ျမန္မာႏိုင္ငံအတြင္း ႏွစ္ေ ပါင္း ၅၀ ေက်ာ္ အ တြင္း ဘာသာသာသနာအတြက္ ပထမဦး ဆုံး ပိဋကတ္တစ္ပုံေ ဆာင္အမ်ိဳး သမီး(သို႔မဟုတ္)အာဂဓမၼခရီး သည္

ဒီဆရာမႀကီးဟာ ခက္ေပ့ဆိုတဲ့ ပ႒ာန္းက်မ္း ေရးေျဖေတြမွာ ထူးခြၽန္စြာ ေျဖဆိုႏိုင္လို႔ (အဂၢ ဝီရ ပ႒ာနနယ သာဂရဝိဓူ)ဆိုတဲ့ ဘြဲ႕ထူးကို လည္း တိပိဋကဓရ ေယာဆရာေတာ္ဘုရားႀကီးက ထပ္ဆင့္ ဂုဏ္ျပဳခ်ီးက်ဴး ခဲ့ရပါတယ္။ ဒါ့အျပင္ အဘိဓမၼာျပန႔္ပြားေရးအသင္းႀကီး ကလည္း ဆရာမႀကီးကို ခ်ီးျမႇင့္ေငြ သိန္း(၁၀၀) ခ်ီးျမႇင့္ ေပးအပ္ခဲ့ေၾကာင္း ဝမ္းေျမာက္ဖြယ္ ၾကားသိရပါတယ္။

ဒါေၾကာင့္မို႔ လူဝတ္ေၾကာင္ အမ်ိဳးသား အမ်ိဳးသမီးမ်ားအဖို႔ ဆရာမႀကီး ေဒၚလွလွဝင္းကို ဂုဏ္ယူ သာဓုေခၚၿပီး အတုယူ သာသနာျပဳႏိုင္ပါ ေစေၾကာင္း ဝမ္းေျမာက္စြာ ေဖာ္ျပလိုက္ရပါသည္။ ဒီေက န႔ ၅၂ႀကိမ္ေျမာက္ အဘိဓမၼစာေတာ္ျပန္ပြဲ ဘြဲ႕ႏွင္းသဘင္ဟာ ထူးျခားမႈေတြနဲ႔ ျပည့္ နက္ေနပါတယ္။ ႏွစ္ေပါင္း ၅၀ ေက်ာ္ အတြင္း ပထမဦးဆုံး ပိဋကတ္ တစ္ပုံေဆာင္ အမ်ိဳးသမီး တစ္ဦး ထြက္ေပၚလာခဲ့ပါတယ္။

အမ်ိဳးသမီးေတြအတြက္ေတာ့ တကယ္ အားတက္စရာပါပဲ။ ဒါဟာ အမ်ိဳးသမီးေတြလည္း လုပ္ခြင့္ရွိတယ္၊ လုပ္ႏိုင္တယ္ဆိုတာကို သက္ ေသျပသြားခဲ့တာ ျဖစ္ပါတယ္။ အ စိုးရစစ္ တိပိဋက ေ႐ြးခ်ယ္ေရး စာေမးပြဲေတြမွာ ပိဋကတ္ေတြ ေဆာင္ဖို႔ဆိုတာ အမ်ိဳးသား ရဟန္းေတာ္ မ်ားမွာသာ အခြင့္အေရးရွိပါတယ္။

အဘိဓမၼာျပန႔္ပြားေရးအသင္းႀကီးက က်င္းပတဲ့အဘိဓမၼစာေတာ္ျပန္ပြဲမွာေတာ့ က်ား/မ မေ႐ြး ေျဖဆိုခြင့္ျပဳထားတာမို႔ အခြင့္အေရး တန္းတူပါပဲ။ တကယ္ေတာ့ အဘိဓမၼပိဋကတ္ဟာ ပိဋကတ္ ၃ပုံအနက္ အက်ယ္ဆုံးနဲ႔ အခက္ဆုံးလို႔ ေျပာလို႔ရပါတယ္။ အထူးသျဖင့္ အာဂုံထက္ သေဘာေရးေျဖ စားေမးပြဲေတြဟာ ဉာဏ္သက္ဝင္ဖို႔ အလြန္ခက္ပါတယ္။

အဘိဓမၼာ အထက္ပိုင္းျဖစ္တဲ့ ယမိုက္ ပ႒ာန္းေတြမွာ သာ၍ ခက္ခဲပါတယ္။ အဘိဓမၼာ ၇က်မ္း၊ စာအုပ္ေရ ၁၂အုပ္၊ စာမ်က္ႏွာေပါင္း ၄၉၈၇ ကို အာဂုံလည္း အလြတ္႐ြတ္ဖတ္ႏိုင္ဖို႔ လိုသလို၊ သေဘာေရးေျဖ ကိုလည္း ေကာင္းစြာ ေျဖဆိုႏိုင္ဖို႔ လိုပါတယ္။လူပုဂၢိဳလ္မ်ားအဖို႔ ဒါကို ေျဖ ခြင့္မရမီ အေျခခံ အဆင့္ကို အရင္ ျဖတ္ေက်ာ္ရပါတယ္။

က်မ္းအစိတ္အပိုင္း ၁၅ပိုင္းကို ဦးစြာ ေျဖဆိုေအာင္ျမင္ၿပီးကာမွ အထက္ေဖာ္ျပပါ စာမ်က္ႏွာ ၄၉၈၇ကို ေျဖဆိုခြင့္ရွိပါတယ္။ အေျခခံအဆင့္ မွာတင္ပဲ ၅ႏွစ္ ၆ႏွစ္ အခ်ိန္ယူရေလ့ရွိတာမို႔ အလြန္ရွည္လ်ားတဲ့ ဓမၼခရီးလို႔ ဆိုရမွာ ျဖစ္ပါတယ္။ အထက္ပါခရီးရွည္ႀကီးကို ဆရာမႀကီး (ေဒၚလွလွဝင္း)ကေတာ့ ပညာ သဒၶါ ဝီရိယေတြနဲ႔ အေကာင္းဆုံး ျဖတ္ေက်ာ္ႏိုင္ခဲ့ပါၿပီ။

ေဒၚလွလွဝင္း(မဟာအာဘိဓမၼိက ကလ်ာဏဉာဏဓဇ၊ မဟာအာဘိဓမၿမိက အဂျဂဝိသာရဒ ဉာဏိနီ၊အဂၢ ဝီရ ပ႒ာနနယ သာဂရဝိဓူ)အား ဂုဏ္ျပဳ၍ေမတၱာျဖင့္၊ ေမာင္ေစာ(25-12-2019)(ဆရာမႀကီးသည္ ရန္ကုန္တိုင္း အလုံၿမိဳ႕နယ္တြင္ ေနထိုင္လ်က္ရွိၿပီး တရားဓမၼမ်ား ျဖန႔္ ေဝသင္ၾကားလ်က္ ရွိပါသည္။)

Writer ; Kwee (Jeeptoolay)

credit -Source ; Mg Saw

UNICODE

မြန်မာနိုင်ငံအတွင်း နှစ်ေ ပါင်း ၅၀ ကျော် အ တွင်း ဘာသာသာသနာအတွက် ပထမဦး ဆုံး ပိဋကတ်တစ်ပုံေ ဆာင်အမျိုး သမီး(သို့မဟုတ်)အာဂဓမ္မခရီး သည်

ဒီဆရာမကြီးဟာ ခက်ပေ့ဆိုတဲ့ ပဋ္ဌာန်းကျမ်း ရေးဖြေတွေမှာ ထူးချွန်စွာ ဖြေဆိုနိုင်လို့ (အဂ္ဂ ဝီရ ပဋ္ဌာနနယ သာဂရဝိဓူ)ဆိုတဲ့ ဘွဲ့ထူးကို လည်း တိပိဋကဓရ ယောဆရာတော်ဘုရားကြီးက ထပ်ဆင့် ဂုဏ်ပြုချီးကျူး ခဲ့ရပါတယ်။ ဒါ့အပြင် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး ကလည်း ဆရာမကြီးကို ချီးမြှင့်ငွေ သိန်း(၁၀၀) ချီးမြှင့် ပေးအပ်ခဲ့ကြောင်း ဝမ်းမြောက်ဖွယ် ကြားသိရပါတယ်။

ဒါကြောင့်မို့ လူဝတ်ကြောင် အမျိုးသား အမျိုးသမီးများအဖို့ ဆရာမကြီး ဒေါ်လှလှဝင်းကို ဂုဏ်ယူ သာဓုခေါ်ပြီး အတုယူ သာသနာပြုနိုင်ပါ စေကြောင်း ဝမ်းမြောက်စွာ ဖော်ပြလိုက်ရပါသည်။ ဒီကေ န့ ၅၂ကြိမ်မြောက် အဘိဓမ္မစာတော်ပြန်ပွဲ ဘွဲ့နှင်းသဘင်ဟာ ထူးခြားမှုတွေနဲ့ ပြည့် နက်နေပါတယ်။ နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဦးဆုံး ပိဋကတ် တစ်ပုံဆောင် အမျိုးသမီး တစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်။

အမျိုးသမီးတွေအတွက်တော့ တကယ် အားတက်စရာပါပဲ။ ဒါဟာ အမျိုးသမီးတွေလည်း လုပ်ခွင့်ရှိတယ်၊ လုပ်နိုင်တယ်ဆိုတာကို သက် သေပြသွားခဲ့တာ ဖြစ်ပါတယ်။ အ စိုးရစစ် တိပိဋက ရွေးချယ်ရေး စာမေးပွဲတွေမှာ ပိဋကတ်တွေ ဆောင်ဖို့ဆိုတာ အမျိုးသား ရဟန်းတော် များမှာသာ အခွင့်အရေးရှိပါတယ်။

အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးက ကျင်းပတဲ့အဘိဓမ္မစာတော်ပြန်ပွဲမှာတော့ ကျား/မ မရွေး ဖြေဆိုခွင့်ပြုထားတာမို့ အခွင့်အရေး တန်းတူပါပဲ။ တကယ်တော့ အဘိဓမ္မပိဋကတ်ဟာ ပိဋကတ် ၃ပုံအနက် အကျယ်ဆုံးနဲ့ အခက်ဆုံးလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် အာဂုံထက် သဘောရေးဖြေ စားမေးပွဲတွေဟာ ဉာဏ်သက်ဝင်ဖို့ အလွန်ခက်ပါတယ်။

အဘိဓမ္မာ အထက်ပိုင်းဖြစ်တဲ့ ယမိုက် ပဋ္ဌာန်းတွေမှာ သာ၍ ခက်ခဲပါတယ်။ အဘိဓမ္မာ ၇ကျမ်း၊ စာအုပ်ရေ ၁၂အုပ်၊ စာမျက်နှာပေါင်း ၄၉၈၇ ကို အာဂုံလည်း အလွတ်ရွတ်ဖတ်နိုင်ဖို့ လိုသလို၊ သဘောရေးဖြေ ကိုလည်း ကောင်းစွာ ဖြေဆိုနိုင်ဖို့ လိုပါတယ်။လူပုဂ္ဂိုလ်များအဖို့ ဒါကို ဖြေ ခွင့်မရမီ အခြေခံ အဆင့်ကို အရင် ဖြတ်ကျော်ရပါတယ်။

ကျမ်းအစိတ်အပိုင်း ၁၅ပိုင်းကို ဦးစွာ ဖြေဆိုအောင်မြင်ပြီးကာမှ အထက်ဖော်ပြပါ စာမျက်နှာ ၄၉၈၇ကို ဖြေဆိုခွင့်ရှိပါတယ်။ အခြေခံအဆင့် မှာတင်ပဲ ၅နှစ် ၆နှစ် အချိန်ယူရလေ့ရှိတာမို့ အလွန်ရှည်လျားတဲ့ ဓမ္မခရီးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အထက်ပါခရီးရှည်ကြီးကို ဆရာမကြီး (ဒေါ်လှလှဝင်း)ကတော့ ပညာ သဒ္ဓါ ဝီရိယတွေနဲ့ အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပါပြီ။

ဒေါ်လှလှဝင်း(မဟာအာဘိဓမ္မိက ကလျာဏဉာဏဓဇ၊ မဟာအာဘိဓမမြိက အဂဂြဝိသာရဒ ဉာဏိနီ၊အဂ္ဂ ဝီရ ပဋ္ဌာနနယ သာဂရဝိဓူ)အား ဂုဏ်ပြု၍မေတ္တာဖြင့်၊ မောင်စော(25-12-2019)(ဆရာမကြီးသည် ရန်ကုန်တိုင်း အလုံမြို့နယ်တွင် နေထိုင်လျက်ရှိပြီး တရားဓမ္မများ ဖြန့် ဝေသင်ကြားလျက် ရှိပါသည်။)

Writer ; Kwee (Jeeptoolay)

credit -Source ; Mg Saw

Add a Comment

Your email address will not be published. Required fields are marked *