ေအာက္လႊတ္ေတာ္က သမၼတထရမ့္ကို ဖယ္ရွားႏိုင္ေရးစြဲဆိုခ်က္ကို အထက္လႊတ္ေတာ္က အျပစ္မရွိေၾကာင္း စီရင္ခ်က္ခ်

ထရမ့္အေနနဲ႔ေတာ့ ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲမွာ အျပစ္ရွိေၾကာင္း စြဲဆိုခံရတဲ့ ပထဆုံး ေ႐ြးေကာက္ပြဲဝင္ သမၼတ ျဖစ္လာေတာ့မွာ ျဖစ္ပါ တယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၅ ရက္က သမိုင္းတင္ မဲေပးရာတြင္ ဆီးနိတ္လႊတ္ေတာ္က အေမရိကန္ရဲ႕ ၄၅ ဆက္ေျမာက္ သမၼတ ထရမ့္ ဟာ ယူကရိန္းနဲ႔ ပတ္သက္တဲ့ စြဲဆိုခ်က္မွာ ရာထူးက ဖယ္ရွားေလာက္ေအာင္ မရွိေၾကာင္း မဲခြဲဆုံးျဖတ္ခဲ့တာပါ။

တကယ္လို႔သာ အျပစ္ရွိေၾကာင္း ဆုံးျဖတ္ခံရမယ္ဆိုရင္ ထရမ့္ဟာ ၎ရဲ႕ ရာထူးတာဝန္ကို ဒုတိယသမၼတ မိုက္ပန႔္စ္ထံ လႊဲေျပာင္းေပး အပ္ရမည္ ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံအတြက္ ေတာ္ေတာ္ေလး သေဘာထားကြဲလြဲမႈ ျဖစ္ေနတဲ့ သမၼတ ထရမ့္ကို ရာထူးက ဖယ္ရွား ေရးမွာ ဆီးနိတ္လႊတ္ေတာ္က အျပစ္မရွိေၾကာင္း ဆုံးျဖတ္ၿပီး တရားေသလႊတ္လိုက္ၿပီ ျဖစ္ပါတယ္။

ေအာက္လႊတ္ေတာ္က စြဲခ်က္တင္ထားတဲ့ သမၼတ ထရမ့္ကို ရားထူးက ဖယ္ရွားႏိုင္တဲ့ အျငင္းပြားဖြယ္ စြဲဆိုခ်က္ အဆုံးသတ္အျဖစ္ ဆီးနိတ္လႊတ္ေတာ္က ထရမ့္မွာ အျပစ္မရွိေၾကာင္း စီရင္ခ်က္ခ်လိုက္တာပါ။ေအာက္လႊတ္ေတာ္က စြဲခ်က္တင္ထားတဲ့ အာဏာအလြဲ သုံးစားျပဳမႈမွာ မဲရလဒ္ ၅၂-၄၈ နဲ႔ လႊတ္ေတာ္ကို စြက္ဖက္ေႏွာင့္ယွက္မႈမွာ မဲ ၅၃-၄၇ မဲနဲ႔ တရားေသလႊတ္လိုက္တာပဲ ျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲမွာ ထရမ့္အတြက္ ယွဥ္ၿပိဳင္ဖက္ ျဖစ္လာႏိုင္တဲ့ ဒီမိုကရက္ပါတီမွ ဂ်ိဳးဘိုင္ဒင္ကို အက်င့္ပ်က္ျခစားမႈနဲ႔ ေၾကညာႏိုင္ေအာင္ ထရမ့္ဟာ အာဏာအလြဲသုံးၿပီး ယူကရိန္းႏိုင္ငံကို ဖိအားေပးခဲ့တယ္ဆိုကာ ဒီမိုကရက္ေတြက စြဲဆိုထားတာပါ။ ဒီမိုကရက္ ႀကီးစိုးေသာ ေအာက္လႊတ္ေတာ္ဟာ ထရမ့္ကို အျပစ္ရွိေၾကာင္း ဒီဇင္ဘာ ၁၈ ရက္က စြဲဆိုစီရင္ခ်က္ ခ်ခဲ့တာ ျဖစ္ပါတယ္။

REF: XYZ NEWS

UNICODE

အောက်လွှတ်တော်က သမ္မတထရမ့်ကို ဖယ်ရှားနိုင်ရေးစွဲဆိုချက်ကို အထက်လွှတ်တော်က အပြစ်မရှိကြောင်း စီရင်ချက်ချ

ထရမ့်အနေနဲ့တော့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အပြစ်ရှိကြောင်း စွဲဆိုခံရတဲ့ ပထဆုံး ရွေးကောက်ပွဲဝင် သမ္မတ ဖြစ်လာတော့မှာ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က သမိုင်းတင် မဲပေးရာတွင် ဆီးနိတ်လွှတ်တော်က အမေရိကန်ရဲ့ ၄၅ ဆက်မြောက် သမ္မတ ထရမ့် ဟာ ယူကရိန်းနဲ့ ပတ်သက်တဲ့ စွဲဆိုချက်မှာ ရာထူးက ဖယ်ရှားလောက်အောင် မရှိကြောင်း မဲခွဲဆုံးဖြတ်ခဲ့တာပါ။

တကယ်လို့သာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရမယ်ဆိုရင် ထရမ့်ဟာ ၎င်းရဲ့ ရာထူးတာဝန်ကို ဒုတိယသမ္မတ မိုက်ပန့်စ်ထံ လွှဲပြောင်းပေး အပ်ရမည် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအတွက် တော်တော်လေး သဘောထားကွဲလွဲမှု ဖြစ်နေတဲ့ သမ္မတ ထရမ့်ကို ရာထူးက ဖယ်ရှား ရေးမှာ ဆီးနိတ်လွှတ်တော်က အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး တရားသေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။

အောက်လွှတ်တော်က စွဲချက်တင်ထားတဲ့ သမ္မတ ထရမ့်ကို ရားထူးက ဖယ်ရှားနိုင်တဲ့ အငြင်းပွားဖွယ် စွဲဆိုချက် အဆုံးသတ်အဖြစ် ဆီးနိတ်လွှတ်တော်က ထရမ့်မှာ အပြစ်မရှိကြောင်း စီရင်ချက်ချလိုက်တာပါ။အောက်လွှတ်တော်က စွဲချက်တင်ထားတဲ့ အာဏာအလွဲ သုံးစားပြုမှုမှာ မဲရလဒ် ၅၂-၄၈ နဲ့ လွှတ်တော်ကို စွက်ဖက်နှောင့်ယှက်မှုမှာ မဲ ၅၃-၄၇ မဲနဲ့ တရားသေလွှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ထရမ့်အတွက် ယှဉ်ပြိုင်ဖက် ဖြစ်လာနိုင်တဲ့ ဒီမိုကရက်ပါတီမှ ဂျိုးဘိုင်ဒင်ကို အကျင့်ပျက်ခြစားမှုနဲ့ ကြေညာနိုင်အောင် ထရမ့်ဟာ အာဏာအလွဲသုံးပြီး ယူကရိန်းနိုင်ငံကို ဖိအားပေးခဲ့တယ်ဆိုကာ ဒီမိုကရက်တွေက စွဲဆိုထားတာပါ။ ဒီမိုကရက် ကြီးစိုးသော အောက်လွှတ်တော်ဟာ ထရမ့်ကို အပြစ်ရှိကြောင်း ဒီဇင်ဘာ ၁၈ ရက်က စွဲဆိုစီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။

REF:     XYZ  NEWS

Add a Comment

Your email address will not be published. Required fields are marked *