သမီးကြီးကို သိန်းထောင်ချီတန်ကားအပြင် သိန်းသောင်းချီတန်စိန်တစ်ဆင်စာ မွေးနေ့လက်ဆောင်ပေးလိုက်တဲ့ “စမိုင်းလ်”

Posted on

ဒီနေ့ကျရောက်တဲ့ သမီးကြီး ပေါ်ရှာရဲ့ (18) နှစ်ပြည့်မွေးနေ့လေးမှာ စမိုင်းလ်က သိန်း(၄၀၀၀) ကျော် နောက် ဆုံးပေါ် Telsa Model S ကားသစ်ကြီး သိန်းသောင်းချီတန် စိန်တစ်ဆင်စာ ဆင်မြန်းပေး ခဲ့တာလည်းဖြစ်ပါတယ်။သရုပ်ဆောင်စမိုင်းလ်ကတော့ လတ်တလောမှာဆိုရင် ချစ်ခင်ပွန်းနဲ့အတူ သာသနာ့ဘောင်ထဲသို့ ဝင်ရောက်နေတာဖြစ်ပြီး ကုသိုလ်တွေယူနေတာပါနော်။

စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သမီးနှစ်ယောက်ရဲ့ရှေ့ကနေ လမ်းပြလုပ်ဆောင်ကြပြီး ကောင်းရာလမ်းကိုညွှန်ပြကြတဲ့ မိဘတွေဖြစ်ပါတယ် ပေါ်ရှာနဲ့ကလိုဝီတို့ ညီအစ်မနှစ်ယောက်ကလည်း တစ်နေ့ကျရင် သူတို့လည်း မေမေ့လို သီလရှင်ဝတ်ကြမယ်လို့ ပြောတာကြောင့် စမိုင်းလ်ကတော့ ပီတိတွေဖြာနေရတာ ဖြစ်ပါတယ်။အလှူအတန်းဆိုလည်း သိန်းပေါင်းများစွာကို မကြာခဏ လှူဒါန်းနေကြပြီး ချစ်ပရိသတ်တွေအတွက် အမြဲတမ်းလိုလို လက်ဆောင်တွေ ပေးနေတာဖြစ်ပါတယ်။

စမိုင်းလ်တို့ မိသားစုကတော့ စီးပွားရေးနယ်ပယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေပြီး မကြာသေးမီကမှာ ဒေါ်လာ 7 သန်းတန် အိမ်ကြီးကိုလည်း ဝယ်ယူထားတာဖြစ်ပါတယ်။ သရုပ်ဆောင် စမိုင်းလ် တို့ မိသားစုကတော့ ကိုယ်ပိုင်လေယာဉ်ကြီး နဲ့ဘဲ ခရီးသွားလေ့ရှိပြီး ကမ္ဘာကျော် show ပွဲတွေမှာ VIP တန်းကနေ ကြည့်တဲ့အကြောင်း လူမှူကွန်ရက်မှာ ချပြနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *