အဆိုတော်ပိုပိုက သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း ချစ်ခင်ရသူတွေဆီကနေ မထင်မှတ်ဘဲ Surprise party လေးလုပ်ခံလိုက်ရတာကြောင့် အတိုင်း မသိ ပီတိဖြစ်မိကြောင်းကို ပုံလေးတွေနဲ့ တကွ ” Surprise Party လေးတဲ့ ♥️ ကျေးဇူးတင်တာထက်ပိုတဲ့။
စကားမျိူးရှိရင် ♥️” ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။ပိုပိုကတော့ သီချင်းကောင်းလေးတွေ သီဆိုရင်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တေးသီချင်းအမျိုးအစား အစုံအလင်ကို သီဆိုနိုင်စွမ်းရှိတဲ့ ပိုပိုက သီချင်းကောင်းလေးတွေ။
အများအပြားထွက်ရှိခဲ့တာ ဖြစ်ပါတယ် ။ပိုပိုရဲ့သီချင်းတော်တော်များများကလည်းလူငယ်ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို ရရှိနေတာပါ ။ တစ်မူထူးခြားတဲ့ သီဆိုဟန်လေးနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ ပိုပိုက အဆိုကောင်းသလို ရုပ်ရည်လေးကလည်း ချောမောလှပနေတာပါ ။