မင်းသမီးချောလေးခင်လေးနွယ်ဟာ သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့အတူခရီးသွား ပုံရိပ်လေးတွေကို ပရိ သတ်တွေကို အမြဲ မျှဝေပေးနေကြမင်းသမီးလေးလည်းဖြစ်ပါတယ် ။ တိုင်းရင်းသူမင်းသမီးတစ်ယောက်ဖြစ်ပြီး သူမရဲ့ အသံဝဲဝဲလေးနဲ့ စကားပြောပုံလေးတွေက ပရိသတ်တွေကို ကြွေစေခဲ့တာလည်းဖြစ်ပါတယ်။
ခင်လေးနွယ်ကိုတော့ ဗီဒီယိုဇာတ်ကားလေးတွေနဲ့စတင်ရင်းနှီးခဲ့ကြပြီး သူမရဲ့စွဲမက်ဖွယ်အလှပုံလေးတွေကြောင့် အားလုံးကြားမှာ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ခင်လေးနွယ်ကတော့ ခန္ဓာကိုယ် သေးသေးသွယ်သွယ်လေးနဲ့ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးဆိုလည်း မမှားပါဘူးနော်။
အခုလည်း တရုတ်ရိုးရာ အပြင်အဆင်လေးတွေနဲ့ ပို့စ်လေးတွေ မျိုးစုံပေးကာ ချစ်စရာကောင်းလွန်းနေတဲ့ ပုံလေးတွေကို ဖော်ပြထားရာ ပုံတိုင်းက အရမ်းကို နုပျိုပြီး လှရက်လွန်းနေလို့ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။