ျမန္ မာႏိုင္ငံတစ္ဝန္းရွိ နယ္စပ္စစ္ေဆးေ ရး အဝင္/အထြက္ဂိတ္မ်ား အားလုံးကို ႏိုင္ငံျခား သားမ်ား ဝင္ေရာက္ခြ င့္ပိတ္ပင္

ျမန္မာႏိုင္ငံသို႔ ျပည္ဝင္ခြင့္ဗီဇာ ရရွိထားတဲ့ ႏိုင္ငံျခားသားေတြ အေနနဲ႔ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၊ မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္နဲ႔ ေနျပည္ေတာ္အျပည္ျပည္ဆိုင္ရာေလဆိပ္ကေနသာ တည္ဆဲစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ဆက္လက္ဝင္ေရာက္ခြင့္ ထြက္ ခြာခြင့္ျပဳမယ္လို႔လည္း အစိုးရက အသိေပးထုတ္ျပန္ထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ကို ကမာၻ႔က်န္းမာေရးအဖြဲ႕ က ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားၿပီး ကမာၻ႔ႏိုင္ငံေပါင္း ၁၅၀ ေက်ာ္သို႔ ကူး စက္ျပန႔္ ႏွံ႔ ေနၿပီ ျဖစ္ကာ သူဆုံးသူစုစုေပါင္း (၇၉၀၀) ေက်ာ္အထိ ရွိေနၿပီျဖစ္ပါတယ္။ျမန္မာႏိုင္ငံမွာေတာ့ သည္ကေန႔ အခ်ိန္အထိ ကူးစက္ခံရသူ တစ္ဦး တစ္ေယာက္မွ် မေတြ႕ ရွိရေသးဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ပါတယ္။

ျမန္ မာနယ္စပ္စစ္ေဆးေရးဂိတ္ေတြကေန ျပည္ဝင္ခြင့္ဗီဇာနဲ႔ ႏိုင္ငံျခားသားေတြ ဝင္ေရာက္ခြင့္ကို မတ္လ ၁၉ ရက္ကစတင္ ယာယီပိတ္ပင္ တားျမစ္လိုက္တဲ့ အေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနက အသိေပးေၾကညာပါတယ္။ COVID -19 ေရာဂါ ျပည္ပမွ ကူးစက္ျပန႔္ပြားမႈကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ မည့္သည့္ ႏိုင္ငံျခားသားကိုမဆို ျမန္မာႏိုင္ငံနဲ႔ အိမ္နီးခ်င္းႏိုင္ ငံေတြအၾကားဖြင့္လွစ္ထားတဲ့ နယ္စပ္စစ္ေဆးေရးဂိတ္ေတြကတဆင့္ ျမန္မာႏိုင္ငံဘက္ကို ျပည္ဝင္ခြင့္ဗီဇာနဲ႔ ဝင္ေရာက္ခြင့္ကို ယာယီ ပိတ္ပင္ထားျမစ္လိုက္ေၾကာင္း ထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

ႏွစ္ဖက္ေဒသခံ ျပည္သူေတြ နယ္စပ္ ျဖတ္ေက်ာ္ခြင့္လက္မွတ္ (Border Pass) နဲ႔ ဝင္ေရာက္ခြင့္ကိုမူေတာ့ ပိတ္ပင္မွာမဟုတ္ဘဲ ဝင္ေရာက္ လာသူေတြကို ကိုယ္အပူခ်ိန္ တိုင္းတာတာနဲ႔ က်န္းမာေရးစိစစ္တာေတြ တင္းၾကပ္စြာ ေဆာင္႐ြက္သြားမယ္လို႔လည္း ဆိုပါတယ္။ ျမန္မာ-ထိုင္းနယ္စပ္ဂိတ္ေတြရွိရာ ျမဝတီ၊ ေကာ့ေသာင္းနဲ႔ တာခ်ီလိတ္ၿမိဳ႕ေတြမွာ မတ္လ ၁၉ ရက္ မနက္ ၁၀ နာရီကစတင္ၿပီး ႏိုင္ငံျခားသားအဝင္အထြက္အားလုံးကိုပိတ္ထားလိုက္ၿပီ ျဖစ္ပါတယ္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ ျမန္မာ-ထိုင္းခ်စ္ၾကည္ေရးတံတားအမွတ္(၁) ျဖတ္သန္းရာမွာ ျမန္မာႏိုင္ငံသားနဲ႔ ထိုင္းႏိုင္ငံသားေတြကလြဲၿပီး တျခားႏိုင္ငံသားေတြ ဝင္ခြင့္ကို ဒီကေန႔ မနက္က စတင္ပိတ္လိုက္ပါတယ္။အသက္႐ူလမ္းေၾကာင္းဆိုင္ရာကူးစက္ျမန္ေရာဂါ ကို႐ိုနာဗိုင္း ရပ္စ္ ကူးစက္ခံရတဲ့ ႏိုင္ငံျခားသား ဝင္ေရာက္လာၿပီး ျပည္တြင္းကႏိုင္ငံသူ ႏိုငငံသားေတြကိုေရာဂါ မကူးစက္ႏိုင္ေရးအတြက္ ႀကိဳတင္ကာ ကြယ္တဲ့ အေနနဲ႔ လုပ္ေဆာင္တာျဖစ္ပါတယ္။

မဲေဆာက္-ျမဝတီခ်စ္ၾကည္ေရး တံတားေပၚကေန ေန႔စဥ္ျဖတ္သန္းသူ အမ်ားအျပား ရွိေနၿပီး ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ၿပီး သၾကၤန္ကာလ ေနရပ္ျပန္သူအေနနဲ႔ လက္ရွိကာလမွာလူဦးေရ ၃၅၀၀ ပမာဏရွိေနတယ္လို႔ ကရင္ျပည္နယ္လူမႈေရးဝန္ႀကီး ေစာဘိုဘိုေဝေမာင္က ေျပာပါ တယ္။COVID-19 ဗိုင္းရပ္စ္ကူးစက္တာမရွိေစဖို႔ ျမဝတီနယ္စပ္မွာ က်န္းမာေရးစစ္ေဆးေပးတဲ့ လုပ္ငန္းေတြကိုအေလး ထားေဆာင္႐ြက္ ေနၿပီး ျပည္နယ္အစိုးရအျပင္၊ ဝင္မႈႀကီးၾကပ္ေရးစတဲ့ ဌာနေပါင္းစုံ စုေပါင္းေဆာင္႐ြက္တာေတြရွိေနတယ္လို႔ ကရင္ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ေျပာပါတယ္။

ဒါ့အျပင္ခ်စ္ၾကည္ေရးတံတားေပၚကေန ႏိုင္ငံတြင္းျပန္မဝင္ပဲ ေသာင္ရင္းျမစ္ကေနေလွနဲ႔ ဝင္ထြက္သြားလာေနတဲ့ ေ႐ြ႕ေျပာင္းလုပ္သား ေတြကိုလည္း ျမဝတီၿမိဳ႕က တာဝန္ရွိသူေတြနဲ႔ ျပည္နယ္အစိုးရကေန က်န္းမာေရးစစ္ေဆး လုပ္ေဆာင္ေနပါတယ္။အလားတူ တနသၤာရီ တိုင္းေဒသႀကီး ေကာ့ေသာင္းနယ္စပ္ဂိတ္မွာ ဒီေန႔ မနက္ ၁၀ နာရီကစတင္ၿပီး ႏိုင္ငံျခားသားအဝင္အထြက္အားလုံးကို ယာယီပိတ္လိုက္ တယ္လို႔ ေကာ့ေသာင္း လဝက႐ုံးက သိရပါတယ္။

ေကာ့ေသာင္း လဝက ဒုတိယဌာနခြဲမႉး ဦးသန္းထြဋ္လြင္ “က်ေနာ္တို ဒီေန႔ ၫႊန္ၾကားစာေရာက္ပါတယ္။ ႏိုင္ငံျခားသားေတြကို ပိတ္တယ္ ဆိုတဲ့ေနရာမွာ ျမန္မာႏိုင္ငံကိုဝင္လာမယ့္ ႏိုင္ငံျခားသားေတြ ႏိုင္ငံကူးလက္မွတ္ေတြနဲ႔ အဝင္ဗီဇာ ကင္းလြတ္ခြင့္ ဝင္ေရာက္လာတဲ့ ႏိုင္ငံ ျခားသားေတြကို ပိတ္တာပါ” လို႔ ေျပာပါတယ္။ဒီလို ပိတ္တဲ့ေနရာမွာ ေန႔စဥ္သြားလာေနတဲ့ ထိုင္းႏိုင္ငံသားေတြ၊ ျမန္မာႏိုင္ငံသားေတြ၊ (TBP) နဲ႔ (BP) ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ ကိုင္ေဆာင္သူေတြနဲ႔ ျမန္မာႏိုင္ငံသားေတြ မပါဘူးလို႔ သိရပါတယ္။

REF: ဒီဗြီဘီ

UNICODE

မြန် မာနိုင်ငံတစ်ဝန်းရှိ နယ်စပ်စစ်ဆေးေ ရး အဝင်/အထွက်ဂိတ်များ အားလုံးကို နိုင်ငံခြား သားများ ဝင်ရောက်ခွ င့်ပိတ်ပင်

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ရရှိထားတဲ့ နိုင်ငံခြားသားတွေ အနေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေသာ တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဝင်ရောက်ခွင့် ထွက် ခွာခွင့်ပြုမယ်လို့လည်း အစိုးရက အသိပေးထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်သို့ ကူး စက်ပြန့် နှံ့ နေပြီ ဖြစ်ကာ သူဆုံးသူစုစုပေါင်း (၇၉၀၀) ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ သည်ကနေ့ အချိန်အထိ ကူးစက်ခံရသူ တစ်ဦး တစ်ယောက်မျှ မတွေ့ ရှိရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပါတယ်။

မြန် မာနယ်စပ်စစ်ဆေးရေးဂိတ်တွေကနေ ပြည်ဝင်ခွင့်ဗီဇာနဲ့ နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ကို မတ်လ ၁၉ ရက်ကစတင် ယာယီပိတ်ပင် တားမြစ်လိုက်တဲ့ အကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။ COVID -19 ရောဂါ ပြည်ပမှ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် မည့်သည့် နိုင်ငံခြားသားကိုမဆို မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင် ငံတွေအကြားဖွင့်လှစ်ထားတဲ့ နယ်စပ်စစ်ဆေးရေးဂိတ်တွေကတဆင့် မြန်မာနိုင်ငံဘက်ကို ပြည်ဝင်ခွင့်ဗီဇာနဲ့ ဝင်ရောက်ခွင့်ကို ယာယီ ပိတ်ပင်ထားမြစ်လိုက်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

နှစ်ဖက်ဒေသခံ ပြည်သူတွေ နယ်စပ် ဖြတ်ကျော်ခွင့်လက်မှတ် (Border Pass) နဲ့ ဝင်ရောက်ခွင့်ကိုမူတော့ ပိတ်ပင်မှာမဟုတ်ဘဲ ဝင်ရောက် လာသူတွေကို ကိုယ်အပူချိန် တိုင်းတာတာနဲ့ ကျန်းမာရေးစိစစ်တာတွေ တင်းကြပ်စွာ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ဂိတ်တွေရှိရာ မြဝတီ၊ ကော့သောင်းနဲ့ တာချီလိတ်မြို့တွေမှာ မတ်လ ၁၉ ရက် မနက် ၁၀ နာရီကစတင်ပြီး နိုင်ငံခြားသားအဝင်အထွက်အားလုံးကိုပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁) ဖြတ်သန်းရာမှာ မြန်မာနိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေကလွဲပြီး တခြားနိုင်ငံသားတွေ ဝင်ခွင့်ကို ဒီကနေ့ မနက်က စတင်ပိတ်လိုက်ပါတယ်။အသက်ရူလမ်းကြောင်းဆိုင်ရာကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်း ရပ်စ် ကူးစက်ခံရတဲ့ နိုင်ငံခြားသား ဝင်ရောက်လာပြီး ပြည်တွင်းကနိုင်ငံသူ နိုငငံသားတွေကိုရောဂါ မကူးစက်နိုင်ရေးအတွက် ကြိုတင်ကာ ကွယ်တဲ့ အနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။

မဲဆောက်-မြဝတီချစ်ကြည်ရေး တံတားပေါ်ကနေ နေ့စဉ်ဖြတ်သန်းသူ အများအပြား ရှိနေပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး သင်္ကြန်ကာလ နေရပ်ပြန်သူအနေနဲ့ လက်ရှိကာလမှာလူဦးရေ ၃၅၀၀ ပမာဏရှိနေတယ်လို့ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ပြောပါ တယ်။COVID-19 ဗိုင်းရပ်စ်ကူးစက်တာမရှိစေဖို့ မြဝတီနယ်စပ်မှာ ကျန်းမာရေးစစ်ဆေးပေးတဲ့ လုပ်ငန်းတွေကိုအလေး ထားဆောင်ရွက် နေပြီး ပြည်နယ်အစိုးရအပြင်၊ ဝင်မှုကြီးကြပ်ရေးစတဲ့ ဌာနပေါင်းစုံ စုပေါင်းဆောင်ရွက်တာတွေရှိနေတယ်လို့ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

ဒါ့အပြင်ချစ်ကြည်ရေးတံတားပေါ်ကနေ နိုင်ငံတွင်းပြန်မဝင်ပဲ သောင်ရင်းမြစ်ကနေလှေနဲ့ ဝင်ထွက်သွားလာနေတဲ့ ရွေ့ပြောင်းလုပ်သား တွေကိုလည်း မြဝတီမြို့က တာဝန်ရှိသူတွေနဲ့ ပြည်နယ်အစိုးရကနေ ကျန်းမာရေးစစ်ဆေး လုပ်ဆောင်နေပါတယ်။အလားတူ တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းနယ်စပ်ဂိတ်မှာ ဒီနေ့ မနက် ၁၀ နာရီကစတင်ပြီး နိုင်ငံခြားသားအဝင်အထွက်အားလုံးကို ယာယီပိတ်လိုက် တယ်လို့ ကော့သောင်း လဝကရုံးက သိရပါတယ်။

ကော့သောင်း လဝက ဒုတိယဌာနခွဲမှူး ဦးသန်းထွဋ်လွင် “ကျနော်တို ဒီနေ့ ညွှန်ကြားစာရောက်ပါတယ်။ နိုင်ငံခြားသားတွေကို ပိတ်တယ် ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံကိုဝင်လာမယ့် နိုင်ငံခြားသားတွေ နိုင်ငံကူးလက်မှတ်တွေနဲ့ အဝင်ဗီဇာ ကင်းလွတ်ခွင့် ဝင်ရောက်လာတဲ့ နိုင်ငံ ခြားသားတွေကို ပိတ်တာပါ” လို့ ပြောပါတယ်။ဒီလို ပိတ်တဲ့နေရာမှာ နေ့စဉ်သွားလာနေတဲ့ ထိုင်းနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေ၊ (TBP) နဲ့ (BP) ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ကိုင်ဆောင်သူတွေနဲ့ မြန်မာနိုင်ငံသားတွေ မပါဘူးလို့ သိရပါတယ်။

REF:     ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *