မင်းသမီးချောလေးဖွေးဖွေးရဲ့ ဖခင်ကြီးကတော့ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဆုံးပါးခဲ့တာဖြစ်ပြီး ဖွေးဖွေးကတော့ ဖခင်ကြီးကိုချစ်တဲ့သမီးတစ်ယောက်ဖြစ်တဲ့သူပီပီ ဖခင်ကို အခုချိန်ထိလွမ်းဆွတ်နေခဲ့တာပဲဖြစ်ပါတယ်။ ဖွေးဖွေးကတော့ “အသဲကကွဲနေတော့ ဒီတစ်ခေါက် Back on Track လုပ်ရတာတော် တော်ခက်ပါတယ်။အသဲကွဲတယ်ဆိုတိုင်းလည်း ရည်းစားကိစ္စကြီးပဲမဟုတ်ပါဘူး။
တစ်နှစ်ကျော်တာတောင် စိတ်ထဲနှလုံးသားထဲကအဖေ့ကို လက်မလွှတ်နိုင်သေးတာပါ။ဖွေးဖွေးကတော့ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ဖွေးဖွေးကတော့ ဒီနေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖခင်ကြီးကို လွမ်းဆွတ်တမ်းတနေကြောင်းဝမ်းနည်းစွာနဲ့ရင်ဖွင့်လာခဲ့ပါတယ်။
အိပ်မက်ထဲတစ်ခါတစ်ခါလာဖတ်ပေးတိုင်း နည်းနည်းအလွမ်းပြေသလိုရှိပေမဲ့စိတ်ကိုဘယ်လိုထားရမလဲသိပေမဲ့မလုပ်နိုင်တဲ့နေ့တွေကများပါတယ်။အဖေ့ကိုစိတ်ကောက်ချင်ပါတယ် သမီးကိုအစောကြီးထားခဲ့လို့” ဆိုပြီး ဖခင်ကြီးကို လွမ်းဆွတ်နေကြောင်းရင်ဖွင့်ထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေဖခင်ကြီးကိုလွမ်းပြီးဝမ်းနည်းနေတဲ့ဖွေးစိန်လေးအတွက် အားပေးနှစ်သိမ့်စကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။