ဂ်ပန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကို ကုသရာရန္ အသုံးျပဳသည့္ တုပ္ေကြးေဆးတစ္မ်ိဳးသည္ သိသိသာသာ ထိေရာက္မႈ ရွိသည္ဟု တ႐ုတ္ေျပာၾကား

HIV တြင္ အသုံးျပဳေသာ ေဆးဝါးမ်ားျဖစ္ၾကသည့္ Lopinavir ႏွင့္ Ritonavir ေဆးဝါးႏွစ္မ်ိဳး ေပါင္းစပ္လ်က္ ကို႐ိုနာဗိုင္းရပ္စ္လူနာမ်ား တြင္ အသုံးျပဳသည့္ ေလ့လာခ်က္တြင္လည္း အလားတူ အကန႔္အသတ္ရွိျခင္းမ်ား ရွိေၾကာင္း ေတြ႕ရွိခဲ့ၿပီးျဖစ္သည္။၂၀၁၆က ဂ်ပန္အစိုးရ သည္ ဂီနီႏိုင္ငံ၌ အီဘိုလာဗိုင္းရပ္စ္ေရာဂါ ျဖစ္ပြားမႈကို တုံ႔ျပန္ရန္ အကူအညီတစ္ရပ္အျဖစ္ Favipiravir ေဆးဝါးမ်ား ေထာက္ပံ့ခဲ့ဖူးသည္။

Favipiravir ကို မူရင္းအျဖစ္ တုပ္ေကြးသရန္သာ ရည္႐ြယ္ထားေသာေၾကာင့္ COVID-19 လူနာမ်ား၌ အျပည့္အဝ ကုသရန္အ တြက္ အ စိုးရ၏ အတည္ျပဳခ်က္ လိုအပ္မည္ျဖစ္သည္။တ႐ုတ္ ႏိုင္ငံမွ က်န္းမာေရး အာဏာပိုင္ မ်ားက တုပ္ေကြး မ်ိဳးကြဲအသစ္မ်ား အ တြက္ ကုသ ရန္ ဂ်ပန္ ႏိုင္ငံ ၌ အသုံးျပဳ သည့္ ေဆးတစ္မ်ိဳးသည္ ကို႐ိုနာလူနာ မ်ားကို ကုသရာတြင္ ထိေရာက္မႈ ရွိေၾကာင္း ေျပာၾကားခဲ့သည္။

ဟု မတ္ (၁၈) ရက္ ၌ ဂ်ပန္ မီဒီယာက ေဖာ္ျပသည္။ဖူဂ်ီဖလင္ ၏ ကုမၸဏီ ခြဲတစ္ခုက ဖြံ႕ၿဖိဳးေစခဲ့ေသာ Favipiravir အမည္ ရွိ ေဆးသည္ ဝူဟန္ႏွင့္ ရွန္က်န္ၿမိဳ႕ မ်ား၌ လူနာ (၃၄၀) ကို စမ္းသပ္ကုသခဲ့ရာတြင္ အားရဖြယ္ ရလဒ္မ်ား ထြက္ရွိခဲ့သည္ဟု တ႐ုတ္သိပၸံႏွင့္ နည္းပညာ ဝန္ႀကီးဌာနမွ အရာရွိတစ္ဦးျဖစ္ေသာ က်န္ရွင္မင္းက ေျပာၾကားခဲ့သည္။“ဒီေဆးဟာ ေဘးကင္းလုံၿခဳံမႈ အဆင့္ျမင့္မားၿပီး ကုသရာမွာ သိ သိသာသာ ထိေရာက္မႈ ရွိပါတယ္” ဟု က်န္သတင္းေထာက္မ်ားအား မတ္ ၁၇ ရက္တြင္ ေျပာၾကားခဲ့သည္။

အဆိုပါေဆးဝါးကို ေပးခဲ့ေသာ ရွန္က်န္ၿမိဳ႕မွ လူနာမ်ားသည္ ပိုးေတြ႕ရွိခဲ့ၿပီးေနာက္ ပ်မ္းမွ်အားျဖင့္ ေလးရက္အၾကာတြင္ ပိုးေတြ႕ရွိရျခင္း မရွိေတာ့ေသာေၾကာင့္ ယင္းေဆးဝါးႏွင့္ ကုသျခင္းမရွိသည္လူနာမ်ား ပ်မ္းမွ်အားျဖင့္ ၁၁ ရက္အၾကာမွ ပိုးမေတြ႕ရေတာ့ျခင္းႏွင့္ ႏႈိင္းယွဥ္ ၾကည့္ႏိုင္သည္ဟု NHK သတင္းဌာနက ေဖာ္ျပခဲ့သည္။၎အျပင္ အဆိုပါေဆးဝါးကို ေပးခဲ့ေသာ လူနာမ်ား၏ ၉၁ ရာခိုင္ႏႈန္းခန႔္၌ အ ဆုတ္အေျခအေန တိုးတက္မႈမ်ားကို ဓာတ္မွန္ျဖင့္ အတည္ျပဳႏိုင္ခဲ့သည္။

