ဘန်ကောက်မြို့ကို အလန်းစားစတိုင်နဲ့ သွားရောက်လည်ပတ်ခဲ့တဲ့ နန်းခင်ဇေယျာ

Posted on

ဒီနေ့မှာတော့ မော်လ်ဒယ်မလေး နန်းခင်ဇေယျာရဲ့ ဖက်ရှင် ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုနိုင်စေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။အနုပညာအလုပ်တွေ နည်းပါးနေပေမယ့်လည်း သူမရဲ့နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြပေးလျက်ရှိပါတယ်။

သွယ်လျကျစ်လျစ်ပြီး သေးသေးသွယ်သွယ် အမိုက်စား body နဲ့ ပုရိသတွေနဲ့ အသည်းတွေကို လှုပ်ကိုင်နိုင်ခဲ့တဲ့ နန်းခင်ဇေယျာကတော့ ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေကိုပါ ရိုက်ကူး ခဲ့ရတာကိုတွေ့ပါတယ်။သူမရဲ့ ကြိုးစားမှုတွေကြောင့်လည်း အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေနဲ့။

နေရာတစ်ခုကို အခိုင်မာရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ် ။ လတ်တလောမှာလည်း အမိုက်စားဖက်ရှင်လေးနဲ့ အထာကျလွန်းနေတဲ့ ဘန်ကောက်ရောက် ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးထဲမှာ နန်းခင်တစ်ယောက် မိမိုက်ကာ ချစ်စရာကောင်းနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *