မင်းသမီးချောလေး မိုးယုစံက သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း ဖက်ရှင် အမိုက်စားလေးနဲ့ ပို့စ်လေးတွေ မျိုးစုံပေးကာ လန်းနေတဲ့ ပုံတွေကို ဝေမျှလာရာ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
မိုးယုစံကတော့ တစ်ချိန်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ကာ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။
ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို အချိန်အပြည့်အဝပေးနေတဲ့ သူမကတော့ အနုပညာအလုပ်တွေအ နေနဲ့ ကြော်ငြာတွေကိုသာရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။ ခုချိန်အထိလည်း နုပျိုလှပလွန်းတဲ့ အလှတ ရားတွေ ပိုင်ဆိုင်ထားလို့ အားလုံးက အားကြနေကြတာပါ ။