တ႐ုတ္ခရီးသြားမ်ားအား စကၤာပူ ဝင္ခြင့္ ပိတ္၊ ၁၄ ရက္အတြင္း တ႐ုတ္ႏိုင္ငံသို႔ေရာက္ခဲ့သည့္ အျခားႏိုင္ငံျခားသား မ်ားကိုလည္း ေပးဝင္မည္မဟုတ္ဟု ထုတ္ျပန္

တ႐ုတ္ခရီးသြားမ်ားအား စကၤာပူ ဝင္ခြင့္ ပိတ္၊ ၁၄ ရက္အတြင္း တ႐ုတ္ႏိုင္ငံသို႔ေရာက္ခဲ့သည့္ အျခားႏိုင္ငံျခားသား မ်ားကိုလည္း ေပးဝင္မည္မဟုတ္ေၾကာင္းသိရွိရသည္။ ဖိလစ္ပိုင္လည္း ပိတ္ပင္ရန္ စီစဥ္ေနသည္ဟု သိရပါတယ္။တ႐ုတ္ျပည္မႀကီးမွ ေရာက္ရွိလာမည့္တ႐ုတ္ခရီးသြားမ်ားကို စကၤာပူက ႏိုင္ငံတြင္းသို႔ဝင္ခြင့္မျပဳေတာ့ဘဲ အဝင္အထြက္ဂိတ္မ်ားကို ပိတ္ပင္ေတာ့မည္ျဖစ္သည္။

အဆိုပါ ပိတ္ပင္မႈမွာ စင္ကာပူ စံေတာ္ခ်ိန္ မနက္ျဖန္ ေဖေဖာ္ဝါရီ ၁ စေနေန႔ည၁၁း၅၉ နာရီအခ်ိန္မွစတင္ အမိန႔္သက္ေရာက္မည္ဟု သိရသည္။တ႐ုတ္ႏိုင္ငံမွ ခရီးသြားမ်ားကို ပိတ္ပင္သလို ၿပီးခဲ့သည့္ ေနာက္ဆုံး ၁၄ ရက္အတြင္း တ႐ုတ္ႏိုင္ငံသို႔ေရာက္ရွိခဲ့သည့္ အျခားႏိုင္ငံျခားသားမ်ားကိုလည္းေပးဝင္မည္မဟုတ္ေပ။

အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအနက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသည့္လူနာကို ထိုင္းႏိုင္ငံၿပီးမွသာစင္ကာပူက ေတြ႕ရွိခဲ့ေသာ္လည္း တ႐ုတ္ခရီးသြားမ်ားကို ပိတ္ပင္သည့္ ပထမဆုံးႏိုင္ငံျဖစ္လာသည္။

ယေန႔ေသာၾကာေန႔အထိ စင္ကာပူတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၁၃ ဦးေတြ႕လာၿပီျဖစ္ ကာ ၎တို႔အားလုံးမွာ ဝူဟန္မွ ေရာက္လာသူမ်ားျဖစ္သည္။စင္ကာပူ ခရီးသြားဘုတ္အဖြဲ႕၏ စာရင္းအရ ၿပီးခဲ့သည့္ ႏိုဝင္ဘာအၿပီးထိ ျပည္မႀကီးမွ တ႐ုတ္ခရီးသြား၂၄၈,၀၀၀ ဝင္ေရာက္ခဲ့ကာ ၂၀၁၈ တြင္ ၃.၄၂ သန္းအထိ ဝင္ေရာက္ခဲ့သည္ဟု သိရသည္။ဖိလစ္ပိုင္တြင္လည္း ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိသည့္ပထမဆုံးလူနာကို ေတြ႕ရွိခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံသားခရီးသြားအားလုံးကို ဝင္ခြင့္ပိတ္ပင္ရန္ ဖိလစ္ပိုင္သမၼတ ဒူတာေတးက စီစဥ္ေနၿပီဟု သတင္းမ်ားအရ သိရသည္။

Ref း SCMP
source:The Ladies News

UNICODE

တရုတ်ခရီးသွားများအား စင်္ကာပူ ဝင်ခွင့် ပိတ်၊ ၁၄ ရက်အတွင်း တရုတ်နိုင်ငံသို့ရောက်ခဲ့သည့် အခြားနိုင်ငံခြားသား များကိုလည်း ပေးဝင်မည်မဟုတ်ဟု ထုတ်ပြန်

တရုတ်ခရီးသွားများအား စင်္ကာပူ ဝင်ခွင့် ပိတ်၊ ၁၄ ရက်အတွင်း တရုတ်နိုင်ငံသို့ရောက်ခဲ့သည့် အခြားနိုင်ငံခြားသား များကိုလည်း ပေးဝင်မည်မဟုတ်ကြောင်းသိရှိရသည်။ ဖိလစ်ပိုင်လည်း ပိတ်ပင်ရန် စီစဉ်နေသည်ဟု သိရပါတယ်။တရုတ်ပြည်မကြီးမှ ရောက်ရှိလာမည့်တရုတ်ခရီးသွားများကို စင်္ကာပူက နိုင်ငံတွင်းသို့ဝင်ခွင့်မပြုတော့ဘဲ အဝင်အထွက်ဂိတ်များကို ပိတ်ပင်တော့မည်ဖြစ်သည်။

အဆိုပါ ပိတ်ပင်မှုမှာ စင်ကာပူ စံတော်ချိန် မနက်ဖြန် ဖေဖော်ဝါရီ ၁ စနေနေ့ည၁၁း၅၉ နာရီအချိန်မှစတင် အမိန့်သက်ရောက်မည်ဟု သိရသည်။တရုတ်နိုင်ငံမှ ခရီးသွားများကို ပိတ်ပင်သလို ပြီးခဲ့သည့် နောက်ဆုံး ၁၄ ရက်အတွင်း တရုတ်နိုင်ငံသို့ရောက်ရှိခဲ့သည့် အခြားနိုင်ငံခြားသားများကိုလည်းပေးဝင်မည်မဟုတ်ပေ။

အရှေ့တောင်အာရှနိုင်ငံများအနက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့်လူနာကို ထိုင်းနိုင်ငံပြီးမှသာစင်ကာပူက တွေ့ရှိခဲ့သော်လည်း တရုတ်ခရီးသွားများကို ပိတ်ပင်သည့် ပထမဆုံးနိုင်ငံဖြစ်လာသည်။

ယနေ့သောကြာနေ့အထိ စင်ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၃ ဦးတွေ့လာပြီဖြစ် ကာ ၎င်းတို့အားလုံးမှာ ဝူဟန်မှ ရောက်လာသူများဖြစ်သည်။စင်ကာပူ ခရီးသွားဘုတ်အဖွဲ့၏ စာရင်းအရ ပြီးခဲ့သည့် နိုဝင်ဘာအပြီးထိ ပြည်မကြီးမှ တရုတ်ခရီးသွား၂၄၈,၀၀၀ ဝင်ရောက်ခဲ့ကာ ၂၀၁၈ တွင် ၃.၄၂ သန်းအထိ ဝင်ရောက်ခဲ့သည်ဟု သိရသည်။ဖိလစ်ပိုင်တွင်လည်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသည့်ပထမဆုံးလူနာကို တွေ့ရှိခဲ့ပြီးနောက် တရုတ်နိုင်ငံသားခရီးသွားအားလုံးကို ဝင်ခွင့်ပိတ်ပင်ရန် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက စီစဉ်နေပြီဟု သတင်းများအရ သိရသည်။

Ref း SCMP
source:The Ladies News

Add a Comment

Your email address will not be published. Required fields are marked *