ျမန္မာႏိုင္ ငံ နဲ႔ ဖြံ႕ၿဖိဳးဆဲႏိုင္ ငံမ်ားကို တြက္ ကိန္း မွားခဲ့ တဲ့ WHO နဲ႔ ကို႐ိုနာ ဗိုင္း ရပ္စ္ COVID-19 ၏ယူဆခ်က္အလြဲမ်ား

ကို႐ိုနာဗိုင္းရပ္စ္(COVID-19) ဟာ လူ႔ခႏၲာကိုယ္ျပင္ပမွာ ဘယ္ေလာက္အထိ ရွင္သန္ ေနႏိုင္သ လဲဆိုတဲ့ ေမးခြန္းနဲ႔ ပတ္သက္ၿပီး Preprint Database တစ္ခုျဖစ္တဲ့ medRxiv မွာ publish ထုတ္ေဝထားတဲ့ ေနာက္ဆုံးသုေတသန အရေတာ့ ဒီဗိုင္းရပ္စ္ဟာ
ေလ ထဲမွာ ၃ နာရီအထိ၊ Copper သတၱဳေပၚမွာ ၄ နာရီအထိ၊ စားပြဲ၊စာသင္ခုံ၊ဗီဒို၊ စတာေတြေပၚမွာ ၂၄ နာရီအထိ ပလတ္စတစ္နဲ႔ သံသတၱဳေတြေပၚမွာ ၂ ရက္ကေန ၃ ရက္အထိ ရွင္သန္ႏိုင္တယ္လို႔ ဆိုထားပါတယ္။

ေနာက္တစ္ခုကေတာ့ ၈၆ ဖာရင္ဟိုက္၊ သို႔ (၃၀)ဒီဂရီ ဆဲလ္ဆီးယပ္စ္ အထက္ဆိုရင္ေတာ့ ဒီဗိုင္းရပ္စ္ ပိုးအမ်ားစုက သိပ္ၿပီး Active မျဖစ္ ႏိုင္ေတာ့ဘူး ဆိုပါတယ္။ ဒါအျပင့္ ဒီဗိုင္းရပ္စ္ မ်ိဳးႏြယ္စုဟာ (၂ )နာရီအတြင္း အပူအခ်ိန္ အတက္အက် ၁၄ ဒီဂရီ ဖာရင္ဟိုက္ ဆိုရင္ ရွင္ သန္ႏိုင္မႈ ေလ်ာ့က်သြားတယ္ ဆိုပါတယ္။ အဆိုပါ သုေသသန အခ်က္အလက္ေတြအရ အပူခ်ိန္ျမင့္မားတဲ့ ႏိုင္ငံ ေတြ၊ ရာသီဥတု ၾကမ္းၿပီး အပူခ်ိန္ အတက္အက် ၾကမ္းတဲ့ ႏိုင္ငံ ေတြမွာ ေရာဂါျပန႔္ပြားဖို႔ လုံေလာက္တဲ့ population တည္ေဆာက္ဖို႔ အကန႔္အသတ္ရွိႏိုင္ပါတယ္။

ဒါေၾကာင့္ ထိုင္း ၊ စကၤာပူ ႏိုင္ငံတို႔ မွာ ေရာက္ေနတာ ၾကာၿပီျဖစ္ေပမယ့္ ဒီဗိုင္းရပ္စ္ ကို ထိန္းခ်ဳပ္ရတာ အေအးပိုင္းႏိုင္ငံေတြလို ခက္ခဲမႈ မရွိေလာက္ဘူး လို႔ ယူဆရပါ့မယ္။ WHO ဟာ တ႐ု တ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြား ခဲ့တဲ့ အရပ္အေခၚ ဝူဟန္ဗိုင္းရပ္စ္ ကို စတင္ ျဖစ္ပြားၿပီး မၾကာခင္ တ႐ုတ္ႏိုင္ငံ အစိုးရက သူ႔ျပည္နယ္ အမ်ားစုကို lock down လုပ္ယူရၿပီ ဆိုကတည္းက သူစိတ္အပူခဲ့ဆုံးက အာဖ ရိကတိုက္ နဲ႔ က်န္းမားေရး ေစာင့္ေရွာက္မႈ အားနည္းတဲ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြကို ျဖစ္ပါတယ္။

WHO စိတ္ပူတဲ့ အတိုင္းဘဲ ဒီဗိုင္းရပ္စ္ ပိုး ဟာ ထိုင္းကို အရင္ေျခခ်ပါတယ္ ၿပီး အာဖရိက ကို ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔မွာ စေရာက္ခဲ့တယ္။ ဒါေပမယ့္ တကယ့္တကယ့္ ဒုကၡေရာက္ၿပီး ကပ္ဆိုးအသြင္ျဖစ္ေနခဲ့တာက အာဖရိကနဲ႔ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံေတြမဟုတ္ ဘဲ က်န္းမာေရး အဆင့္ အတန္းျမင့္မားပါတယ္ဆိုတဲ့ ဥေရာပႏိုင္ငံေတြနဲ႔ ေတာင္ကိုရီးယား၊ အေမရိကန္ စတဲ့ ဖြဲံၿဖိဳးၿပီးႏိုင္ငံေတြ ျဖစ္ေနပါတယ္။ ၿပီးခဲ့ရက္ပိုင္းကပဲ WHO က ဥေရာပတိုက္ ကို ဒီကပ္ေရာဂါရဲ႕ ေနာက္ထပ္ ဗဟိုခ်က္အျဖစ္ သတ္မွတ္လိုက္ပါတယ္။

တကယ္ေတာ့ ဒီဥေရာပ ႏိုင္ငံေတြထဲက အမ်ားစုဟာ ထိုင္း၊ဗီယက္နမ္နဲ႔ အာဖရိက ကအခ်ိဳ႕ေသာ ႏိုင္ငံမ်ားထက္ ေနာက္က်ၿပီးမွ သူတို႔ဆီ ကို ဒီ ဗိုင္းရပ္စ္ ပိုး ကူးစက္ခံရတာျဖစ္ပါတယ္။ ဒီလိုဘာေၾကာင့္ျဖစ္ရတာလဲ ဆိုတာ သုေတသန တိတိက်က် လုပ္ထားတာ မရွိေသးေပ မယ့္ လက္ထဲ ရွိၿပီးသား သုေတသန ေတြနဲ႔ ယခင္က သုေသသနအခ်ိဳ႕ရဲ႕ ရလဒ္ေတြ၊ အခ်ိဳ႕ ေသာ အခ်က္အလက္ေတြအရ မွန္းဆခ်က္ (၂) ရပ္ခန႔္မွန္းလို႔ရပါတယ္။နံပါတ္ (၁) အခ်က္ကေတာ့ ေလေၾကာင္း ပို႔ေဆာင္ေရး အပိုင္း က ဒီဗိုင္းရပ္စ္ကို အဓိက သယ္ယူပို႔ေဆာင္းေပးသူ (transporter ) အခန္းကေန အဓိက ပါဝင္ခဲ့တာဘဲ ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ကူးစက္ခံထားရတဲ့ႏိုင္ငံေတြ စာရင္းကို အမ်ားကေန အနည္း ခ်ၾကည့္ရင္ တကယ့္ Linear relationship နီးပါးရမွာ ျဖစ္ပါ တယ္။ ဆိုလိုတာက ဒီေရာဂါ ကူးဆက္မႈဟာ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံေတြ ကေန ကုလသမၼဂ မူအရ တတိယ ကမာၻ လို႔ ေခၚတဲ့ ဆင္းရဲတဲ့ ႏိုင္ငံေတြ ဆီကို သိသိသာသာ ေလ်ာ့က် လာတာပဲျဖစ္ပါတယ္။ ႏိုင္ငံ ဖြံ႕ၿဖိဳးၿပီး ေလေၾကာင္းဖြံ႕ၿဖိဳးတိုးတက္ တဲ့ ခ်မ္းသာတဲ့ ႏိုင္ငံေတြ ကေတာ့ လုံးဝ သိသိတာတာကို အထိနာ ေနက်ပါတယ္။ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံေတြထဲမွာၾကည့္ရင္လည္း သိႏိုင္ပါတယ္။

ဥပမာ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြၾကည့္ရင္လည္း ကိုယ္ပိုင္ေလေၾကာင္းလိုင္းမ်ားစြာနဲ႔ တစ္ကမာၻလုံးျဖန႔္က်က္ဖို႔ႀကိဳးစားေနတဲ့ ထိုင္း၊စကၤာပူ၊ မေလးရွား၊ ဗီယက္နမ္တို႔က အျခား တက္သစ္စ အိမ္နီးခ်င္း ႏိုင္ငံေတြထက္ ပိုအထိနာေနပါတယ္။ အီတလီလို ဖြံ႕ၿဖိဳး ၿပီးလည္း ျဖစ္ ၊ခရီးသြားႏိုင္ငံလည္းျဖစ္ ၊ ဝူဟန္ဗိုင္းရပ္စ္မျဖစ္ခင္ (၂) လ အလိုက မွ တ႐ုတ္ႏိုင္ငံနဲ႔ ခရီးသြား (၂) ဆျမႇင့္ဖို႔ MOU ထိုး ခဲ့ႏိုင္ငံလည္း ျဖစ္ေတာ့ ျမင္ရတဲ့ အတိုင္းပါဘဲ။တစ္ခ်က္ေပါ့လိုက္တာနဲ႔ ထိန္းမႏိုင္ေသးတဲ့ အေျခ အေန ဆီ ေရာက္ကုန္ပါတယ္။

သုေတသန လုပ္တတ္ၿပီး အခ်ိန္ရသူမ်ားကေတာ့ ေလေၾကာင္းဖြံ႕ၿဖိဳးမႈစံႏုန္း၊ GDP, Country classification တို႔နဲ႔ ဒီဗိုင္းရပ္စ္ ျပန႔္ပြားပုံ အခ်ိတ္အဆက္ ( Correlation Study ) ကို ေလ့လာ၊ ျပဳလုပ္သင့္ပါတယ္။ နံပါတ္ (၂) အခ်က္ကေတာ့ WHO ကိုယ္တိုင္က ပူတဲ့ေဒသ ေတြမွာ လည္း ဒီဗိုင္းရပ္စ္က ျဖစ္ႏိုင္တယ္လို႔ သတိေပးေနေပမယ့္ ဒီဗိုင္းရပ္စ္ဟာ အပူခ်ိန္ အကန႔္အသတ္ရွိပုံရပါတယ္။ အထူးသျဖင့္ သူ႔ရဲ႕ လူ႔ခႏၵာျပင္ပ ရွင္သန္ႏုန္းက အပူခ်ိန္ အကန႔္အသတ္ရွိပါတယ္။ သူ႔ေနာင္ေတာ္ SARs လိုပါဘဲ ။

ပူျပင္းတဲ့ ေႏြေရာက္လာရင္ ေလ်ာ့နည္းက်ဆင္းသြားမယ္လို႔ ပညာရွင္အမ်ားစုက ေမွ်ာ္လင့္ေနၾကပါတယ္။ လတ္တေလာ မွာ ဘာသာေရး အခမ္းအနားကေန ႐ုတ္တရက္ ကူးစက္သူဦးေရထိုးတက္လာတဲ့ မေလးရွားႏိုင္ငံကို ေစာင့္ၾကည့္ရပါ့မယ္။ ကြၽန္ေတာ့္အျမင္အရ ဆိုရင္ မေလးရွားႏိုင္ငံ ဟာ EU ႏိုင္ငံေတြ အဆင့္ေတာ့ မေရာက္ႏိုင္ဘူး လို႔ယူဆပါတယ္။ Academic world မွာ သုံးခဲ့တဲ့ The North and the South ဆိုတာက ေျမာက္ျခမ္းက ခ်မ္းသာၿပီး ေတာင္ဘက္ျခမ္းက ဆင္းရဲတဲ့ႏိုင္ငံေတြလို႔ သတ္မွတ္ထားတာပါ။

ေတာင္ဘက္ျခမ္းက ပိုလည္းပူပါတယ္။ အခုဒီ ဗိုင္းရပ္စ္က ေျမာက္ျခမ္းကို ပိုဖိစီးထားပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ေ႐ႊႏိုင္ငံႀကီးကေတာ့ အ ေတာ္ ကံေကာင္းလွပါတယ္။ အထက္ပါ အခ်က္(၂) ခ်က္နဲ႔ လုံးဝ ျပည့္စုံေနလို႔ပါပဲ။ ေလယဥ္ေျပးလမ္း တစ္လမ္းပဲရွိတဲ့ ရန္ကုန္ ေလဆိပ္ က ကမာၻမွာ အေသးဆုံး အျပည္ျပည္ဆိုင္ရာေလဆိပ္ေတြထဲက တစ္ခုပါ။ရာသီဥတုကလည္း ၃၀ ဒီဂရီ ဆဲလ္ဆီယပ္ေက်ာ္တာ လအေတာ္ ၾကာေနပါၿပီ။ ေနာက္တစ္ခ်က္က ဒီဗိုင္းရပ္စ္ Outbreak အဆင့္ထိ ကူးစက္ျပန႔္ပြားခံရဖို႔ အတြက္ အဓိကက်တဲ့ အခန္းကေနပါေနတဲ့ အ သက္ႀကီးပိုင္း (၈၀ ေက်ာ္) ကလည္း မ်ားမ်ားစားစားမရွိလွပါဘူး။

Outbreak ျဖစ္ဖို႔လက္ခံ Population က နည္းေနတယ္ လို႔ ယူဆရပါတယ္။ EU နဲ႔ ကိုရီးယား မွာက အသက္ရွည္ၾကေတာ့ ဒီအသက္ႀကီး ပိုင္းေတြကဘဲ Vulnerable population ျဖစ္ေနတာပါဘဲ။ တ႐ုတ္ျပည္နဲ႔ မိုင္ေထာင္ခ်ီထိစပ္ေနၿပီး နယ္စပ္ကူးသန္းကုန္သြယ္မႈမ်ားလွ ေပမယ့္၊ တ႐ုတ္အစိုးရက ေကာင္းစြာထိန္းခ်ိဳပ္ထားႏိုင္လို႔ နယ္ခ်င္းထိစပ္ေနတဲ့ တ႐ုတ္ျပည္နယ္ေတြမွာ က စျဖစ္ကတည္း ၁၀၀ ေက်ာ္ ၂၀၀-၅၀၀ ဟာ အခုလည္း အဲ့ေလာက္ပဲျဖစ္ေနလို႔ ျမန္မာႏိုင္ငံအေပၚမွာ မ်ားစြာသက္ေရာက္မႈ မရွိႏိုင္ပါဘူး။

သို႔ေသာ္ ျမန္မာႏိုင္ ငံ အတြက္အခုမွ စပူရမွာ ျဖစ္ပါတယ္။ အဲဒါကေတာ့ ေႏြပိတ္ရက္ေတြမွာ မိသားစုနဲ႔ အတူရွိဖို႔ ျပန္လာမယ့္ မေလးရွား၊ ထိုင္းတို႔ကေနျပန္လာမယ့္ ကိုယ့္ႏိုင္ငံသားေတြပါဘဲ။ အစိုးရအေနနဲ႔ ေသခ်ာစြာကိုင္တြယ္ႏိုင္ဖို႔လိုပါတယ္ခင္ဗ်ာ။

REF: SHWE WIKI

UNICODE

မြန်မာနိုင် ငံ နဲ့ ဖွံ့ဖြိုးဆဲနိုင် ငံများကို တွက် ကိန်း မှားခဲ့ တဲ့ WHO နဲ့ ကိုရိုနာ ဗိုင်း ရပ်စ် COVID-19 ၏ယူဆချက်အလွဲများ

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ဟာ လူ့ခန္တာကိုယ်ပြင်ပမှာ ဘယ်လောက်အထိ ရှင်သန် နေနိုင်သ လဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး Preprint Database တစ်ခုဖြစ်တဲ့ medRxiv မှာ publish ထုတ်ဝေထားတဲ့ နောက်ဆုံးသုတေသန အရတော့ ဒီဗိုင်းရပ်စ်ဟာ
လေ ထဲမှာ ၃ နာရီအထိ၊ Copper သတ္တုပေါ်မှာ ၄ နာရီအထိ၊ စားပွဲ၊စာသင်ခုံ၊ဗီဒို၊ စတာတွေပေါ်မှာ ၂၄ နာရီအထိ ပလတ်စတစ်နဲ့ သံသတ္တုတွေပေါ်မှာ ၂ ရက်ကနေ ၃ ရက်အထိ ရှင်သန်နိုင်တယ်လို့ ဆိုထားပါတယ်။

နောက်တစ်ခုကတော့ ၈၆ ဖာရင်ဟိုက်၊ သို့ (၃၀)ဒီဂရီ ဆဲလ်ဆီးယပ်စ် အထက်ဆိုရင်တော့ ဒီဗိုင်းရပ်စ် ပိုးအများစုက သိပ်ပြီး Active မဖြစ် နိုင်တော့ဘူး ဆိုပါတယ်။ ဒါအပြင့် ဒီဗိုင်းရပ်စ် မျိုးနွယ်စုဟာ (၂ )နာရီအတွင်း အပူအချိန် အတက်အကျ ၁၄ ဒီဂရီ ဖာရင်ဟိုက် ဆိုရင် ရှင် သန်နိုင်မှု လျော့ကျသွားတယ် ဆိုပါတယ်။ အဆိုပါ သုသေသန အချက်အလက်တွေအရ အပူချိန်မြင့်မားတဲ့ နိုင်ငံ တွေ၊ ရာသီဥတု ကြမ်းပြီး အပူချိန် အတက်အကျ ကြမ်းတဲ့ နိုင်ငံ တွေမှာ ရောဂါပြန့်ပွားဖို့ လုံလောက်တဲ့ population တည်ဆောက်ဖို့ အကန့်အသတ်ရှိနိုင်ပါတယ်။

ဒါကြောင့် ထိုင်း ၊ စင်္ကာပူ နိုင်ငံတို့ မှာ ရောက်နေတာ ကြာပြီဖြစ်ပေမယ့် ဒီဗိုင်းရပ်စ် ကို ထိန်းချုပ်ရတာ အအေးပိုင်းနိုင်ငံတွေလို ခက်ခဲမှု မရှိလောက်ဘူး လို့ ယူဆရပါ့မယ်။ WHO ဟာ တရု တ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွား ခဲ့တဲ့ အရပ်အခေါ် ဝူဟန်ဗိုင်းရပ်စ် ကို စတင် ဖြစ်ပွားပြီး မကြာခင် တရုတ်နိုင်ငံ အစိုးရက သူ့ပြည်နယ် အများစုကို lock down လုပ်ယူရပြီ ဆိုကတည်းက သူစိတ်အပူခဲ့ဆုံးက အာဖ ရိကတိုက် နဲ့ ကျန်းမားရေး စောင့်ရှောက်မှု အားနည်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖြစ်ပါတယ်။

WHO စိတ်ပူတဲ့ အတိုင်းဘဲ ဒီဗိုင်းရပ်စ် ပိုး ဟာ ထိုင်းကို အရင်ခြေချပါတယ် ပြီး အာဖရိက ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ စရောက်ခဲ့တယ်။ ဒါပေမယ့် တကယ့်တကယ့် ဒုက္ခရောက်ပြီး ကပ်ဆိုးအသွင်ဖြစ်နေခဲ့တာက အာဖရိကနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမဟုတ် ဘဲ ကျန်းမာရေး အဆင့် အတန်းမြင့်မားပါတယ်ဆိုတဲ့ ဥရောပနိုင်ငံတွေနဲ့ တောင်ကိုရီးယား၊ အမေရိကန် စတဲ့ ဖွဲံဖြိုးပြီးနိုင်ငံတွေ ဖြစ်နေပါတယ်။ ပြီးခဲ့ရက်ပိုင်းကပဲ WHO က ဥရောပတိုက် ကို ဒီကပ်ရောဂါရဲ့ နောက်ထပ် ဗဟိုချက်အဖြစ် သတ်မှတ်လိုက်ပါတယ်။

တကယ်တော့ ဒီဥရောပ နိုင်ငံတွေထဲက အများစုဟာ ထိုင်း၊ဗီယက်နမ်နဲ့ အာဖရိက ကအချို့သော နိုင်ငံများထက် နောက်ကျပြီးမှ သူတို့ဆီ ကို ဒီ ဗိုင်းရပ်စ် ပိုး ကူးစက်ခံရတာဖြစ်ပါတယ်။ ဒီလိုဘာကြောင့်ဖြစ်ရတာလဲ ဆိုတာ သုတေသန တိတိကျကျ လုပ်ထားတာ မရှိသေးပေ မယ့် လက်ထဲ ရှိပြီးသား သုတေသန တွေနဲ့ ယခင်က သုသေသနအချို့ရဲ့ ရလဒ်တွေ၊ အချို့ သော အချက်အလက်တွေအရ မှန်းဆချက် (၂) ရပ်ခန့်မှန်းလို့ရပါတယ်။နံပါတ် (၁) အချက်ကတော့ လေကြောင်း ပို့ဆောင်ရေး အပိုင်း က ဒီဗိုင်းရပ်စ်ကို အဓိက သယ်ယူပို့ဆောင်းပေးသူ (transporter ) အခန်းကနေ အဓိက ပါဝင်ခဲ့တာဘဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ကူးစက်ခံထားရတဲ့နိုင်ငံတွေ စာရင်းကို အများကနေ အနည်း ချကြည့်ရင် တကယ့် Linear relationship နီးပါးရမှာ ဖြစ်ပါ တယ်။ ဆိုလိုတာက ဒီရောဂါ ကူးဆက်မှုဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေ ကနေ ကုလသမ္မဂ မူအရ တတိယ ကမ္ဘာ လို့ ခေါ်တဲ့ ဆင်းရဲတဲ့ နိုင်ငံတွေ ဆီကို သိသိသာသာ လျော့ကျ လာတာပဲဖြစ်ပါတယ်။ နိုင်ငံ ဖွံ့ဖြိုးပြီး လေကြောင်းဖွံ့ဖြိုးတိုးတက် တဲ့ ချမ်းသာတဲ့ နိုင်ငံတွေ ကတော့ လုံးဝ သိသိတာတာကို အထိနာ နေကျပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေထဲမှာကြည့်ရင်လည်း သိနိုင်ပါတယ်။

ဥပမာ အရှေ့တောင်အာရှ နိုင်ငံတွေကြည့်ရင်လည်း ကိုယ်ပိုင်လေကြောင်းလိုင်းများစွာနဲ့ တစ်ကမ္ဘာလုံးဖြန့်ကျက်ဖို့ကြိုးစားနေတဲ့ ထိုင်း၊စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်တို့က အခြား တက်သစ်စ အိမ်နီးချင်း နိုင်ငံတွေထက် ပိုအထိနာနေပါတယ်။ အီတလီလို ဖွံ့ဖြိုး ပြီးလည်း ဖြစ် ၊ခရီးသွားနိုင်ငံလည်းဖြစ် ၊ ဝူဟန်ဗိုင်းရပ်စ်မဖြစ်ခင် (၂) လ အလိုက မှ တရုတ်နိုင်ငံနဲ့ ခရီးသွား (၂) ဆမြှင့်ဖို့ MOU ထိုး ခဲ့နိုင်ငံလည်း ဖြစ်တော့ မြင်ရတဲ့ အတိုင်းပါဘဲ။တစ်ချက်ပေါ့လိုက်တာနဲ့ ထိန်းမနိုင်သေးတဲ့ အခြေ အနေ ဆီ ရောက်ကုန်ပါတယ်။

သုတေသန လုပ်တတ်ပြီး အချိန်ရသူများကတော့ လေကြောင်းဖွံ့ဖြိုးမှုစံနုန်း၊ GDP, Country classification တို့နဲ့ ဒီဗိုင်းရပ်စ် ပြန့်ပွားပုံ အချိတ်အဆက် ( Correlation Study ) ကို လေ့လာ၊ ပြုလုပ်သင့်ပါတယ်။ နံပါတ် (၂) အချက်ကတော့ WHO ကိုယ်တိုင်က ပူတဲ့ဒေသ တွေမှာ လည်း ဒီဗိုင်းရပ်စ်က ဖြစ်နိုင်တယ်လို့ သတိပေးနေပေမယ့် ဒီဗိုင်းရပ်စ်ဟာ အပူချိန် အကန့်အသတ်ရှိပုံရပါတယ်။ အထူးသဖြင့် သူ့ရဲ့ လူ့ခန္ဒာပြင်ပ ရှင်သန်နုန်းက အပူချိန် အကန့်အသတ်ရှိပါတယ်။ သူ့နောင်တော် SARs လိုပါဘဲ ။

ပူပြင်းတဲ့ နွေရောက်လာရင် လျော့နည်းကျဆင်းသွားမယ်လို့ ပညာရှင်အများစုက မျှော်လင့်နေကြပါတယ်။ လတ်တလော မှာ ဘာသာရေး အခမ်းအနားကနေ ရုတ်တရက် ကူးစက်သူဦးရေထိုးတက်လာတဲ့ မလေးရှားနိုင်ငံကို စောင့်ကြည့်ရပါ့မယ်။ ကျွန်တော့်အမြင်အရ ဆိုရင် မလေးရှားနိုင်ငံ ဟာ EU နိုင်ငံတွေ အဆင့်တော့ မရောက်နိုင်ဘူး လို့ယူဆပါတယ်။ Academic world မှာ သုံးခဲ့တဲ့ The North and the South ဆိုတာက မြောက်ခြမ်းက ချမ်းသာပြီး တောင်ဘက်ခြမ်းက ဆင်းရဲတဲ့နိုင်ငံတွေလို့ သတ်မှတ်ထားတာပါ။

တောင်ဘက်ခြမ်းက ပိုလည်းပူပါတယ်။ အခုဒီ ဗိုင်းရပ်စ်က မြောက်ခြမ်းကို ပိုဖိစီးထားပါတယ်။ ကျွန်တော်တို့ရဲ့ ရွှေနိုင်ငံကြီးကတော့ အ တော် ကံကောင်းလှပါတယ်။ အထက်ပါ အချက်(၂) ချက်နဲ့ လုံးဝ ပြည့်စုံနေလို့ပါပဲ။ လေယဉ်ပြေးလမ်း တစ်လမ်းပဲရှိတဲ့ ရန်ကုန် လေဆိပ် က ကမ္ဘာမှာ အသေးဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ်တွေထဲက တစ်ခုပါ။ရာသီဥတုကလည်း ၃၀ ဒီဂရီ ဆဲလ်ဆီယပ်ကျော်တာ လအတော် ကြာနေပါပြီ။ နောက်တစ်ချက်က ဒီဗိုင်းရပ်စ် Outbreak အဆင့်ထိ ကူးစက်ပြန့်ပွားခံရဖို့ အတွက် အဓိကကျတဲ့ အခန်းကနေပါနေတဲ့ အ သက်ကြီးပိုင်း (၈၀ ကျော်) ကလည်း များများစားစားမရှိလှပါဘူး။

Outbreak ဖြစ်ဖို့လက်ခံ Population က နည်းနေတယ် လို့ ယူဆရပါတယ်။ EU နဲ့ ကိုရီးယား မှာက အသက်ရှည်ကြတော့ ဒီအသက်ကြီး ပိုင်းတွေကဘဲ Vulnerable population ဖြစ်နေတာပါဘဲ။ တရုတ်ပြည်နဲ့ မိုင်ထောင်ချီထိစပ်နေပြီး နယ်စပ်ကူးသန်းကုန်သွယ်မှုများလှ ပေမယ့်၊ တရုတ်အစိုးရက ကောင်းစွာထိန်းချိုပ်ထားနိုင်လို့ နယ်ချင်းထိစပ်နေတဲ့ တရုတ်ပြည်နယ်တွေမှာ က စဖြစ်ကတည်း ၁၀၀ ကျော် ၂၀၀-၅၀၀ ဟာ အခုလည်း အဲ့လောက်ပဲဖြစ်နေလို့ မြန်မာနိုင်ငံအပေါ်မှာ များစွာသက်ရောက်မှု မရှိနိုင်ပါဘူး။

သို့သော် မြန်မာနိုင် ငံ အတွက်အခုမှ စပူရမှာ ဖြစ်ပါတယ်။ အဲဒါကတော့ နွေပိတ်ရက်တွေမှာ မိသားစုနဲ့ အတူရှိဖို့ ပြန်လာမယ့် မလေးရှား၊ ထိုင်းတို့ကနေပြန်လာမယ့် ကိုယ့်နိုင်ငံသားတွေပါဘဲ။ အစိုးရအနေနဲ့ သေချာစွာကိုင်တွယ်နိုင်ဖို့လိုပါတယ်ခင်ဗျာ။

REF:     SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *