ကိုယ္ကိုယ္တိုင္က ေလ့လာမႈမရွိ ဘာမွန္းမသိပဲ ရန္ကုန္တကၠသိုလ္ပါေမာကၡခ်ဳပ္ကို ဝိုင္းဝန္းေလွာင္ေျပာင္ခဲ့ၾကတဲ့ ေက်ာင္းသားမ်ား (႐ုပ္သံ)

အြန္လိုင္းေပၚမွာ တက္လာတဲ့ ဗီဒီယိုၾကည့္ရင္း ျမန္မာႏိုင္ငံမွာ useless class တကယ္ရွိတယ္ ဆိုတာ ပိုျမင္သာ လာပါတယ္။ ဝမ္းနည္း တာက အနာဂတ္ကို ဦးေဆာင္ရမဲ့ တကၠသိုလ္ ေက်ာင္းသား/သူ အခ်ိဳ႕ ပါဝင္ေနတာပါပဲ။ အျမင္မက်ဥ္းသင့္ပါဘူး။ကိုယ္တိုင္လည္း မသိ ေသးတဲ့ အရာေတြ အမ်ားႀကီး ရွိေနပါ ေသးတယ္။ အရာအားလုံးကိုလည္း သိလာႏိုင္မွာ မဟုတ္ပါဘူး။ မသိတာကို သိေအာင္ ေျပာျပတဲ့ အေဖအ႐ြယ္ ပညာရွိ ပါေမာကၡခ်ဳပ္ ဆ ရာႀကီးတစ္ေယာက္ကို ႐ိုေသဖို႔ ေလးေလးစားစား အႀကံျပဳလိုပါတယ္။

လူမႈကြန္ရက္မွာ ဗီဒီယို တစ္ခု တက္လာ ပါတယ္ ။ ရန္ကုန္ တကၠသိုလ္ ပါေမာကၡခ်ဳပ္ ဆရာႀကီး ေဒါက္တာ ဖိုးေကာင္း က ဝန္ႀကီး ဖုန္းနံ ပါတ္ သူ႔ဘက္မွာ မေပၚေၾကာင္း ရွင္းျပတဲ့ အခါ ေက်ာင္းသားေတြ က မယုံၾကည္ဘဲ အဖြဲ႕လိုက္ ေလွာင္ရယ္ေနၾကတဲ့ ဗီဒီယိုပါ ။ ရန္ကုန္ တကၠသိုလ္ ပါေမာကၡခ်ဳပ္ ဆရာႀကီး ေဒါက္တာဖိုးေကာင္းတိုက္ဆိုင္စြာနဲ႔ မႏွစ္က အေတြ႕အႀကဳံကို သတိရမိပါတယ္။ ပညာေရးဝန္ႀကီးက ကိုယ္ဖိတ္ထားတဲ့ပြဲ ကို တက္ေရာက္ လာရင္း ႐ုတ္တရက္ ကိုယ့္ဖုန္းနံပါတ္ေမးၿပီး သူ႔ဖုန္းထဲ တစ္ခါတည္း အမည္ နဲ႔တြဲ ေရးထည့္ ပါတယ္။

ဝန္ႀကီးက သူဘယ္ႏိုင္ငံေရာက္ေရာက္ ေခၚလို႔ရေအာင္ ကြၽန္ေတာ့္နံပါတ္ကို +95 နဲ႔ မွတ္ေတာ့ ကြၽန္ေတာ္ကေန “ဝန္ႀကီး နံပါတ္မွန္မမွန္ စစ္လို႔ရေအာင္ ကြၽန္ေတာ့္ဆီ missed-call ေပးၾကည့္ပါ” လို႔ ေျပာေတာ့ missed-call ေပးပါတယ္။ နံပါတ္မေပၚပါဘူး။ မေပၚႏိုင္မွန္း လည္း ႀကိဳသိၿပီးသားပါ။ ေနာက္ေန႔မနက္က်ေတာ့ ဝန္ႀကီးက အေၾကာင္းအရာ တစ္ခုတည္းကို ဖုန္းမက္ေဆ့ ပို႔နည္း ၂ နည္းနဲ႔ ပို႔လာပါ တယ္။ တစ္နည္းမွာ နံပါတ္အမွန္ေပၚၿပီး ေနာက္နည္းမွာ မေပၚပါဘူး။

ဖုန္းနံပါတ္လုံၿခဳံေရး အေၾကာင္း မသိၾကတဲ့ တကၠသိုလ္ေက်ာင္းသားေတြရဲ႕ ကိုယ့္ကိုယ္ကိုယ္ ပိန္းလို႔ ပိန္းမွန္း မသိၾကတဲ့ အျဖစ္ပါ။ ႏိုင္ငံတ ကာမွာ ဝန္ႀကီးအဆင့္ ဆိုရင္ ဖုန္းနံပါတ္ကို Calling Line Identification Restriction (CLIR) လို႔ေခၚတဲ့ စနစ္နဲ႔ သုံးပါတယ္။ Private numbers လို႔လဲ ေခၚေလ့ရွိပါတယ္။ အဲ့လို နံပါတ္နဲ႔ဆက္လာရင္ ဖုန္းနံပါတ္အစား “No Caller ID” ဆိုၿပီးပဲ ေပၚပါတယ္။ နံပါတ္ကို လူအ နည္းငယ္ ကိုသာ ေပးသိပါတယ္။ အဲ့လူ အနည္းငယ္ကလည္း ဖုန္းနံပါတ္ လုံၿခဳံေရးကို ဂ႐ုစိုက္ေပးရပါတယ္။

ဖုန္းနံပါတ္မ်ားနည္းတူ အီးေမးလိပ္စာ ကလည္း လုံၿခဳံဖို႔လိုပါတယ္။ ႏိုင္ငံတကာမွာ ဝန္ႀကီးအဆင့္ဆို (ဝန္ထမ္းက ကိုင္တဲ့) ႐ုံးအလုပ္အီး ေမးရယ္၊ (ဝန္ႀကီးကိုယ္တိုင္ကိုင္တဲ့) ကိုယ္ပိုင္အလုပ္အီးေမးရယ္ အမ်ိဳးမ်ိဳးရွိေလ့ရွိပါတယ္။ ေပးသိသင့္တဲ့သူကို သိသင့္တဲ့ အီးေမးပဲ ေပးတာပါ။ငယ္႐ြယ္ေသာ ေက်ာင္းသားမ်ားဂ႐ုျပဳေစခ်င္လို႔ ေဖာ္ျပရတာပါ။ဖုန္းပဲပြတ္တတ္ၿပီး ဗဟုသုတအၾကားအျမင္ အင္မတန္နည္းလို႔ ေဖာ္ျပရတာပါ။အနာဂတ္ႏိုင္ငံအတြက္ အင္မတန္ရင္ေလးစရာ ေကာင္းလွပါတယ္။တိုင္းျပည္ကို ဘယ္လိုမ်ား ဦးေဆာင္ၾကမွာလဲ။

ရဲျပည့္သူ

REF: SHWE LIKE

UNICODE

ကိုယ်ကိုယ်တိုင်က လေ့လာမှုမရှိ ဘာမှန်းမသိပဲ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတဲ့ ကျောင်းသားများ (ရုပ်သံ)

အွန်လိုင်းပေါ်မှာ တက်လာတဲ့ ဗီဒီယိုကြည့်ရင်း မြန်မာနိုင်ငံမှာ useless class တကယ်ရှိတယ် ဆိုတာ ပိုမြင်သာ လာပါတယ်။ ဝမ်းနည်း တာက အနာဂတ်ကို ဦးဆောင်ရမဲ့ တက္ကသိုလ် ကျောင်းသား/သူ အချို့ ပါဝင်နေတာပါပဲ။ အမြင်မကျဉ်းသင့်ပါဘူး။ကိုယ်တိုင်လည်း မသိ သေးတဲ့ အရာတွေ အများကြီး ရှိနေပါ သေးတယ်။ အရာအားလုံးကိုလည်း သိလာနိုင်မှာ မဟုတ်ပါဘူး။ မသိတာကို သိအောင် ပြောပြတဲ့ အဖေအရွယ် ပညာရှိ ပါမောက္ခချုပ် ဆ ရာကြီးတစ်ယောက်ကို ရိုသေဖို့ လေးလေးစားစား အကြံပြုလိုပါတယ်။

လူမှုကွန်ရက်မှာ ဗီဒီယို တစ်ခု တက်လာ ပါတယ် ။ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ဖိုးကောင်း က ဝန်ကြီး ဖုန်းနံ ပါတ် သူ့ဘက်မှာ မပေါ်ကြောင်း ရှင်းပြတဲ့ အခါ ကျောင်းသားတွေ က မယုံကြည်ဘဲ အဖွဲ့လိုက် လှောင်ရယ်နေကြတဲ့ ဗီဒီယိုပါ ။ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာဖိုးကောင်းတိုက်ဆိုင်စွာနဲ့ မနှစ်က အတွေ့အကြုံကို သတိရမိပါတယ်။ ပညာရေးဝန်ကြီးက ကိုယ်ဖိတ်ထားတဲ့ပွဲ ကို တက်ရောက် လာရင်း ရုတ်တရက် ကိုယ့်ဖုန်းနံပါတ်မေးပြီး သူ့ဖုန်းထဲ တစ်ခါတည်း အမည် နဲ့တွဲ ရေးထည့် ပါတယ်။

ဝန်ကြီးက သူဘယ်နိုင်ငံရောက်ရောက် ခေါ်လို့ရအောင် ကျွန်တော့်နံပါတ်ကို +95 နဲ့ မှတ်တော့ ကျွန်တော်ကနေ “ဝန်ကြီး နံပါတ်မှန်မမှန် စစ်လို့ရအောင် ကျွန်တော့်ဆီ missed-call ပေးကြည့်ပါ” လို့ ပြောတော့ missed-call ပေးပါတယ်။ နံပါတ်မပေါ်ပါဘူး။ မပေါ်နိုင်မှန်း လည်း ကြိုသိပြီးသားပါ။ နောက်နေ့မနက်ကျတော့ ဝန်ကြီးက အကြောင်းအရာ တစ်ခုတည်းကို ဖုန်းမက်ဆေ့ ပို့နည်း ၂ နည်းနဲ့ ပို့လာပါ တယ်။ တစ်နည်းမှာ နံပါတ်အမှန်ပေါ်ပြီး နောက်နည်းမှာ မပေါ်ပါဘူး။

ဖုန်းနံပါတ်လုံခြုံရေး အကြောင်း မသိကြတဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ပိန်းလို့ ပိန်းမှန်း မသိကြတဲ့ အဖြစ်ပါ။ နိုင်ငံတ ကာမှာ ဝန်ကြီးအဆင့် ဆိုရင် ဖုန်းနံပါတ်ကို Calling Line Identification Restriction (CLIR) လို့ခေါ်တဲ့ စနစ်နဲ့ သုံးပါတယ်။ Private numbers လို့လဲ ခေါ်လေ့ရှိပါတယ်။ အဲ့လို နံပါတ်နဲ့ဆက်လာရင် ဖုန်းနံပါတ်အစား “No Caller ID” ဆိုပြီးပဲ ပေါ်ပါတယ်။ နံပါတ်ကို လူအ နည်းငယ် ကိုသာ ပေးသိပါတယ်။ အဲ့လူ အနည်းငယ်ကလည်း ဖုန်းနံပါတ် လုံခြုံရေးကို ဂရုစိုက်ပေးရပါတယ်။

ဖုန်းနံပါတ်များနည်းတူ အီးမေးလိပ်စာ ကလည်း လုံခြုံဖို့လိုပါတယ်။ နိုင်ငံတကာမှာ ဝန်ကြီးအဆင့်ဆို (ဝန်ထမ်းက ကိုင်တဲ့) ရုံးအလုပ်အီး မေးရယ်၊ (ဝန်ကြီးကိုယ်တိုင်ကိုင်တဲ့) ကိုယ်ပိုင်အလုပ်အီးမေးရယ် အမျိုးမျိုးရှိလေ့ရှိပါတယ်။ ပေးသိသင့်တဲ့သူကို သိသင့်တဲ့ အီးမေးပဲ ပေးတာပါ။ငယ်ရွယ်သော ကျောင်းသားများဂရုပြုစေချင်လို့ ဖော်ပြရတာပါ။ဖုန်းပဲပွတ်တတ်ပြီး ဗဟုသုတအကြားအမြင် အင်မတန်နည်းလို့ ဖော်ပြရတာပါ။အနာဂတ်နိုင်ငံအတွက် အင်မတန်ရင်လေးစရာ ကောင်းလှပါတယ်။တိုင်းပြည်ကို ဘယ်လိုများ ဦးဆောင်ကြမှာလဲ။

ရဲပြည့်သူ

REF:     SHWE  LIKE

Add a Comment

Your email address will not be published. Required fields are marked *