“COVID-19 မျဖစ္ေသးတဲ့ ႏိုင္ငံေတြ အားလုံး ေရာဂါပိုးပ်ံ႕ႏွံ႔လာႏိုင္တာေၾကာင့္ အသင့္ျပင္ထားၾကဖို႔” ကမာၻ႔ က်န္းမာေရးအဖြဲ႕ သတိေပး

(၂၀၁၉) ဒီဇင္ဘာတြင္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ျပန႔္ႏွံ႔ခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ယေန႔အထိဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၁၈၀၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၆၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။ မတ္ ၁၂ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈမွာ တစ္ကမာၻလုံး အဆင့္ ကပ္ေရာဂါျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(W.H.O)က သတ္မွတ္ထား ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံမွာ ဒီဗိုင္းရဗ္စ္ကူးစက္မူႏႈန္းနဲ႔ေသဆုံးသူေလ်ာ့က်လာေပမယ့္ တ႐ုတ္ႏိုင္ငံျပင္ပမွာေတာ့ အေျခအေနေတြ ဆိုးသထက္ဆိုးလာ ေနၿပီး အထူးသျဖင့္ ဥေရာပတိုက္ဟာ တ႐ုတ္ႏိုင္ငံျပင္ပမွာ အဆိုး႐ြားဆုံး ကူးစက္ခံရေနပါၿပီ ။ကမာၻတဝွမ္း လုံးကို အလ်င္ အျမန္ ျပန႔္ႏွံ႔ေန တဲ့ COVID-19 VIRUS ကပ္ေရာဂါႀကီးရဲ႕ အႏၲရာယ္ကို ကမာၻ႔ ႏိုင္ငံေတာ္ေတ္ာမ်ားမ်ားက ထိပ္တိုက္ရင္ ဆိုင္ေနၾကရၿပီျဖစ္ပါတယ္။

ဒီေရာဂါပိုး ကိုယ့္ႏိုင္ငံထဲ ေရာက္မလာေသးတဲ့ႏိုင္ငံေတြအေနနဲ႔လည္း တကယ္လို႔ေရာက္လာတဲ့အခါ တိုက္ဖ်က္ႏိုင္ေအာင္ ႀကိဳတင္ ျပင္ ဆင္မႈေတြ မ်ားစြာလုပ္ေဆာင္ထားၾကဖို႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႕ အႀကီးအကဲ Ghebreyesus က သတိေပး ေျပာၾကားလိုက္ ပါ တယ္။ ခင္ဗ်ားတို႔ ရဲ႕လူမႈ အသိုင္းဝိုင္းထဲကို ကို႐ိုနာဗိုင္းရဗ္စ္ ေရာက္မလာႏိုင္ဘူးလို႔ မယူဆၾကပါနဲ႔။

ဗိုင္းရဗ္စ္ ေရာက္လာေတာ့မယ္ဆိုတဲ့အေတြးနဲ႔ ႀကိဳတင္ အားလုံး ျပင္ဆင္ထားၾကပါ။ ဒီဗိုင္းရပ္စ္ပိုးရဲ႕ အႏၲရာယ္နဲ႔ ရင္မဆိုင္ရႏိုင္ဘူးလို႔ မတြက္ဆၾကပါနဲ႔၊ ကိုယ္လဲ ႀကဳံေတြ႕ရမွာဘဲဆိုတဲ့ အယူအဆနဲ႔ ႀကိဳတင္ ျပင္ဆင္ထားၾကပါ ” လို႔ သတင္းစာရွင္းလင္းပြဲမွာထုတ္ေဖာ္ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈကို တြန္းလွန္ႏိုင္ဖို႔အတြက္ ႐ုန္းကန္ေနရာမွာ အကူအညီျဖစ္ေအာင္ အီတလီႏိုင္ငံဟာ ေဆးေက်ာင္းသား ေတြကို ေနာက္ဆုံး စာေမးပြဲေတြ မေျဖခိုင္းေတာ့ဘဲ လုပ္ငန္းခြင္ထဲ တက္သုတ္႐ိုက္ သြင္းေတာ့မည္ ျဖစ္ပါတယ္။ ကို႐ိုနာ ဗိုင္းရပ္စ္ဗဟိုခ်က္ ျဖစ္ေနတဲ့ ေျမာက္ပိုင္းက ေဆး႐ုံေတြမွာ လူနာနဲ႔ ဝန္ထမ္းအား မမွ်ျဖစ္ေနပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ဟာ တစ္ႏိုင္ငံလုံးအႏွံ႔ ကူးစက္ပ်ံ႕ႏွံ႔ေနတာေၾကာင့္ က်န္ေဒသနယ္ေျမေတြအေနနဲ႔လည္း ၎တို႔ရဲ႕ က်န္းမာေရးစနစ္ေတြ ခိုင္မာအားေကာင္းေအာင္ လုံးပမ္းလ်က္ ရွိေနပါတယ္။“ေဆး႐ုံမွာ ပစၥည္းေတြက ျပတ္လပ္ေနၿပီ။ အထူးၾကပ္မတ္ကုသကုတင္ေတြနဲ႔ အသက္ရႈကိရိယာေတြအားလုံးဟာလည္း အသုံးျပဳၿပီးသားေတြ ျဖစ္ေနၿပီ။”ဟု League ပါတီအႀကီးအကဲက ေျပာပါတယ္။

မီလန္ျပည္နယ္မွာလည္း ၂၄ နာရီအတြင္းမွာ ဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားသူ ၃၄၃ ဦးရွိခဲ့ၿပီး ၂၃၂၆ ဦးအထိ ျမင့္မားေရာက္ရွိခဲ့တာေၾကာင့္ အႏၲရာယ္အႀကီးဆုံး အေျခအေနမွာ ရွိေနပါတယ္။အစိုးရက အခုႏွစ္ ေနာက္ဆုံးႏွစ္ ေဆးေက်ာင္းသားေတြကို မျဖစ္မေန ေျဖရမယ့္ စာေမး ပြဲေတြ မတိုင္မီ ရွစ္လ၊ ကိုးလအလိုမွာပဲ အလုပ္ခြင္ သြင္းဖို႔ ခြင့္ျပဳေတာ့မွာ ျဖစ္တယ္လို႔ တကၠသိုလ္မ်ားဆိုင္ရာ ဝန္ႀကီးက ေျပာပါတယ္။

REF: LET PAN

UNICODE

“COVID-19 မဖြစ်သေးတဲ့ နိုင်ငံတွေ အားလုံး ရောဂါပိုးပျံ့နှံ့လာနိုင်တာကြောင့် အသင့်ပြင်ထားကြဖို့” ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ သတိပေး

(၂၀၁၉) ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့အထိဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၈၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၆၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မတ် ၁၂ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမှာ တစ်ကမ္ဘာလုံး အဆင့် ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က သတ်မှတ်ထား ကြောင်း သိရသည်။

တရုတ်နိုင်ငံမှာ ဒီဗိုင်းရဗ်စ်ကူးစက်မူနှုန်းနဲ့သေဆုံးသူလျော့ကျလာပေမယ့် တရုတ်နိုင်ငံပြင်ပမှာတော့ အခြေအနေတွေ ဆိုးသထက်ဆိုးလာ နေပြီး အထူးသဖြင့် ဥရောပတိုက်ဟာ တရုတ်နိုင်ငံပြင်ပမှာ အဆိုးရွားဆုံး ကူးစက်ခံရနေပါပြီ ။ကမ္ဘာတဝှမ်း လုံးကို အလျင် အမြန် ပြန့်နှံ့နေ တဲ့ COVID-19 VIRUS ကပ်ရောဂါကြီးရဲ့ အန္တရာယ်ကို ကမ္ဘာ့ နိုင်ငံတော်တေ်ာများများက ထိပ်တိုက်ရင် ဆိုင်နေကြရပြီဖြစ်ပါတယ်။

