CB ဘဏ္ကိုဓားျပတိုက္၍ ေငြလုၿပီးဗုံးအတုေထာင္သြားသူကို ဖမ္းမိေရးရဲတပ္ဖြဲ႕က အပူတျပင္းလိုစုံစမ္းေန

ေသ နတ္ေတြ ဗုံးေတြျပေတာ့ ပိုက္ဆံေပးလိုက္တယ္။ ဗုံးကို ေထာင္လိုက္တယ္။ ဗုံးကိုေထာင္ၿပီးတာနဲ႔ ပိုက္ဆံထုပ္နဲ႔ ကားေပၚ ေျပးတက္ သြားတယ္။ ႐ုတ္တရက္ ဗုံးႀကီးေထာင္ထားေတာ့ ေတာ္႐ုံတန္႐ုံလူက မလိုက္ရဲဘူးေျမာက္ဒဂုံၿမိဳ႕နယ္မွ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးတင္ထြန္းႏိုင္ႏွင့္ဆက္သြယ္ေမးျမန္းခ်က္ယေန႔ နံနက္ပိုင္း ေျမာက္ဒဂုံမွ CB ဘဏ္ ဓားျပတိုက္ခံရမႈျဖစ္စဥ္ႏွင့္ပတ္ သက္၍ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ထြန္းႏိုင္ကို ဆက္သြယ္ေမးျမန္းထားပါသည္။

“ဓားျ ပတိုက္တာမွန္ပါတယ္။ ေသနတ္နဲ႔ ေထာက္ၿပီး ၿခိမ္းေျခာက္သြားတယ္။ ေငြသားက သိန္း ၆၀၀ ေလာက္ပါတယ္လို႔ အၾကမ္းဖ်ည္း က်ေနာ္တို႔ သိရတယ္။ ဒါေပမယ့္ က်ေနာ္တို႔ အေသးစိတ္ ဘဏ္က ျပန္စစ္ရမွာေပါ့။ ဘဏ္ထဲမွာ လက္ပစ္ဗုံးေထာင္သြားတယ္။ လက္ပစ္ ဗုံးကို ျဖဳတ္လိုက္ၿပီ အခု။ အမ်ိဳးသား ၂ ဦးပါ ဖမ္းမမိေသးဘူး။ ထြက္ေျပးသြားတယ္။ ျဖစ္တဲ့အခ်ိန္က ၈ နာရီခြဲနဲ႔ ၈ နာရီ ၄၀ ဝန္းက်င္ ေလာက္ ။ သူတို႔ ၿခိမ္းေျခာက္တယ္။ ဘဏ္ထဲကို ဝင္လာတယ္။ ဒီမွာ ေသနတ္ပါတယ္။ ဗုံးပါတယ္။ ပိုက္ဆံေပးေပါ့။

ေသနတ္ေတြ ဗုံးေတြျပေတာ့ ပိုက္ဆံေပးလိုက္တယ္။ ဗုံးကို ေထာင္လိုက္တယ္။ ဗုံးကိုေထာင္ၿပီးတာနဲ႔ ပိုက္ဆံထုပ္နဲ႔ ကားေပၚ ေျပးတက္ သြားတယ္။ ႐ုတ္တရက္ ဗုံးႀကီးေထာင္ထားေတာ့ ေတာ္႐ုံတန္႐ုံလူက မလိုက္ရဲဘူး။ အခု ဖမ္းဆီးရမိေရး ဆက္လုပ္ေနပါတယ္”ရန္ကုန္ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္ရွိ CB ဘဏ္ခြဲတခုကို ဓားျပတိုက္ၿပီး ဗုံးအတုေထာင္ထြက္ေျပးသြားသူေတြကို ဖမ္းဆီးရမိဖို႔အတြက္ ရဲ တပ္ဖြဲ႕က အပူတျပင္း လိုက္လံစုံစမ္းေနပါတယ္။

ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္၊ ၃၅ ရပ္ကြက္၊ ပင္လုံလမ္း အမွတ္ ၁၂၁၇ မွာရွိတဲ့ CB ဘဏ္ကို ေဖေဖၚဝါရီ ၇ ရက္ နံနက္ပိုင္းက လူႏွစ္ ဦးကဝင္ေရာက္လာၿပီး ေသနတ္ျပကာ ဓားျပတိုက္သြားတာျဖစ္ပါတယ္။ေသနတ္ျပ ဓားျပတိုက္သူမွာ ၂ ဦးဟာ ဘဏ္ကေန ေငြက်ပ္သိန္း ၆၀၀ နီးပါးယူေဆာင္ကာ ခ်ိန္ကိုက္ဗုံးတခုထားရွိကာ ငွားယာဥ္ ပ႐ိုေဘာက္ CC/9965 နဲ႔ျပန္လည္ထြက္ခြာသြားခဲ့ပါတယ္။ အဆိုပါခ်ိန္ ကိုက္ဗုံးကို ျပည္သူလူထုေတြ ထိခိုက္မႈမရွိေစဖို႔ တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ ဝင္ေတြက ဗုံးရွင္းလင္းေရးလုပ္ငန္း ေဆာင္႐ြက္ရာ ဗုံး အတုျဖစ္ေနတာကို စစ္ေဆးေတြ႕ရွိပါတယ္။

REF: THE LIFESTYLE MYANMAR

UNICODE

CB ဘဏ်ကိုဓားပြတိုက်၍ ငွေလုပြီးဗုံးအတုထောင်သွားသူကို ဖမ်းမိရေးရဲတပ်ဖွဲ့က အပူတပြင်းလိုစုံစမ်းနေ

သေ နတ်တွေ ဗုံးတွေပြတော့ ပိုက်ဆံပေးလိုက်တယ်။ ဗုံးကို ထောင်လိုက်တယ်။ ဗုံးကိုထောင်ပြီးတာနဲ့ ပိုက်ဆံထုပ်နဲ့ ကားပေါ် ပြေးတက် သွားတယ်။ ရုတ်တရက် ဗုံးကြီးထောင်ထားတော့ တော်ရုံတန်ရုံလူက မလိုက်ရဲဘူးမြောက်ဒဂုံမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်နှင့်ဆက်သွယ်မေးမြန်းချက်ယနေ့ နံနက်ပိုင်း မြောက်ဒဂုံမှ CB ဘဏ် ဓားပြတိုက်ခံရမှုဖြစ်စဉ်နှင့်ပတ် သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ကို ဆက်သွယ်မေးမြန်းထားပါသည်။

“ဓားြ ပတိုက်တာမှန်ပါတယ်။ သေနတ်နဲ့ ထောက်ပြီး ခြိမ်းခြောက်သွားတယ်။ ငွေသားက သိန်း ၆၀၀ လောက်ပါတယ်လို့ အကြမ်းဖျည်း ကျနော်တို့ သိရတယ်။ ဒါပေမယ့် ကျနော်တို့ အသေးစိတ် ဘဏ်က ပြန်စစ်ရမှာပေါ့။ ဘဏ်ထဲမှာ လက်ပစ်ဗုံးထောင်သွားတယ်။ လက်ပစ် ဗုံးကို ဖြုတ်လိုက်ပြီ အခု။ အမျိုးသား ၂ ဦးပါ ဖမ်းမမိသေးဘူး။ ထွက်ပြေးသွားတယ်။ ဖြစ်တဲ့အချိန်က ၈ နာရီခွဲနဲ့ ၈ နာရီ ၄၀ ဝန်းကျင် လောက် ။ သူတို့ ခြိမ်းခြောက်တယ်။ ဘဏ်ထဲကို ဝင်လာတယ်။ ဒီမှာ သေနတ်ပါတယ်။ ဗုံးပါတယ်။ ပိုက်ဆံပေးပေါ့။

သေနတ်တွေ ဗုံးတွေပြတော့ ပိုက်ဆံပေးလိုက်တယ်။ ဗုံးကို ထောင်လိုက်တယ်။ ဗုံးကိုထောင်ပြီးတာနဲ့ ပိုက်ဆံထုပ်နဲ့ ကားပေါ် ပြေးတက် သွားတယ်။ ရုတ်တရက် ဗုံးကြီးထောင်ထားတော့ တော်ရုံတန်ရုံလူက မလိုက်ရဲဘူး။ အခု ဖမ်းဆီးရမိရေး ဆက်လုပ်နေပါတယ်”ရန်ကုန် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ CB ဘဏ်ခွဲတခုကို ဓားပြတိုက်ပြီး ဗုံးအတုထောင်ထွက်ပြေးသွားသူတွေကို ဖမ်းဆီးရမိဖို့အတွက် ရဲ တပ်ဖွဲ့က အပူတပြင်း လိုက်လံစုံစမ်းနေပါတယ်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၅ ရပ်ကွက်၊ ပင်လုံလမ်း အမှတ် ၁၂၁၇ မှာရှိတဲ့ CB ဘဏ်ကို ဖေဖေါ်ဝါရီ ၇ ရက် နံနက်ပိုင်းက လူနှစ် ဦးကဝင်ရောက်လာပြီး သေနတ်ပြကာ ဓားပြတိုက်သွားတာဖြစ်ပါတယ်။သေနတ်ပြ ဓားပြတိုက်သူမှာ ၂ ဦးဟာ ဘဏ်ကနေ ငွေကျပ်သိန်း ၆၀၀ နီးပါးယူဆောင်ကာ ချိန်ကိုက်ဗုံးတခုထားရှိကာ ငှားယာဉ် ပရိုဘောက် CC/9965 နဲ့ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ အဆိုပါချိန် ကိုက်ဗုံးကို ပြည်သူလူထုတွေ ထိခိုက်မှုမရှိစေဖို့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက ဗုံးရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ရာ ဗုံး အတုဖြစ်နေတာကို စစ်ဆေးတွေ့ရှိပါတယ်။

REF:     THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *