မင်းသမီးချောလေးမိုးစက်ဝိုင်ကတော့ သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် အမြဲဖော်ပြလေ့ရှိရာ လတ်တလောမှာလည်း မီးရောင်စုံတွေရဲ့ အောက်မှာ ချစ်စရာ ပို့စ်လေးတွေ ပေးရင်း လှရက်လွန်းနေတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။
မိုးစက်ဝိုင်ကတော့ နိုင်ငံခြား သူလေးအလား ထင်မှားရလောက်အောင် ချစ်စရာကောင်းသူလေးဖြစ်တာကြောင့် ပရိသတ်တွေ အသဲစွဲနေရသူလေးလည်းဖြစ်ပါတယ်။သူမက မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ အရည်းအချင်းတွေနဲ့ ပြည့်စုံလှပနေသူလေးဖြစ်တာကြောင့် အားကျချစ်ခင်နေရသူလည်းဖြစ်ပါတယ်။
စိတ်သဘောထား ဖြူစင်သူတစ်ယောက်ဖြစ်ပြီး ပရဟိတတွေမှာလည်း အားတက်သရော ပါဝင်ဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ လှပကျော့ရှင်းပြီး ဝင်းဝါစိုပြေတဲ့ အသားရေလေးတွေကြောင့်လည်း ဘာဝတ် ဝတ်အမြဲတမ်းလှပနေသူလေးဖြစ်ပြီး ထင်ပေါ်နေတာပါ ။