အလုပ်ကနေပြန်လာတဲ့အမေကို မွေးနေ့လက်ဆောင်လေးနဲ့ကြိုနေတဲ့ သမီးလေးကြောင့် အတိုင်းမသိပျော်ရွှင်နေတဲ့ မျိုးစန္ဒီကျော်

Posted on

မင်းသမီးချောလေးမျိုးစန္ဒီကျော်ရဲ့သမီးလေးကတော့ အဖေနဲ့အမေ အိမ်ထောင်ရေးကိုလည်း နားလည်ပေးကြသူတွေဖြစ်ပြီး မိဘတွေအပေါ် အရမ်းသိတတ်လွန်းသူလေးဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မျိုးစန္ဒီကျော်တို့သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျနေကြမယ်လို့ ထင်ပါတယ်နော်။မျိုးစန္ဒီကျော်က တော့ ဆယ်စုနှစ်နှစ်ခုစာလောက်ကို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ပရိသတ်အချစ်တော်မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။

မျိုးစန္ဒီကျော်ကတော့ လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပါသေးတယ်။အနုပညာအလုပ်တွေလုပ်သလို အပြင်စီးပွားရေးအလုပ်တွေလည်းလုပ်ကိုင်နေတဲ့ မျိုးစန္ဒီကျော်ဟာ မနေ့က ဇန်နဝါရီလ (၇) ရက်နေ့မှာကျရောက်တဲ့ မွေးနေ့မှာလည်း အနားမယူနိုင်ပဲ အလုပ်တွေလုပ်ကိုင်နေခဲ့ရတာပဲ ဖြစ်ပါတယ်။မျိုးစန္ဒီကျော်က မွေးနေ့မှာ အလုပ်သွားလုပ်ပြီး အိမ်ကိုမောမောပန်းပန်းနဲ့ပြန်လာခဲ့ပေမယ့် သူမရဲ့ ချစ်သမီးလေးရဲ့မွေးနေ့လက်ဆောင်ကြောင့် ပျော်ရွှင်ပီတိဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။

မျိုးစန္ဒီကျော်က “😍အချစ်လေးပေးတဲ့ မွေးနေ့လက်ဆောင်😍 အလုပ်ကနေမောမောပန်းပန်းပြန်လာတဲ့ မေမေ့အတွက် အမောပြေစေတဲ့ အဖိုးတန်လက်ဆောင်လေးအတွက် ကျေးဇူးပါ သမီးလေးရယ် 😍😍😍” ဆိုပြီး မျိုးစန္ဒီကျော်ရဲ့မွေးနေ့အတွက် သူမနဲ့ မျိုးစန္ဒီကျော်ရဲ့ချစ်သူ ကိုအောင်ကျော်မင်းတို့က ဆုတောင်းပေးနေတဲ့ ပုံလေးရေးဆွဲပေးခဲ့တဲ့ သမီးလေးရဲ့ လက်ဆောင်လေးကို ပြသလာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *