မင်းသမီးချောလေးနန်းစန္ဒာလှထွန်းကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာဓာတ်ပုံရိုက်ကူးတာတွေကို လုပ်ဆောင်နေခဲ့ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း ကြော်ငြာရိုက်ကူးထားတဲ့ ပုံတွေကို မျှဝေဖော်ပြပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း ကြော်ငြာရိုက်ကူးထားတဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။
နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ် တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းကတော့ MRTV- 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပြီး ဇာတ်ရုပ်တွေပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်ချစ်ခင်မှုကို ရရှိထားခဲ့တာပဲဖြစ်ပါတယ်။
ပုံလေးတွေထဲမှာတော့ နန်းစန္ဒာလှထွန်းက မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိလှစွာ ရိုးရိုးယဉ်ယဉ်လေးရဲ့ လှပနေခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ နန်းနန်းလေးရဲ့ ကျက်သရေရှိလှတဲ့ ဒီပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။