မင်းသမီးချောလေးသဉ္ဇာနွယ်ဝင်းကတော့ သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် မကြာ ခဏဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။အခုလည်း အပျိုလေးတစ်ယောက်လို နုပျိုလှပလွန်းတဲ့ ချစ် စရာပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။
သဉ္ဇာနွယ်ဝင်းကတော့ အနုပညာအလုပ်တွေနဲ့ကင်းကွာနေပေမယ့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုတော့ ဆက်လက်ရရှိနေဆဲဖြစ်ပါတယ်။ သားတစ်ယောက်၊သမီးတစ်ယောက်ကိုမွေးဖွားထားပြီး ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပျော်ရွှင်စရာမိသားစုဘဝလေး ဖြစ်ပါတယ်နော်။
ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေကို ဖန်တီးတည်ဆောက် ထားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သဉ္ဇာက သားနဲ့ သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်နေတဲ့ မိခင်ကောင်းတစ်ယောက်ဆိုလည်း မမှားပါဘူး ။