႐ိုး႐ိုး အေအးမိဖ်ားနာ တုပ္ေကြး ေရာဂါနဲ႔ (COVID-19)ကို႐ိုနာ ကို ေသခ်ာေအာင္ ခြဲျခားနည္း

ကို႐ိုနာ၊ အေအးမိႏွင့္ တုပ္ေကြးဘာကြာလဲ”ဆိုေတာ့ အေအးမိတာက အဖ်ားရွိတာရွား၊ ေခါင္းကိုက္တာရွား၊ ခႏၶာကိုယ္အနည္းငယ္နာ က်င္ကိုက္ခဲ၊ အနည္းငယ္ႏုံး၊ အလြန္အမင္းပင္ပန္းမႈမရွိ၊ ႏွာေစးႏွာပိတ္ႏွာေခ်အျဖစ္မ်ား၊ လည္ေခ်ာင္းနာအျဖစ္မ်ား၊ ေခ်ာင္းအနည္းငယ္ ဆိုး၊ အသက္ရႉရခက္မႈ မျဖစ္သေလာက္ရွားပါတယ္။

တုပ္ေကြး ျဖစ္ရင္ အပူခ်ိန္ျမင့္၊ ေခါင္းအလြန္ကိုက္၊ ကိုယ္လက္ကိုက္ခဲမႈမ်ား ျပင္းထန္၊ မလႈပ္ခ်င္မကိုင္ခ်င္ေအာင္ႏုံးေခြ၊ အလြန္အမင္းပင္ ပန္း၊ ႏွာေစးႏွာပိတ္ႏွာေခ် တစ္ခါတရံျဖစ္၊ လည္ေခ်ာင္းနာအျဖစ္မ်ား၊ ေခ်ာင္းျပင္းျပင္းထန္ထန္ဆိုး၊ အသက္ရႉရခက္မႈ မျဖစ္သေလာက္ ရွားပါတယ္။

COVID-19 ျဖစ္ၿပီဆိုရင္ေတာ့– ကိုယ္ပူတာအျဖစ္မ်ား၊ ေခါင္းကိုက္တတ္၊ ကိုယ္လက္မ်ားကိုက္ခဲတတ္၊ ႏုံးေခြတတ္၊ အလြန္ပင္ပန္းတတ္၊ ႏွာေစးႏွာပိတ္ႏွာေခ် အျဖစ္နည္း၊ လည္ေခ်ာင္းနာ အျဖစ္နည္း၊ ေခ်ာင္းဆိုးမႈအျဖစ္မ်ား၊ အသက္ရႉရခက္လာပါတယ္။ ဒါက လက္ရွိအေျခ အေနပါ။ ဆက္ၿပီး အေျပာင္းအလဲေတြရွိေနႏိုင္ပါတယ္။

ကို ႐ိုနာ ဗိုင္းရပ္စ္ COVID-19 ျပန႔္ေနတာက ထိန္းမႏိုင္ေအာင္ျဖစ္ေနတဲ့အခ်ိန္ လူေတြၾကားထဲမွာလည္း အေၾကာက္တရားေတြ ပိုၿပီးစိုးမိုး လာ တယ္ ။ ႏွာေစး ေခ်ာင္းဆိုး တာ ဖ်ားတာျဖစ္တာနဲ႔ ကို သို႔ေလာသို႔ေလာေတြ ျဖစ္ကုန္ၾက တယ္ ။ ႏွာေစးေခ်ာင္း ဆိုးၿပီး ဖ်ားတိုင္း ကို႐ိုနာ မဟုတ္ႏိုင္ဘူး။ သူ႔ ထက္ အျဖစ္မ်ား တဲ့ အေအးမိနဲ႔ တုပ္ေကြး ေရာဂါေတြျဖစ္ႏိုင္ ေနေသး တယ္ ။

ဒီ ေတာ့ ကို႐ိုနာ ၊ တုပ္ေကြး နဲ႔ အေအးမိ တာ ေတြ ကို ေယဘူယ် အားျဖင့္ ခြဲျခားလို႔ ရႏိုင္မယ့္ အခ်က္ေတြ ရွိ ပါ တယ္ ။ ကမာၻ႔က်န္းမာေရး အဖြဲ႕အစည္းကေန COVID-19 ရွိေနတဲ့ လူနာေပါင္း ၅၅၀၀၀ ကို စမ္းသပ္စစ္ေဆးၿပီးတဲ့ေနာက္ အျဖစ္အမ်ားဆုံး ေရာဂါလကၡဏာေတြနဲ႔ ဘယ္ေလာက္ပမာဏမွာ ဒီလကၡဏာေတြရွိလဲဆိုတာကို ထုတ္ျပန္ေပးထားပါတယ္။

