ေၾကာက္စရာေလာကႀကီး၊ ဖခင္ျဖစ္သူ မွ အ သက္ (၁၄)ႏွစ္အ႐ြ ယ္ သ မီးအရင္းျဖစ္သူ အား ျပဳက်င့္ မႈျဖစ္ပြား

ေကာ လင္းၿမိဳ႕တြင္ ဖခင္ျဖစ္သူမွ အသက္ (၁၄)ႏွစ္အရြယ္ သမီးအရင္းအား ျပဳက်င့္မႈျဖစ္ပြားခဲ့သည္။

ျဖစ္ စဥ္မွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေကာလင္းၿမိဳ႕နယ္၊ ပုေတာကလံုးေက်းရြာေန မ——-၊ ၁၄ ႏွစ္သည္ အၿမဲဆိုသလို မိႈင္ေတြေနၿပီး မူးေ၀ေအာ့အန္ေနသည္ကို အေဒၚျဖစ္သူကသတိထားမိသျဖင့္ ေဖေဖာ္၀ါရီလ ၂ ရက္၊ နံနက္ ၈ နာရီခန္႔တြင္ ေက်းလက္က်န္းမာေရးဌာနသို႔ သြားေရာက္ျပသေပးခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရိွရသည္။

ထိုအခါတူမျဖစ္သူမွာ ကိုယ္၀န္ရွိေနေၾကာင္းဆီးစစ္သည့္ ေဆးမွတ္တမ္းအရ သိရွိရသျဖင့္ စစ္ေမးရာ ဖခင္ဦးျပဴး(ခ)ခ်စ္ေအာင္(၄၂)ႏွစ္က ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၀ ရက္ (နတ္ေတာ္လဆန္း-၁၄ ရက္)၌ မေအျဖစ္သူ မရွိခ်ိန္တြင္ ျပဳက်င့္ခဲ့ေၾကာင္း သိရွိရသည္။

ထို႔အျပင္ ျပာသိုလျပည့္ေန႔(၉-၁-၂၀၂၀)၊ မနက္ ၄ နာရီတြင္လည္း ဒုတိယအႀကိမ္ ျပဳက်င့္ခဲ့ေၾကာင္း စစ္ေဆးသိရွိခဲ့သည္။ ျပဳက်င့္ၿပီးသည့္ အခ်ိန္တိုင္း မည္သူမွ်မသိေစရန္ ၿခိမ္းေျခာက္ေျပာဆိုခဲ့သျဖင့္ ျပန္မေျပာရဲပဲ ေနျခင္းျဖစ္ေၾကာင္း မ —–၏ ထြက္ဆိုခ်က္အရ သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍အေရးယူေပးပါရန္ က်ဴးလြန္ျခင္းခံရသူမ——— အသက္ (၁၄) ႏွစ္၏အေဒၚျဖစ္သူက ေဖေဖာ္၀ါရီလ ၂ ရက္၊ နံနက္ပိုင္း၌ တရားလိုျပဳလုပ္တိုင္ၾကားသျဖင့္ ဦးျပဴး(ခ)ခ်စ္ေအာင္(၄၂)ႏွစ္ကို (ပ)၃၆/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ – ၃၇၆ ျဖင့္ ေကာလင္းၿမိဳ႕မရဲစခန္း၌အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

Credit-Blacker

UNICDE

ကြောက်စရာလောကကြီး၊ ဖခင်ဖြစ်သူ မှ အ သက် (၁၄)နှစ်အရွ ယ် သ မီးအရင်းဖြစ်သူ အား ပြုကျင့် မှုဖြစ်ပွား

ကော လင်းမြို့တွင် ဖခင်ဖြစ်သူမှ အသက် (၁၄)နှစ်အရွယ် သမီးအရင်းအား ပြုကျင့်မှုဖြစ်ပွားခဲ့သည်။

ဖြစ် စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ပုတောကလုံးကျေးရွာနေ မ——-၊ ၁၄ နှစ်သည် အမြဲဆိုသလို မှိုင်တွေနေပြီး မူးဝေအော့အန်နေသည်ကို အဒေါ်ဖြစ်သူကသတိထားမိသဖြင့် ဖေဖော်ဝါရီလ ၂ ရက်၊ နံနက် ၈ နာရီခန့်တွင် ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ပြသပေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။

ထိုအခါတူမဖြစ်သူမှာ ကိုယ်ဝန်ရှိနေကြောင်းဆီးစစ်သည့် ဆေးမှတ်တမ်းအရ သိရှိရသဖြင့် စစ်မေးရာ ဖခင်ဦးပြူး(ခ)ချစ်အောင်(၄၂)နှစ်က ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် (နတ်တော်လဆန်း-၁၄ ရက်)၌ မအေဖြစ်သူ မရှိချိန်တွင် ပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ပြာသိုလပြည့်နေ့(၉-၁-၂၀၂၀)၊ မနက် ၄ နာရီတွင်လည်း ဒုတိယအကြိမ် ပြုကျင့်ခဲ့ကြောင်း စစ်ဆေးသိရှိခဲ့သည်။ ပြုကျင့်ပြီးသည့် အချိန်တိုင်း မည်သူမျှမသိစေရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် ပြန်မပြောရဲပဲ နေခြင်းဖြစ်ကြောင်း မ —–၏ ထွက်ဆိုချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍အရေးယူပေးပါရန် ကျူးလွန်ခြင်းခံရသူမ——— အသက် (၁၄) နှစ်၏အဒေါ်ဖြစ်သူက ဖေဖော်ဝါရီလ ၂ ရက်၊ နံနက်ပိုင်း၌ တရားလိုပြုလုပ်တိုင်ကြားသဖြင့် ဦးပြူး(ခ)ချစ်အောင်(၄၂)နှစ်ကို (ပ)၃၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၆ ဖြင့် ကောလင်းမြို့မရဲစခန်း၌အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Credit-Blacker

Add a Comment

Your email address will not be published. Required fields are marked *