းခံ လာခဲ့ပါသည္။

Credit – AlinnMyay

UNICODE

(၆) တန်းကျောင်းသား (၂) ဦး ပျောက်ဆုံးနေ၍ ရှာပေးကြပါအုံးလို့ မိဘများ မှ ပြည်သူများ ထံ ငိုယိုပြီး အကူအညီတောင်းခံ

ပျောက်ဆုံးနေသော ၆ တန်းကျောင်းသား (၂)ဦးအား မိဘပြည်သူများမှ တွေ့ရှိပါက AlinnMyay(အလင်းမြေ)မီဒီယာ ထံသို့ဖြစ်စေ၊ ကာယကံရှင် မိဘများထံသို့ ဖြစ်စေ ဆက်သွယ်အကြောင်းကြားပေးကြပါရန်နှင့် ၎င်းဗွီဒီယိုဖိုင်အား တတ်နိုင်သလောက် မျှဝေကူညီ ပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

AlinnMyay(အလင်းမြေ)မီဒီယာမှ အများပြည် သူများအား လေးစားစွာဖြင့် ထပ်ဆင့် အကူအညီတောင်းခံပေးလိုက်ပါသည်။ ပျောက်ဆုံး နေသော ကျောင်းသားနှစ်ဦးအားတွေ့ရှိပါက ဆက်သွယ်ရန် (ဖုန်း) – 09774242402 ၊ 0942494942 ရိုက်ကူး – မျိုးဆင့် AlinnMyayc (အလင်းမြေ) ပြည်သူ့ကူညီရေး ပြည်သူ့အသံဖော်ဆောင်ရေး သတင်းမှန်မီဒီယာ။

စစ်ကိုင်းတိုင်းေ ဒသကြီး မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေသူ ဦးတင်မောင်ထွေး၊ ဒေါ်ရီရီမြင့် တို့၏ သားဖြစ်သူ (ပျောက်ဆုံးစဉ် အသက်) (၁၁)  နှစ် ၆ တန်းကျောင်းသား မောင်စွမ်းဇော်ဇော် နှင့် ၎င်းရပ်ကွက်နေသူ ဦးမိုးသီအောင် ရဲ့ သား မောင်မြင့်မြတ်မိုး (ပျောက်ဆုံးစဉ် အသက်) (၁၂) နှစ် ၆ တန်းကျောင်းသား မောင်မြင့်မြတ်မိုး နှစ်ဦး သည် မုံရွာမြို့ ဆူးလေကုန်းရပ်ကွက် အထက(၃) မုံရွာ သို့ ကျောင်းတက် ရာမှ (၈.၁၀.၂၀၁၈) ရက်နေ့တွင် စတင်ပျောက်ဆေုံးနေပြီး ယနေ့အချိန်အထိ ပြန်လည်မတွေ့ရှိရသေးကြောင်း မိဘများထံမှ သိရပါသည်။

အဆိုပါ ၆ တန်းကျောင်းသား နှစ်ဦး ပျောက်ဆုံးနေ မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းတွင် (၁၀.၁၀.၂၀၁၈) ရက်နေ့မှာ လူပျောက်အ မှတ်စဉ် (ပ/၂၀၁၈) ဖြင့် အမှုဖွင့်တိုင်ကြားထားခဲ့ပြီးဖြစ်ကြောင်း၊ ထို့နောက်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ ရက်စွဲဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ လည်း ၆ တန်းကျောင်းသား နှစ်ဦး ပျောက်ဆုံးနေမှုအား ကူညီပေးပါရန် အသနားခံစာတင်ပြထားကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မတ်လ ၃ ရက်နေ့တွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် မုံရွာမြို့ လူထုတွေ့ဆုံပွဲတွင် ပျောက်ဆုံးနေသူ ၆ တန်း ကျောင်းသား မောင်စွမ်းဇော်ဇော် ၏ မိခင်ဖြစ်သူ ဒေါ်ရီရီမြင့်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကိုယ်တိုင် ပြောဆိုတိုင်ကြားခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ အဆိုပါကလေးနှစ်ဦး ပျောက်ဆုံးနေတဲ့ ကိစ္စနှင့် ပတ်သက်ပြီး အခြေအနေအား မေးမြန်းရာ နယ်လုံဝန်ကြီးမှ ဖြစ်စဉ်အကျဉ်းချုပ် တင်ပြခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ အတတ်နိုင်ဆုံးကြိုးစားပြီး ကူညီပေးပါ မည်ဟု ပြောကြားခဲ့ပါတယ်။

သို့ရာတွင် ပျောက်နေတဲ့ ၆ တန်းကျောင်းသား နှစ်ဦးသည် ယနေ့အချိန်အထိ ပြန်လည်မတွေ့ရှိသေးသဖြင့် မောင်စွမ်းဇော်ဇော်၏ မိဘ များမှ အများပြည်သူများသိရှိအောင် လူမှုကွန်ယက်စာမျက်နှာတွင် တင်ပြပြီး ပြည်သူများထံ အကူအညီထပ်မံတောင်းခံလို၍ AlinnMyay (အလင်းမြေ)မီဒီယာသို့ လူမှုကွန်ယက်စာမျက်နှာတွင် တင်ပြ ကြော်ညာပေးပါရန် အကူအညီတောင်းခံ လာခဲ့ပါသည်။

Credit – AlinnMyay

Add a Comment

Your email address will not be published. Required fields are marked *