အျဖစ္အမ်ားဆုံး လကၡဏာေတြကေတာ့…၁။ အဖ်ားရွိျခင္း (၈၈ ရာခိုင္ႏႈန္း) ၂။ ေခ်ာင္းေျခာက္ဆိုးျခင္း (၆၈ ရာခိုင္ႏႈန္း) ၃။ ႏုံးခ်ိျခင္း (၃၈ ရာခိုင္ႏႈန္း) ၄။ ခြၽဲသလိပ္မ်ားထြက္ျခင္း (၃၃ ရာခိုင္ႏႈန္း) ၅။ အသက္ရႉမဝျခင္း (၁၉ ရာခိုင္ႏႈန္း) ၆။ အ႐ိုးအဆစ္မ်ားနာက်င္ျခင္း (၁၅ ရာခိုင္ႏႈန္း) ၇။ လည္ေခ်ာင္းနာျခင္း (၁၄ ရာခိုင္ႏႈန္း) ၈။ ေခါင္းကိုက္ျခင္း (၁၄ ရာခိုင္ႏႈန္း) ၉။ ခ်မ္းတုန္ျခင္း (၁၁ ရာခိုင္ႏႈန္း) ၁၀။ မူးေဝေအာ့အန္ျခင္း (၅ ရာခိုင္ႏႈန္း) ၁၁။ ႏွာေစးႏွာပိတ္ျခင္း (၅ ရာခိုင္ႏႈန္း) ၁၂။ ဝမ္းေလွ်ာျခင္း (၄ ရာခိုင္ႏႈန္း) ၁၃။ ေခ်ာင္းဆိုးေသြးပါျခင္း (၁ ရာခိုင္ႏႈန္း)တို႔ ျဖစ္ပါတယ္။

COVID-19 က အသက္ရႉလမ္းေၾကာင္း ေအာက္ပိုင္းကိုထိခိုက္တဲ့ ေရာဂါျဖစ္တဲ့အတြက္ ေရာဂါလကၡဏာအမ်ားစုက အဆုတ္နဲ႔ ရင္ဘတ္ ေတြမွာခံစားရပါတယ္။ အေအးမိတာနဲ႔ တုပ္ေကြးကေတာ့ အသက္ရႉလမ္းေၾကာင္း အေပၚပိုင္းမွာျဖစ္တဲ့အတြက္ ႏွာေစး ႏွာပိတ္တာေတြ အရမ္းအျဖစ္မ်ားတယ္။ COVID-19 မွာလည္း ျဖစ္တတ္ေပမယ့္ တျခားလကၡဏာေတြနဲ႔ယွဥ္ရင္ ပမာဏနည္းတယ္။

COVID-19 ကူးစက္ခံရၿပီးတဲ့ေနာက္ ေရာဂါလကၡဏာေတြျပသဖို႔အတြက္ ပ်မ္းမွ်အားျဖင့္ အမ်ားစုမွာ ငါးရက္ေလာက္ ၾကာႏိုင္တယ္။ တခ်ိဳ႕ ေတြ ပိုျမန္တယ္။ တခ်ိဳ႕ေတြက်ေႏွးတယ္။ အဲဒါေၾကာင့္ ၂ရက္ကေန ၁၄ရက္အတြင္းလို႔ေျပာထားတာ။ ခြဲထားတဲ့သူေတြကို ၁၄ရက္ ေစာင့္ၾကည့္တယ္ဆိုတာက ေရာဂါကူးစက္ခံရၿပီးရင္ လကၡဏာေတြျပသဖို႔အတြက္ အၾကာဆုံးအခ်ိန္ကိုေစာင့္တာပါ။

ဒီဗိုင္းရပ္စ္ဟာ အသစ္ျဖစ္တာေၾကာင့္ ဘယ္သူ႔ဆီမွာမွ ဒီဗိုင္းရပ္စ္ကို တိုက္ခိုက္ဖို႔အတြက္ ကိုယ္ခံအားမရွိပါဘူး။ အဲဒါေၾကာင့္ ဆက္ၿပီးျပန႔္ ေနဦးမွာပါ။ ေသဆုံးမႈႏႈန္းက တစ္ကမာၻလုံးအတိုင္းအတာနဲ႔ဆိုရင္ ၃ ရာခိုင္ႏႈန္းရွိတယ္။ ေရာဂါျပင္းထန္မႈႏႈန္းက ကူးစက္ခံထားရသူေတြရဲ႕ ၁၀ ရာခိုင္ႏႈန္းရွီတယ္။

အသက္ ၆၀ အထက္ေတြမွာ ကူးစက္ခံရရင္ ျပင္းထန္ၿပီး ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံး၊ ကင္ဆာနဲ႔ အဆုတ္ေရာဂါအခံေတြရွိရင္ ပိုဆိုးတယ္။ ဗိုင္း ရပ္စ္ကို မကူးစက္ေအာင္ကာကြယ္နည္းက အေကာင္းဆုံးျဖစ္တဲ့အတြက္ – လက္ေဆးပါ။ – ဖ်ားေနတဲ့သူေတြနဲ႔ ထိေတြ႕တာေရွာင္ပါ။ – မ်က္လုံး၊ ႏွာေခါင္းနဲ႔ ပါးစပ္ေတြကိုထိေတြ႕တာ မ်က္ႏွာေတြကိုပြတ္သပ္တာ ေရွာင္ပါ။ – လူအမ်ားႀကီးၾကား သြားတာလာတာေရွာင္ပါ။

REF: ေဒါက္တာသူရိန္လႈိင္ဝင္း

UNICODE

ရိုးရိုး အအေးမိဖျားနာ တုပ်ကွေး ရောဂါနဲ့ (COVID-19)ကိုရိုနာ ကို သေချာအောင် ခွဲခြားနည်း

ကိုရိုနာ၊ အအေးမိနှင့် တုပ်ကွေးဘာကွာလဲ”ဆိုတော့ အအေးမိတာက အဖျားရှိတာရှား၊ ခေါင်းကိုက်တာရှား၊ ခန္ဓာကိုယ်အနည်းငယ်နာ ကျင်ကိုက်ခဲ၊ အနည်းငယ်နုံး၊ အလွန်အမင်းပင်ပန်းမှုမရှိ၊ နှာစေးနှာပိတ်နှာချေအဖြစ်များ၊ လည်ချောင်းနာအဖြစ်များ၊ ချောင်းအနည်းငယ် ဆိုး၊ အသက်ရှူရခက်မှု မဖြစ်သလောက်ရှားပါတယ်။

တုပ်ကွေး ဖြစ်ရင် အပူချိန်မြင့်၊ ခေါင်းအလွန်ကိုက်၊ ကိုယ်လက်ကိုက်ခဲမှုများ ပြင်းထန်၊ မလှုပ်ချင်မကိုင်ချင်အောင်နုံးခွေ၊ အလွန်အမင်းပင် ပန်း၊ နှာစေးနှာပိတ်နှာချေ တစ်ခါတရံဖြစ်၊ လည်ချောင်းနာအဖြစ်များ၊ ချောင်းပြင်းပြင်းထန်ထန်ဆိုး၊ အသက်ရှူရခက်မှု မဖြစ်သလောက် ရှားပါတယ်။

COVID-19 ဖြစ်ပြီဆိုရင်တော့– ကိုယ်ပူတာအဖြစ်များ၊ ခေါင်းကိုက်တတ်၊ ကိုယ်လက်များကိုက်ခဲတတ်၊ နုံးခွေတတ်၊ အလွန်ပင်ပန်းတတ်၊ နှာစေးနှာပိတ်နှာချေ အဖြစ်နည်း၊ လည်ချောင်းနာ အဖြစ်နည်း၊ ချောင်းဆိုးမှုအဖြစ်များ၊ အသက်ရှူရခက်လာပါတယ်။ ဒါက လက်ရှိအခြေ အနေပါ။ ဆက်ပြီး အပြောင်းအလဲတွေရှိနေနိုင်ပါတယ်။

ကို ရိုနာ ဗိုင်းရပ်စ် COVID-19 ပြန့်နေတာက ထိန်းမနိုင်အောင်ဖြစ်နေတဲ့အချိန် လူတွေကြားထဲမှာလည်း အကြောက်တရားတွေ ပိုပြီးစိုးမိုး လာ တယ် ။ နှာစေး ချောင်းဆိုး တာ ဖျားတာဖြစ်တာနဲ့ ကို သို့လောသို့လောတွေ ဖြစ်ကုန်ကြ တယ် ။ နှာစေးချောင်း ဆိုးပြီး ဖျားတိုင်း ကိုရိုနာ မဟုတ်နိုင်ဘူး။ သူ့ ထက် အဖြစ်များ တဲ့ အအေးမိနဲ့ တုပ်ကွေး ရောဂါတွေဖြစ်နိုင် နေသေး တယ် ။

ဒီ တော့ ကိုရိုနာ ၊ တုပ်ကွေး နဲ့ အအေးမိ တာ တွေ ကို ယေဘူယျ အားဖြင့် ခွဲခြားလို့ ရနိုင်မယ့် အချက်တွေ ရှိ ပါ တယ် ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကနေ COVID-19 ရှိနေတဲ့ လူနာပေါင်း ၅၅၀၀၀ ကို စမ်းသပ်စစ်ဆေးပြီးတဲ့နောက် အဖြစ်အများဆုံး ရောဂါလက္ခဏာတွေနဲ့ ဘယ်လောက်ပမာဏမှာ ဒီလက္ခဏာတွေရှိလဲဆိုတာကို ထုတ်ပြန်ပေးထားပါတယ်။

အဖြစ်အများဆုံး လက္ခဏာတွေကတော့…၁။ အဖျားရှိခြင်း (၈၈ ရာခိုင်နှုန်း) ၂။ ချောင်းခြောက်ဆိုးခြင်း (၆၈ ရာခိုင်နှုန်း) ၃။ နုံးချိခြင်း (၃၈ ရာခိုင်နှုန်း) ၄။ ချွဲသလိပ်များထွက်ခြင်း (၃၃ ရာခိုင်နှုန်း) ၅။ အသက်ရှူမဝခြင်း (၁၉ ရာခိုင်နှုန်း) ၆။ အရိုးအဆစ်များနာကျင်ခြင်း (၁၅ ရာခိုင်နှုန်း) ၇။ လည်ချောင်းနာခြင်း (၁၄ ရာခိုင်နှုန်း) ၈။ ခေါင်းကိုက်ခြင်း (၁၄ ရာခိုင်နှုန်း) ၉။ ချမ်းတုန်ခြင်း (၁၁ ရာခိုင်နှုန်း) ၁၀။ မူးဝေအော့အန်ခြင်း (၅ ရာခိုင်နှုန်း) ၁၁။ နှာစေးနှာပိတ်ခြင်း (၅ ရာခိုင်နှုန်း) ၁၂။ ဝမ်းလျှောခြင်း (၄ ရာခိုင်နှုန်း) ၁၃။ ချောင်းဆိုးသွေးပါခြင်း (၁ ရာခိုင်နှုန်း)တို့ ဖြစ်ပါတယ်။

COVID-19 က အသက်ရှူလမ်းကြောင်း အောက်ပိုင်းကိုထိခိုက်တဲ့ ရောဂါဖြစ်တဲ့အတွက် ရောဂါလက္ခဏာအများစုက အဆုတ်နဲ့ ရင်ဘတ် တွေမှာခံစားရပါတယ်။ အအေးမိတာနဲ့ တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းမှာဖြစ်တဲ့အတွက် နှာစေး နှာပိတ်တာတွေ အရမ်းအဖြစ်များတယ်။ COVID-19 မှာလည်း ဖြစ်တတ်ပေမယ့် တခြားလက္ခဏာတွေနဲ့ယှဉ်ရင် ပမာဏနည်းတယ်။

COVID-19 ကူးစက်ခံရပြီးတဲ့နောက် ရောဂါလက္ခဏာတွေပြသဖို့အတွက် ပျမ်းမျှအားဖြင့် အများစုမှာ ငါးရက်လောက် ကြာနိုင်တယ်။ တချို့ တွေ ပိုမြန်တယ်။ တချို့တွေကျနှေးတယ်။ အဲဒါကြောင့် ၂ရက်ကနေ ၁၄ရက်အတွင်းလို့ပြောထားတာ။ ခွဲထားတဲ့သူတွေကို ၁၄ရက် စောင့်ကြည့်တယ်ဆိုတာက ရောဂါကူးစက်ခံရပြီးရင် လက္ခဏာတွေပြသဖို့အတွက် အကြာဆုံးအချိန်ကိုစောင့်တာပါ။

ဒီဗိုင်းရပ်စ်ဟာ အသစ်ဖြစ်တာကြောင့် ဘယ်သူ့ဆီမှာမှ ဒီဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့အတွက် ကိုယ်ခံအားမရှိပါဘူး။ အဲဒါကြောင့် ဆက်ပြီးပြန့် နေဦးမှာပါ။ သေဆုံးမှုနှုန်းက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ၃ ရာခိုင်နှုန်းရှိတယ်။ ရောဂါပြင်းထန်မှုနှုန်းက ကူးစက်ခံထားရသူတွေရဲ့ ၁၀ ရာခိုင်နှုန်းရှီတယ်။

အသက် ၆၀ အထက်တွေမှာ ကူးစက်ခံရရင် ပြင်းထန်ပြီး သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကင်ဆာနဲ့ အဆုတ်ရောဂါအခံတွေရှိရင် ပိုဆိုးတယ်။ ဗိုင်း ရပ်စ်ကို မကူးစက်အောင်ကာကွယ်နည်းက အကောင်းဆုံးဖြစ်တဲ့အတွက် – လက်ဆေးပါ။ – ဖျားနေတဲ့သူတွေနဲ့ ထိတွေ့တာရှောင်ပါ။ – မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကိုထိတွေ့တာ မျက်နှာတွေကိုပွတ်သပ်တာ ရှောင်ပါ။ – လူအများကြီးကြား သွားတာလာတာရှောင်ပါ။

REF:    ဒေါက်တာသူရိန်လှိုင်ဝင်း

Add a Comment

Your email address will not be published. Required fields are marked *