ဝါဆိုမိုးဦးဟာ Snareအဖွဲ့ဝင် အဆိုတော်ဖြိုးလေးနဲ့ လက်တွဲလာခဲ့ကြတာ ချစ်သူသက်တမ်း ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။ သူတို့ စုံတွဲရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိရာ အခုလည်းချစ်သူနဲ့အတူ ပွဲတက်ရောက်ခဲ့တဲ့ အမိုက်စား ပုံလေးတွေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။
ကလေးသရုပ်ဆောင်ဘဝတည်းက အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေး လက်ခံတဲ့ ဝါဆိုမိုးဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမက ကျစ်လျစ်ပြီး ပြည့်တင်းလှပတဲ့ ခန္ဓာ ကိုယ်လေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ပုရိသတွေသာမကမိန်းကလေးချင်းပါ ကြွေရတဲ့မင်းသမီးချောလေးဖြစ်ပါတယ်။
ဝါဆိုမိုးဦးက အဆိုတော်ဖြိုးလေးနဲ့လည်း ကြည်နူးသာယာစရာrelationshipတစ်ခုကိုတည်ထောင်ထားတာလည်းဖြစ်ပါတယ်။ဝါဆိုတို့စုံတွဲလေးကဆိုရင်လည်း ပရိသတ်တွေသဘောကျချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ အပါအဝင် ပါပဲ။