ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ နာမည်ကြီးခဲ့တဲ့ မင်းသမီးကြီးနန္ဒာလှိုင်ဟာ သူမရဲ့မိသားစုပုံရိပ်လေးတွေကိုလည်း အမြဲလိုလိုဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ် ။ အခုမှာ တော့ သူမငယ်ရွယ်စဉ်တစ်ချိန်က အမှတ်တရပုံလေးတွေကို ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။
နန္ဒာကတော့ ငယ်စဉ်ထဲက ယဉ်ယဉ်လေးနဲ့ ချစ်ဖို့ကောင်းနေတာအခုချိန်ထိပါပဲနော် ။ပရိသတ်ကြီး လည်း နန္ဒာရဲ့ ငယ်ဘဝပုံလေးတွေကို ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။နန္ဒာလှိုင်က သမီးချောလေး သုံးယောက်ကို မွေးဖွားထားတဲ့ ကလေးမေမေပဲ ဖြစ်ပါတယ်။ ကလေးသုံးယောက်မိခင်ဖြစ်တဲ့ နန္ဒာလှိုင်က။
အနုပညာအလုပ်တွေကို ရပ်နားထား ခဲ့တာလည်း အချိန်အတော်ကြာအောင် ရှိနေခဲ့ပြီဖြစ်ပါတယ်။ဒါပေမယ့်လည်း နန္ဒာလှိုင်ကို ပရိသတ်တွေကလူမှုကွန်ယက် ကတစ်ဆင့် ဆက်လက်အားပေးနေကြတာ ဖြစ်ပါတယ်။ အခုချိန်အထိ အရွယ်တင်နုပျိုနေဆဲဖြစ်ပြီး ရိုးရိုးယဉ်ယဉ်လေး ဝတ်ဆင် ထားရင်တောင်မှ သူမရဲ့အလှတွေကပေါ်လွင်တောက်ပနေတာ ဖြစ်ပါတယ်။