ဒီရောဂါပိုး ကိုယ့်နိုင်ငံထဲ ရောက်မလာသေးတဲ့နိုင်ငံတွေအနေနဲ့လည်း တကယ်လို့ရောက်လာတဲ့အခါ တိုက်ဖျက်နိုင်အောင် ကြိုတင် ပြင် ဆင်မှုတွေ များစွာလုပ်ဆောင်ထားကြဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အကြီးအကဲ Ghebreyesus က သတိပေး ပြောကြားလိုက် ပါ တယ်။ ခင်ဗျားတို့ ရဲ့လူမှု အသိုင်းဝိုင်းထဲကို ကိုရိုနာဗိုင်းရဗ်စ် ရောက်မလာနိုင်ဘူးလို့ မယူဆကြပါနဲ့။

ဗိုင်းရဗ်စ် ရောက်လာတော့မယ်ဆိုတဲ့အတွေးနဲ့ ကြိုတင် အားလုံး ပြင်ဆင်ထားကြပါ။ ဒီဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ်နဲ့ ရင်မဆိုင်ရနိုင်ဘူးလို့ မတွက်ဆကြပါနဲ့၊ ကိုယ်လဲ ကြုံတွေ့ရမှာဘဲဆိုတဲ့ အယူအဆနဲ့ ကြိုတင် ပြင်ဆင်ထားကြပါ ” လို့ သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော် ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို တွန်းလှန်နိုင်ဖို့အတွက် ရုန်းကန်နေရာမှာ အကူအညီဖြစ်အောင် အီတလီနိုင်ငံဟာ ဆေးကျောင်းသား တွေကို နောက်ဆုံး စာမေးပွဲတွေ မဖြေခိုင်းတော့ဘဲ လုပ်ငန်းခွင်ထဲ တက်သုတ်ရိုက် သွင်းတော့မည် ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ဗဟိုချက် ဖြစ်နေတဲ့ မြောက်ပိုင်းက ဆေးရုံတွေမှာ လူနာနဲ့ ဝန်ထမ်းအား မမျှဖြစ်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်နိုင်ငံလုံးအနှံ့ ကူးစက်ပျံ့နှံ့နေတာကြောင့် ကျန်ဒေသနယ်မြေတွေအနေနဲ့လည်း ၎င်းတို့ရဲ့ ကျန်းမာရေးစနစ်တွေ ခိုင်မာအားကောင်းအောင် လုံးပမ်းလျက် ရှိနေပါတယ်။“ဆေးရုံမှာ ပစ္စည်းတွေက ပြတ်လပ်နေပြီ။ အထူးကြပ်မတ်ကုသကုတင်တွေနဲ့ အသက်ရှုကိရိယာတွေအားလုံးဟာလည်း အသုံးပြုပြီးသားတွေ ဖြစ်နေပြီ။”ဟု League ပါတီအကြီးအကဲက ပြောပါတယ်။

မီလန်ပြည်နယ်မှာလည်း ၂၄ နာရီအတွင်းမှာ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၃၄၃ ဦးရှိခဲ့ပြီး ၂၃၂၆ ဦးအထိ မြင့်မားရောက်ရှိခဲ့တာကြောင့် အန္တရာယ်အကြီးဆုံး အခြေအနေမှာ ရှိနေပါတယ်။အစိုးရက အခုနှစ် နောက်ဆုံးနှစ် ဆေးကျောင်းသားတွေကို မဖြစ်မနေ ဖြေရမယ့် စာမေး ပွဲတွေ မတိုင်မီ ရှစ်လ၊ ကိုးလအလိုမှာပဲ အလုပ်ခွင် သွင်းဖို့ ခွင့်ပြုတော့မှာ ဖြစ်တယ်လို့ တက္ကသိုလ်များဆိုင်ရာ ဝန်ကြီးက ပြောပါတယ်။

REF:     LET  PAN

Add a Comment

Your email address will not be published. Required fields are marked *