၎င်း မိဘများ၏ အနှိုင်းအဆမဲ့ စေတနာ မေတ္တာ များကို ကျေးဇူးတုန့်ပြန်သောအားဖြင့် အပျော်အပါးလွန်ကဲစွာ အထူးသဖြင့် ယောက်ျား လေးများ သောက်စားမူးယစ်ခြင်း၊ မော်တော် ဆိုင်ကယ်များ အရှိန်ပြင်းစွာ ပရမ်းပတာ၊မိဘအဆဲမလွတ် မောင်းနှင်မှု များ မပြုလုပ်ကြဖို့ အသိပေးတိုက်တွန်းပါတယ်။
Credit: Htaynaing Oo
UNICODE
ယခု (၁၀)တန်းစာမေး ပွဲ ဖြေဆိုပြီးကြသည့် ကျောင်း သား/သူလေး များ သတိပြုရန် အထူးသတိပေးချက်
(၂၀၁၉) ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့အထိဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၈၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၆၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မတ် ၁၂ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမှာ တစ်ကမ္ဘာလုံး အဆင့် ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က သတ်မှတ်ထား ကြောင်း သိရသည်။
တရုတ်နိုင်ငံမှာ ဒီဗိုင်းရဗ်စ်ကူးစက်မူနှုန်းနဲ့သေဆုံးသူလျော့ကျလာပေမယ့် တရုတ်နိုင်ငံပြင်ပမှာတော့ အခြေအနေတွေ ဆိုးသထက်ဆိုးလာ နေပြီး အထူးသဖြင့် ဥရောပတိုက်ဟာ တရုတ်နိုင်ငံပြင်ပမှာ အဆိုးရွားဆုံး ကူးစက်ခံရနေပါပြီ ။ကမ္ဘာတဝှမ်း လုံးကို အလျင် အမြန် ပြန့်နှံ့နေ တဲ့ COVID-19 VIRUS ကပ်ရောဂါကြီးရဲ့ အန္တရာယ်ကို ကမ္ဘာ့ နိုင်ငံတော်တေ်ာများများက ထိပ်တိုက်ရင် ဆိုင်နေကြရပြီဖြစ်ပါတယ်။
တ က္ကသိုလ်ဝင် စာမေးပွဲ ဖြေဆို ပြီးကြသော ကျောင်းသားကျောင်း သူ ညီငယ် ညီမငယ်များ သို့…….ယခုဆိုလျှင် စာမေးပွဲဖြေဆို ပြီးကြ မည်ဖြစ်ပါ သည်။မိမိတို့မိဘများသည် ငွေကြေးမြောက် များစွာ အကုန်ကျခံ၍ ယခုချိန်ထိ ကိုယ့်သားသမီးတွေ ပညာတတ်မြောက်စေချင် သော စေတနာမေတ္တာများစွာဖြင့် အပင်ပန်းခံကာ ကြိုးစားရုန်းကန်လျှက် ကျောင်းပညာသင်ကြားတတ်မြောက်စေခဲ့ပါတယ်။
၎င်း မိဘများ၏ အနှိုင်းအဆမဲ့ စေတနာ မေတ္တာ များကို ကျေးဇူးတုန့်ပြန်သောအားဖြင့်် အပျော်အပါးလွန်ကဲစွာ အထူးသဖြင့်် ယောက်ျား လေးများ သောက်စားမူးယစ်ခြင်း၊ မော်တော် ဆိုင်ကယ်များ အရှိန်ပြင်းစွာ ပရမ်းပတာ၊မိဘအဆဲမလွတ် မောင်းနှင်မှု များ မပြုလုပ်ကြဖို့ အသိပေးတိုက်တွန်းပါတယ်။
နှစ်စဉ်နှစ်တိုင်း…တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုပြီးသော ကျောင်းသား များ Accident ဖြစ်ခြင်း ရေနစ်ခြင်း စသည့် အန္တရာယ် များ ကြုံ တွေ့ခဲ့ရသည်ကို ကြားသိတွေ့မြင် ခဲ့ရတဲ့အတွက် အထူးဂရုစိုက်ကြဖို့ လည်း သတိပေးအပ်ပါသည် ။ယခုအချိန် တွင်လည်း Covid 19 ကူးစက်ရောဂါသည်လည်း အခြားနိုင်ငံအသီးသီးတွင်ဖြစ်ပွားနေကြောင်းသိရှိပြီးလည်းဖြစ်ပါသည်။
လူစုလူဝေးများ ကို ရှောင်ရှားခြင်း မိမိကိုယ်ကိုယ် သန့်ရှင်း စွာဖြင့် ကျန်းမာရေးဂရုစိုက်ဖို့လည်း တိုက်တွန်းအပ်ပါသည်။ မိမိတို့ သည် တက္ကသိုလ် ဝင်စာမေးပွဲ အောင်မြင်ပြီး အဆင်မြင့် တက္ကသိုလ်များ တွင် ဆက်လက် ပညာသင်ကြားကြရအုံးမည်ဖြစ်ပါသည်။ နွေရာသီအား လပ်ရက်များတွင် မိဘလုပ်ငန်းများ ဝိုင်းကူခြင်း၊စာဖတ်ခြင်း ပရဟိတလုပ်ငန်းများတွင် ပါဝင်ကူညီပေးခြင်း များပြုလုပ်ကြစေလိုပါသည်။
ဆက်လက်၍ တိုင်းပြည်တာဝန်များကို ဆက်လက် တာဝန်ထမ်းဆောင်ရအုံးမည်ဖြစ်ပါသည်။ မိမိတို့၏ တန်ဖိုးရှိသော ပညာများ အသက် များကို ဉာဏ်ပညာဖြင့် သတိယှဉ်လျှက် ကောင်းမွန်စွာ နေထိုင်ကြပါရန် သားသမီးချင်း ကိုယ်ချင်းစာ ၍ အကြံပြု တင်ပြလိုက်ပါသည်။
Credit:     Htaynaing Oo
Add a Comment
Your email address will not be published. Required fields are marked *