ပြီးခဲ့တဲ့ ရက်ပိုင်းက ပရိသတ်အချစ်တော် မင်းသမီးချောလေးယုသန္တာတင်က ဥရောပနိုင်ငံတွေကို အလည်အ ပတ်ခရီးထွက်ခဲ့ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပုံလေးတွေမျှဝေခဲ့တာကြောင့် ပရိသတ်တွေက အား ကျနေခဲ့ရပါသေးတယ်။ ဒီနေ့မှာလည်း ယုသန္တာတင်ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ Black Pink အဖွဲ့ရဲ့ World Tour ပွဲကို သွားရောက်ခဲ့တဲ့ပုံတွေကိုထပ်မံမျှဝေဖော်ပြလာခဲ့ပါတယ်။
ယုသန္တာတင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။ ယုသန္တာတင်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ သူဝါသနာပါတဲ့အလုပ်တွေနဲ့ ခရီးတွေထွက်ပြီး သာမာန်လူတစ်ယောက်လိုနေထိုင်နေခဲ့ပါတယ်။
BlankPink ရဲ့ ဖန်တွေဖြစ်တဲ့ Blink တွေကတော့ World Tour ပွဲကို သွားရောက်ခဲ့တဲ့ ယုသန္တာတင်ကို အား ကျနေခဲ့ကြပါသေးတယ်။ပရိသတ်ကြီးရေ World Tour ပွဲမှာရိုက်ကူးခဲ့တဲ့ ယုသန္တာတင်ရဲ့ ပုံလေးတွေကို ပြန် လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။