ယင္းေဆးဝါးႏွင့္ ကုသျခင္းမရွိသည့္ လူနာ ၆၂ ရာခိုင္ႏႈန္း၌သာ ယင္းကဲ့သို႔ ေတြ႕ရွိရျခင္းႏွင့္ ႏႈိင္းယွဥ္ၾကည့္ႏိုင္သည္ဟု ဆိုသည္။၂၀၁၄ ခုႏွစ္က Avigan ဟုလည္း ေခၚေသာ အဆိုပါေဆးကို ဖြံ႕ၿဖိဳးေစခဲ့သည့္ Fujifilm Toyama Chemical ကုမၸဏီကမူ ယခုကိစၥႏွင့္ပတ္သက္ ၍ အတည္ျပဳသည့္ မွတ္ခ်က္တစ္စုံတစ္ရာ မေပးခဲ့ေပ။ဂ်ပန္ႏိုင္ငံမွ ဆရာဝန္မ်ားသည္ လူနာမ်ား၏ ကိုယ္တြင္း၌ ဗိုင္းရပ္စ္မ်ား ထပ္မံပြား မ်ားျခင္းကို ကာကြယ္ႏိုင္ရန္ ေမွ်ာ္လင့္လ်က္ ေရာဂါလကၡဏာမ်ားအရ အေပ်ာ့စားမွ အလယ္အလတ္အဆင့္ ကို႐ိုနာဗိုင္းရပ္စ္ လူနာမ်ား တြင္ ကုသမႈဆိုင္ရာ ေလ့လာမႈမ်ား ျပဳလုပ္ရာ၌ အလားတူေဆးဝါးကို အသုံးျပဳလ်က္ရွိသည္။

သို႔ေသာ္ အဆိုပါေဆးသည္ ေရာဂါလကၡဏာမ်ား ျပင္းထန္သည့္ လူနာမ်ားတြင္ ထိေရာက္မႈမရွိဟု ဂ်ပန္က်န္းမာေရးဝန္ႀကီးဌာနမွ သတင္း ရင္းျမစ္တစ္ဦးက ေျပာၾကားခဲ့သည္။ “ကြၽန္ေတာ္တို႔ လူေပါင္း ၇၀ ကေန ၈၀ အထိကို Avigan ေပးခဲ့ပါတယ္။ ဒါေပမဲ့ ဗိုင္းရပ္စ္က ေကာင္း ေကာင္းႀကီးပြားမ်ားႏွင့္ ၿပီးသားျဖစ္ေနရင္ ဒီေဆးက အလုပ္ျဖစ္ပုံမရပါဘူး” ဟု အဆိုပါသတင္းရင္းျမစ္က Maicichi Shimbun သတင္း ဌာနသို႔ ေျပာၾကားခဲ့သည္။

REF: Eleven media

ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ်ကို ကုသရာရန် အသုံးပြုသည့် တုပ်ကွေးဆေးတစ်မျိုးသည် သိသိသာသာ ထိရောက်မှု ရှိသည်ဟု တရုတ်ပြောကြား

HIV တွင် အသုံးပြုသော ဆေးဝါးများဖြစ်ကြသည့် Lopinavir နှင့် Ritonavir ဆေးဝါးနှစ်မျိုး ပေါင်းစပ်လျက် ကိုရိုနာဗိုင်းရပ်စ်လူနာများ တွင် အသုံးပြုသည့် လေ့လာချက်တွင်လည်း အလားတူ အကန့်အသတ်ရှိခြင်းများ ရှိကြောင်း တွေ့ရှိခဲ့ပြီးဖြစ်သည်။၂၀၁၆က ဂျပန်အစိုးရ သည် ဂီနီနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကို တုံ့ပြန်ရန် အကူအညီတစ်ရပ်အဖြစ် Favipiravir ဆေးဝါးများ ထောက်ပံ့ခဲ့ဖူးသည်။

Favipiravir ကို မူရင်းအဖြစ် တုပ်ကွေးသရန်သာ ရည်ရွယ်ထားသောကြောင့် COVID-19 လူနာများ၌ အပြည့်အဝ ကုသရန်အ တွက် အ စိုးရ၏ အတည်ပြုချက် လိုအပ်မည်ဖြစ်သည်။တရုတ် နိုင်ငံမှ ကျန်းမာရေး အာဏာပိုင် များက တုပ်ကွေး မျိုးကွဲအသစ်များ အ တွက် ကုသ ရန် ဂျပန် နိုင်ငံ ၌ အသုံးပြု သည့် ဆေးတစ်မျိုးသည် ကိုရိုနာလူနာ များကို ကုသရာတွင် ထိရောက်မှု ရှိကြောင်း ပြောကြားခဲ့သည်။

ဟု မတ် (၁၈) ရက် ၌ ဂျပန် မီဒီယာက ဖော်ပြသည်။ဖူဂျီဖလင် ၏ ကုမ္ပဏီ ခွဲတစ်ခုက ဖွံ့ဖြိုးစေခဲ့သော Favipiravir အမည် ရှိ ဆေးသည် ဝူဟန်နှင့် ရှန်ကျန်မြို့ များ၌ လူနာ (၃၄၀) ကို စမ်းသပ်ကုသခဲ့ရာတွင် အားရဖွယ် ရလဒ်များ ထွက်ရှိခဲ့သည်ဟု တရုတ်သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ်သော ကျန်ရှင်မင်းက ပြောကြားခဲ့သည်။“ဒီဆေးဟာ ဘေးကင်းလုံခြုံမှု အဆင့်မြင့်မားပြီး ကုသရာမှာ သိ သိသာသာ ထိရောက်မှု ရှိပါတယ်” ဟု ကျန်သတင်းထောက်များအား မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါဆေးဝါးကို ပေးခဲ့သော ရှန်ကျန်မြို့မှ လူနာများသည် ပိုးတွေ့ရှိခဲ့ပြီးနောက် ပျမ်းမျှအားဖြင့် လေးရက်အကြာတွင် ပိုးတွေ့ရှိရခြင်း မရှိတော့သောကြောင့် ယင်းဆေးဝါးနှင့် ကုသခြင်းမရှိသည်လူနာများ ပျမ်းမျှအားဖြင့် ၁၁ ရက်အကြာမှ ပိုးမတွေ့ရတော့ခြင်းနှင့် နှိုင်းယှဉ် ကြည့်နိုင်သည်ဟု NHK သတင်းဌာနက ဖော်ပြခဲ့သည်။၎င်းအပြင် အဆိုပါဆေးဝါးကို ပေးခဲ့သော လူနာများ၏ ၉၁ ရာခိုင်နှုန်းခန့်၌ အ ဆုတ်အခြေအနေ တိုးတက်မှုများကို ဓာတ်မှန်ဖြင့် အတည်ပြုနိုင်ခဲ့သည်။

ယင်းဆေးဝါးနှင့် ကုသခြင်းမရှိသည့် လူနာ ၆၂ ရာခိုင်နှုန်း၌သာ ယင်းကဲ့သို့ တွေ့ရှိရခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်ဟု ဆိုသည်။၂၀၁၄ ခုနှစ်က Avigan ဟုလည်း ခေါ်သော အဆိုပါဆေးကို ဖွံ့ဖြိုးစေခဲ့သည့် Fujifilm Toyama Chemical ကုမ္ပဏီကမူ ယခုကိစ္စနှင့်ပတ်သက် ၍ အတည်ပြုသည့် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပေ။ဂျပန်နိုင်ငံမှ ဆရာဝန်များသည် လူနာများ၏ ကိုယ်တွင်း၌ ဗိုင်းရပ်စ်များ ထပ်မံပွား များခြင်းကို ကာကွယ်နိုင်ရန် မျှော်လင့်လျက် ရောဂါလက္ခဏာများအရ အပျော့စားမှ အလယ်အလတ်အဆင့် ကိုရိုနာဗိုင်းရပ်စ် လူနာများ တွင် ကုသမှုဆိုင်ရာ လေ့လာမှုများ ပြုလုပ်ရာ၌ အလားတူဆေးဝါးကို အသုံးပြုလျက်ရှိသည်။

သို့သော် အဆိုပါဆေးသည် ရောဂါလက္ခဏာများ ပြင်းထန်သည့် လူနာများတွင် ထိရောက်မှုမရှိဟု ဂျပန်ကျန်းမာရေးဝန်ကြီးဌာနမှ သတင်း ရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ လူပေါင်း ၇၀ ကနေ ၈၀ အထိကို Avigan ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်က ကောင်း ကောင်းကြီးပွားများနှင့် ပြီးသားဖြစ်နေရင် ဒီဆေးက အလုပ်ဖြစ်ပုံမရပါဘူး” ဟု အဆိုပါသတင်းရင်းမြစ်က Maicichi Shimbun သတင်း ဌာနသို့ ပြောကြားခဲ့သည်။

REF:    Eleven media

Add a Comment

Your email address will not be published. Required fields are marked *