ဖြဲ႕စည္းပုံျပင္ဆင္ျခင္းသည္ ႏိုင္ငံအတြက္အေရးႀကီးတဲ့ (Mother Law)ကို ျပင္တာျဖစ္လို႔ (၇၅)ရာခိုင္ႏႈန္းေက်ာ္မွ ျပင္လို႔ရတာျဖစ္ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္ေျပာ

တပ္မေတာ္သားကိုယ္စားလွယ္မ်ား တည္းခိုေနထိုင္သည့္ အေဆာင္သို႔ မႏၲေလး၊ မိတၳီလာ၊ ျမင္းၿခံ စသည့္ၿမိဳ႕မ်ားမွ အမ်ိဳးသားေရးသမား မ်ား လာေရာက္ေတြ႕ဆုံ အားေပးသည့္ ကိစၥရပ္ႏွင့္ပတ္သက္၍ ဆိုရွယ္မီဒီယာေပၚတြင္ ေဖာ္ျပမႈမ်ားရွိသည့္ တပ္မေတာ္သားမ်ားက အိုး စည္၊ ဗုံေမာင္းမ်ားႏွင့္ ႀကိဳဆိုေနေသာ ပုံမ်ားသည္ မုံ႐ြာၿမိဳ႕ ခမရ(၁၆)မွ ေရွ႕တန္းျပန္ စစ္သည္မ်ားကို ၂၀၁၉ ခုႏွစ္ ဧၿပီက ႀကိဳဆိုေနေသာ ပုံမ်ားျဖစ္ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္က ေျပာၾကားသည္။

အဲဒီပုံကို ယုတ္မာေအာက္တန္းက်စြာနဲ႔ တပ္မေတာ္သား ကိုယ္စားလွယ္ေတြက လႊတ္ေတာ္မွာ မဲခြဲတာ အႏိုင္ရလို႔ အိုးစည္ဒိုးပတ္ဝိုင္းေတြ နဲ႔ ေအာင္ပြဲခံေနတယ္ ဆိုၿပီးေတာ့ ဆိုရွယ္မီဒီယာေတြေပၚမွာ ဖြတာေတြ ျဖစ္ပါတယ္။ ဒီပုံေတြမွာ လက္ေမာင္းတံဆိပ္ကလည္း မတူပါဘူး။ အဲဒီနမခတံဆိပ္ေတြ ျဖစ္ပါတယ္။ ဒီလို မဟုတ္မမွန္ လုပ္ႀကံထားတဲ့ ပုံေတြနဲ႔အတူ ေဝဖန္ၾက၊ မွတ္ခ်က္ေတြျပဳၾကနဲ႔ ေနာက္ဆုံး စာေရးဆ ရာ အမည္ခံ ေလာ္ဘီေတြကေနၿပီးေတာ့ ေဝဖန္သုံးသပ္လာေအာင္ ႏိုင္ငံေရး ေအာက္လုံးထိုးလာတာေတြ ေတြ႕ေနရပါတယ္။

“ကြၽန္ေတာ္တို႔ တပ္မေတာ္သား ကိုယ္စားလွယ္ေတြအေနနဲ႔ကေတာ့ ကိုယ့္ရဲ႕ႏိုင္ငံသူႏိုင္ငံသား ျပည္သူတစ္ရပ္လုံးအတြက္ ယုံၾကည္ခ်က္၊ ရပ္တည္ခ်က္၊ မွန္မွန္ကန္ကန္ ခိုင္ခိုင္မာမာနဲ႔ ဖြဲ႕စည္းပုံျပင္ဆင္ေရး ကိစၥေတြမွာ ရပ္တည္ၿပီးေတာ့ ေဆာင္႐ြက္လ်က္ရွိပါတယ္။ လႊတ္ေတာ္ မွာ မဲခြဲျခင္းေတြ ျပဳလုပ္ရာမွာလည္း မိမိတို႔ အႏိုင္ရလို႔ တစ္ဖက္သားကို မထီမဲ့ျမင္ျပဳတာေတြ၊ ျပက္ရယ္ ျပဳတာေတြ စတဲ့နိမ့္က်တဲ့ လုပ္ ေဆာင္ခ်က္ေတြ လုံးဝလုပ္ေဆာင္ျခင္း မရွိဘဲနဲ႔ လူႀကီးလူေကာင္းဆန္ဆန္ ျပဳမူေဆာင္႐ြက္လ်က္ ရွိပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးကိစၥမ်ားတြင္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားအေနျဖင့္ ရပ္တည္ခ်က္ ခိုင္ခိုင္မာမာျဖင့္ ျပည္သူ တစ္ရပ္လုံးအတြက္ ရပ္တည္ေဆာင္႐ြက္လ်က္ရွိေၾကာင္း တပ္မေတာ္သား ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္က ေျပာၾကားသည္။မတ္ ၁၇ ရက္က က်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးတြင္ အဆုံးအျဖတ္ရယူျခင္း အစီအစဥ္အၿပီး၌ မီဒီယာမ်ား၏ ေမးျမန္းမႈကို ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္က အထက္ပါအတိုင္း ေျဖၾကား ခဲ့ျခင္းျဖစ္သည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ရင္ ၇၅ ရာခိုင္ႏႈန္းေက်ာ္မွ ျပင္လို႔ရမယ္ဆိုတာ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကအစ၊ ျပည္သူလူထု တစ္ ရပ္ လုံး သိပါတယ္” ဟု ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္က ေျပာသည္။ ဖြဲ႕စည္းပုံျပင္ဆင္ေရး လႊတ္ေတာ္၏ အဆုံးအျဖတ္ ရယူျခင္း ေဆာင္႐ြက္ ရာ တြင္ မဲရလဒ္မ်ားကို ၾကည့္ပါက ေထာက္ခံဆႏၵမဲသည္ ပ်မ္းမွ်အားျဖင့္ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္း၏ အ ျပည့္အဝ ေထာက္ခံမႈကို ရရွိခဲ့ျခင္း မရွိဘဲ ၆၀ ရာခိုင္ႏႈန္းေက်ာ္၏ ေထာက္ခံမႈကိုသာ ရရွိထားေၾကာင္း ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္က ေျပာၾကားသည္။

