





Source : Worldofbuzz

UNICODE

ကလေး မ ငိုအောင်လို့ ဆိုပြီး အ ကြံပိုင်ပိုင် နဲ့ ဂျင်းထည့်လိုက် တဲ့ မိခင် ရဲ့ နည်းလမ်း တစ်ခု

သားသမီးတွေဟာ ငယ်စဉ်ကတည်းက မိခင်နဲ့ အနီးကပ်နေလာရတာကြောင့် မိခင်ကို ပိုမင်တွယ်တယ်လို့ ဆိုရမှာပါ….အမေမရှိရင် သူတို့မနေတတ်ပါဘူး……အဲတာကြောင့် အမေတွေဟာ မိမိတို့သားသမီးနားမှာ အမြဲလိုလိုအချိန်ပေးရပါတယ်….. ဒါကြောင့်တခုခုလုပ်ချင်ရင် သူတို့မှာ ဒုက္ခရောက်ရပါတော့တယ်..ကလေးကို ဒီတိုင်းထားခဲ့ရင်လည်း ကလေးကငို ဆိုတော့ ဒီလိုမဖြစ်ရအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားလာခဲ့ကြပါတယ်…ဒီဖြစ်ရပ်လေးကတော့ ကြံကြံဖန်ဖန်ပါပဲ…ကလေးမငိုအောင် လှည့်စားခဲ့တဲ့ ဖြစ်ရပ်လေးပါပဲ….

သိတဲ့အတိုင်း ဂျပန်လူမျိုးတွေဟာ တီထွင်ဆန်းသစ်တဲ့နေရာမှာ သူမတူအောင်ထူးချွန်ကြပါတယ်…ကလေးအမေတစ်ဦးဖြစ်တဲ့ ဂျပန်လူမျိုးဖခင်တစ်ယောက်ဟာ မိခင်အနားမရှိတဲ့ အချိန် ကလေး မငိုအောင်ဆိုပြီး သူ့ဇနီးနဲ့ ခန္ဓာကိုယ်အရွယ်အစားအတိုင်း ကတ်ထူရုပ် ၂ ခုပြုလုပ်ခဲ့ပါတယ်..တစ်ခုကတော့ ထိုင်နေပုံဖြစ်ပြီး နောက်တစ်ခုကတော့ မတ်တပ်ရပ်ကြည့်နေပုံကို ပြုလုပ်ခဲ့တာပါ….

အဲကတ်ထူ ၂ ခုကို နေအိမ်တွင်းမှာထောင်ထားလိုက်တဲ့ အချိန်မှာ ကလေးကတော့ အနားမှာ မိခင်ရှိတယ်ထင်ပြီး လုံးဝမငိုဘဲနေနေတာတွေ့ရပါတယ်…..အဲဒီအချိန်ကျမှ မိခင်ဖြစ်သူလည်း မိမိလုပ်ချင်တဲ့ အလုပ်လေးတွေ လုပ်နိုင်ပါတော့တယ်….ဒီလိုမှ မဟုတ်ရင် ကလေးက မိခင်ကို မမြင်တာနဲ့ အရမ်းကို ငိုတာပါ…ခုလို အရုပ်ထောင်ထားတဲ့အချိန်မှာတော့ ကလေးငယ်ဟာ မိခင်ရှိတယ်အမှတ်နဲ့ ပြုံးပျော်စွာ ဆော့ကစားနေခဲ့ပါတယ်…. ဒါပေမဲ့ ဒါဟာ မိနစ် ၂၀ လောက်ပဲ ခံတယ်လို့ သိရပါတယ်..ဘာလို့ဆို မလှုပ်မရက်ရှိနေတဲ့ ကတ်ထူအရုပ်ကို ကလေးက တခုခုမှားနေတယ်လို့ ခံစားသိရှိသွားတာကြောင့်ပါ….

အဲတာကြောင့် ကလေးဟာ ကတ်ထူအရုပ်ကို ကြည့်ပြီး အော်ငိုပါတော့တယ်…ဘာပဲဖြစ်ဖြစ် ဒီနည်းလမ်းလေးဟာ မိနစ် ၂၀ လောက်ကလေးကို ထိန်းနိုင်ခဲ့ပြီး ဒီဖြစ်ရပ်ဗီဒီယိုလေးကလည်း လူမှုကွန်ရက်စာမျက်နှာမှာ လူကြည့်များနေပါတယ်….ပရိသတ်ကြီးတို့လည်း ဒီဗီဒီယိုလေးကြည့်ရှုနိုင်အောင် အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်….

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Source : Worldofbuzz

Add a Comment

Your email address will not be published. Required fields are marked *