ျမန္မာႏိုင္ငံသူ/ႏိုင္ငံသားတို႔၏ သ စၥာေမ တၱာေၾကာင့္ ကပ္ေရာဂါ မက်ေရာက္ ပဲ ေ႐ြးေကာက္ပြဲကို ေခ်ာေခ်ာေမြ႕ေမြ႕ ေအာင္ျမင္မည္ဟု ေကာ္မရွင္ေျပာ

ယခုလက္ရွိ အေျခခံ မဲ စာရင္ေကာက္ခံထားမႈ အေျခအေန အရ ျပည္တြင္းတြင္ မဲေပးခြင့္ ရွိသူ အေရအတြက္ သည္ မတ္လ ၃ ရက္ေန႔ ၏ စာရင္းအရ ၃၇ သန္း ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

လာမည့္ ေ႐ြးေကာက္ပြဲကို မည္သည့္အခ်ိန္တြင္က်င္းပမည္ကို အတိအက် ေျပာၾကား ခဲ့ျခင္းမရွိဘဲ ယခင္ကက်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲမ်ားနည္းတူ က်င္းပမည္ ဟုသာ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က ေျပာၾကားလိုက္ေၾကာင္း သိရသည္။

ကမာၻ တြင္ က်ေရာက္ေနသည့္ ကို႐ိုနာ ကပ္ေရာဂါသည္ သစၥာေမတၱာေၾကာင့္ ျမန္မာႏိုင္ငံတြင္ မျဖစ္ပြားပဲ လာမည့္ ေ႐ြးေကာက္ပြႀကိဳ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ဦးျမင့္ႏိုင္က ေျပာသည္။

မတ္လ ၁၉ရက္ေန႔ ေနလည္က ျပဳလုပ္သည့္ ျပည္ ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္၏ သတင္းစာရွင္းလင္းပြဲတြင္ ကို႐ိုနာ ဗိုင္းရပ္စ္ ေၾကာင့္ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္အေပၚ မည္သည့္ သက္ေရာက္မႈရ်ိသနည္း မည္ကဲ့သို႔ ျပင္ဆင္ထားသနည္းဟု ေမးျမန္းခဲ့သည္။

ေမးျမန္းမႈ အေပၚ ျပန္လည္ေျဖၾကားရာတြင္ အထက္ပါအတိုင္း ေျပာၾကားျခင္း ျဖစ္သည္။ ထို႔အျပင္ မဲလက္မွတ္မ်ားကို အျဖဴေရာင္ သုံး မည္ျဖစ္ကာ ေ႐ြးေကာက္ပြဲအသုံးစာရိတ္အတြက္ ေငြက်ပ္ ဘီလီယံ ၅၀ ခန႔္ အသုံးျပဳေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာဆိုသြားသည္။

REF: MIZZIMA

UNICODE

မြန်မာနိုင်ငံသူ/နိုင်ငံသားတို့၏ သ စ္စာမေ တ္တာကြောင့် ကပ်ရောဂါ မကျရောက် ပဲ ရွေးကောက်ပွဲကို ချောချောမွေ့မွေ့ အောင်မြင်မည်ဟု ကော်မရှင်ပြော

ယခုလက်ရှိ အခြေခံ မဲ စာရင်ကောက်ခံထားမှု အခြေအနေ အရ ပြည်တွင်းတွင် မဲပေးခွင့် ရှိသူ အရေအတွက် သည် မတ်လ ၃ ရက်နေ့ ၏ စာရင်းအရ ၃၇ သန်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

လာမည့် ရွေးကောက်ပွဲကို မည်သည့်အချိန်တွင်ကျင်းပမည်ကို အတိအကျ ပြောကြား ခဲ့ခြင်းမရှိဘဲ ယခင်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲများနည်းတူ ကျင်းပမည် ဟုသာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားလိုက်ကြောင်း သိရသည်။

ကမ္ဘာ တွင် ကျရောက်နေသည့် ကိုရိုနာ ကပ်ရောဂါသည် သစ္စာမေတ္တာကြောင့် မြန်မာနိုင်ငံတွင် မဖြစ်ပွားပဲ လာမည့် ရွေးကောက်ပွကြို အောင်အောင်မြင်မြင် ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း ဦးမြင့်နိုင်က ပြောသည်။

မတ်လ ၁၉ရက်နေ့ နေလည်က ပြုလုပ်သည့် ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သတင်းစာရှင်းလင်းပွဲတွင် ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် မည်သည့် သက်ရောက်မှုရျိသနည်း မည်ကဲ့သို့ ပြင်ဆင်ထားသနည်းဟု မေးမြန်းခဲ့သည်။

မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ ထို့အပြင် မဲလက်မှတ်များကို အဖြူရောင် သုံး မည်ဖြစ်ကာ ရွေးကောက်ပွဲအသုံးစာရိတ်အတွက် ငွေကျပ် ဘီလီယံ ၅၀ ခန့် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။

REF:   MIZZIMA

Add a Comment

Your email address will not be published. Required fields are marked *