“ဖြဲ႕စည္းပုံျပင္ဆင္ျခင္းဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ ႏိုင္ငံအတြက္ အေရးအႀကီးဆုံးျဖစ္တဲ့ Mother Law ကို ျပင္တာ၊ ျပင္ဆင္ေဆာင္႐ြက္တာ ျဖစ္လို႔ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမွ ျပင္လို႔ရမယ္လို႔ ျပ႒ာန္းထားတာ ျဖစ္ပါတယ္။ သာမန္ဥပေဒေတြလို ထက္ဝက္ေက်ာ္ မဲအသာနဲ႔ ျပင္လို႔ရမယ္ဆိုတာ မျဖစ္ႏိုင္ပါဘူး။ အဲဒီေတာ့ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ၄၃၆(က)၊ (ခ)မွာ အတိအက် ျပ႒ာန္းထားပါတယ္။ ဒါေၾကာင့္မို႔လို႔ ဖြဲ႕စည္းပုံျပင္ႏိုင္ဖို႔ဆိုရင္ တစ္ဖက္နဲ႔တစ္ဖက္ တစ္ဖြဲ႕နဲ႔ တစ္ဖြဲ႕ ယုံၾကည္မႈေတြ တည္ေဆာက္ၿပီးမွ ေဆာင္႐ြက္သင့္ပါတယ္။

မဲအသာနဲ႔ ရႏိုင္တယ္လို႔ ရႏိုင္တယ္ဆိုတာ မျဖစ္သင့္ပါဘူး။ ဖြဲ႕စည္းပုံ ျပင္ဖို႔အတြက္ကို အားလုံးပါဝင္ ၿပီးေတာ့မွ အေျဖရွာၿပီးေတာ့မွ ဘယ္ လိုျပင္ၾကမလဲ ဆိုတာကို ေဆာင္႐ြက္မွသာလွ်င္ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးက အက်ိဳးရလဒ္ ထြက္လာမွာ ျဖစ္ပါတယ္” ဟု ဗိုလ္မႉးခ်ဳပ္ေမာင္ ေမာင္က ေျပာၾကားသည္။ၿပီးခဲ့သည့္ လႊတ္ေတာ္သက္တမ္းအတြင္း အႏိုင္ရပါတီအေနျဖင့္ ၎တို႔ျပင္ခ်င္သည့္ ဥပေဒမ်ား၊ ျပ႒ာန္းခ်င္ သည့္ ဥပေဒမ်ားကို ထက္ဝက္ေက်ာ္ မဲအသာျဖင့္ လိုသလို လုပ္ခဲ့ၾကသည္ကို အားလုံးအသိ ျဖစ္ေၾကာင္း ေျပာသည္။

REF: ELEVEN MEDIA

UNICODE

ဖွဲ့စည်းပုံပြင်ဆင်ခြင်းသည် နိုင်ငံအတွက်အရေးကြီးတဲ့ (Mother Law)ကို ပြင်တာဖြစ်လို့ (၇၅)ရာခိုင်နှုန်းကျော်မှ ပြင်လို့ရတာဖြစ်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်ပြော

တပ်မတော်သားကိုယ်စားလှယ်များ တည်းခိုနေထိုင်သည့် အဆောင်သို့ မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ စသည့်မြို့များမှ အမျိုးသားရေးသမား များ လာရောက်တွေ့ဆုံ အားပေးသည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာပေါ်တွင် ဖော်ပြမှုများရှိသည့် တပ်မတော်သားများက အိုး စည်၊ ဗုံမောင်းများနှင့် ကြိုဆိုနေသော ပုံများသည် မုံရွာမြို့ ခမရ(၁၆)မှ ရှေ့တန်းပြန် စစ်သည်များကို ၂၀၁၉ ခုနှစ် ဧပြီက ကြိုဆိုနေသော ပုံများဖြစ်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

အဲဒီပုံကို ယုတ်မာအောက်တန်းကျစွာနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက လွှတ်တော်မှာ မဲခွဲတာ အနိုင်ရလို့ အိုးစည်ဒိုးပတ်ဝိုင်းတွေ နဲ့ အောင်ပွဲခံနေတယ် ဆိုပြီးတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖွတာတွေ ဖြစ်ပါတယ်။ ဒီပုံတွေမှာ လက်မောင်းတံဆိပ်ကလည်း မတူပါဘူး။ အဲဒီနမခတံဆိပ်တွေ ဖြစ်ပါတယ်။ ဒီလို မဟုတ်မမှန် လုပ်ကြံထားတဲ့ ပုံတွေနဲ့အတူ ဝေဖန်ကြ၊ မှတ်ချက်တွေပြုကြနဲ့ နောက်ဆုံး စာရေးဆ ရာ အမည်ခံ လော်ဘီတွေကနေပြီးတော့ ဝေဖန်သုံးသပ်လာအောင် နိုင်ငံရေး အောက်လုံးထိုးလာတာတွေ တွေ့နေရပါတယ်။

“ကျွန်တော်တို့ တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ကတော့ ကိုယ့်ရဲ့နိုင်ငံသူနိုင်ငံသား ပြည်သူတစ်ရပ်လုံးအတွက် ယုံကြည်ချက်၊ ရပ်တည်ချက်၊ မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စတွေမှာ ရပ်တည်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ လွှတ်တော် မှာ မဲခွဲခြင်းတွေ ပြုလုပ်ရာမှာလည်း မိမိတို့ အနိုင်ရလို့ တစ်ဖက်သားကို မထီမဲ့မြင်ပြုတာတွေ၊ ပြက်ရယ် ပြုတာတွေ စတဲ့နိမ့်ကျတဲ့ လုပ် ဆောင်ချက်တွေ လုံးဝလုပ်ဆောင်ခြင်း မရှိဘဲနဲ့ လူကြီးလူကောင်းဆန်ဆန် ပြုမူဆောင်ရွက်လျက် ရှိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများတွင် တပ်မတော်သား ကိုယ်စားလှယ်များအနေဖြင့် ရပ်တည်ချက် ခိုင်ခိုင်မာမာဖြင့် ပြည်သူ တစ်ရပ်လုံးအတွက် ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။မတ် ၁၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အဆုံးအဖြတ်ရယူခြင်း အစီအစဉ်အပြီး၌ မီဒီယာများ၏ မေးမြန်းမှုကို ဗိုလ်မှူးချုပ်မောင်မောင်က အထက်ပါအတိုင်း ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရင် ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရမယ်ဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေကအစ၊ ပြည်သူလူထု တစ် ရပ် လုံး သိပါတယ်” ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။ ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း ဆောင်ရွက် ရာ တွင် မဲရလဒ်များကို ကြည့်ပါက ထောက်ခံဆန္ဒမဲသည် ပျမ်းမျှအားဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏ အ ပြည့်အဝ ထောက်ခံမှုကို ရရှိခဲ့ခြင်း မရှိဘဲ ၆၀ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုကိုသာ ရရှိထားကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားသည်။

“ဖွဲ့စည်းပုံပြင်ဆင်ခြင်းဆိုတာ ကျွန်တော်တို့ရဲ့ နိုင်ငံအတွက် အရေးအကြီးဆုံးဖြစ်တဲ့ Mother Law ကို ပြင်တာ၊ ပြင်ဆင်ဆောင်ရွက်တာ ဖြစ်လို့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်လို့ရမယ်လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ သာမန်ဥပဒေတွေလို ထက်ဝက်ကျော် မဲအသာနဲ့ ပြင်လို့ရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၄၃၆(က)၊ (ခ)မှာ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံပြင်နိုင်ဖို့ဆိုရင် တစ်ဖက်နဲ့တစ်ဖက် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယုံကြည်မှုတွေ တည်ဆောက်ပြီးမှ ဆောင်ရွက်သင့်ပါတယ်။

မဲအသာနဲ့ ရနိုင်တယ်လို့ ရနိုင်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဖွဲ့စည်းပုံ ပြင်ဖို့အတွက်ကို အားလုံးပါဝင် ပြီးတော့မှ အဖြေရှာပြီးတော့မှ ဘယ် လိုပြင်ကြမလဲ ဆိုတာကို ဆောင်ရွက်မှသာလျှင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးက အကျိုးရလဒ် ထွက်လာမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်မောင် မောင်က ပြောကြားသည်။ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်း အနိုင်ရပါတီအနေဖြင့် ၎င်းတို့ပြင်ချင်သည့် ဥပဒေများ၊ ပြဋ္ဌာန်းချင် သည့် ဥပဒေများကို ထက်ဝက်ကျော် မဲအသာဖြင့် လိုသလို လုပ်ခဲ့ကြသည်ကို အားလုံးအသိ ဖြစ်ကြောင်း ပြောသည်။

REF:     ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *