ပရိသတ်အချစ်တော် ပိုးမမှီသာကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ ပရိသတ်တွေကို နှုတ် ခွန်းဆက်စကားလေးဆိုလာခဲ့ပါတယ်။ “Hello It’s POE! ပိုးရဲ့သဲလေးတွေ ပိုး ကို မေ့သွားမှာဆိုးလို့ မျက်နှာလာပြတာ နှစ်သစ်ကိုလည်း ရောက်နေပြီဆိုတော့ အရင်နှစ်တွေကလိုပဲ ပိုးကို အမြဲချစ်မြတ်နိုးအားပေးပါဦးလို့။
ပြောရင်း ၂၀၂၃ ရဲ့ ပထမဆုံး ပုံလေးတွေနဲ့ နှုတ်ဆက်လိုက်တယ်နော်” ဆိုပြီး ပိုးမမှီသာကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မော်ဒယ်လ် မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။ မော်ဒယ်လ် တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးမှာ။
ခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်ခဲ့ပါသေးတယ်။သူ့ကို လွမ်းနေတဲ့ပရိသတ်တွေအတွက် သူ့ရဲ့ပုံလေးတွေကိုပါအလွမ်းပြေမျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတွေထဲက ပိုးရဲ့ ပရိသတ်တွေအတွက် ပိုးရဲ့ ပုံလေးတွေကို အလွမ်းပြေအဖြစ် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။