ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ မြတ်ရတနာကျော်ကတော့ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ချစ်စရာသမီးလေးရဲ့ ပုံလေးတွေကိုပါအမြဲဖော်ပြပေးလေ့ရှိသူလေးလည်းဖြစ်ပါတယ်။ အခုလည်း ဖက်ရှင်အလန်းစားလေး ဝတ်ကာ နုပျိုပြီး အခါခါ ပြန်ကြည့်ချင်ရလောက်အောင် လန်းလွန်းနေတဲ့ ချစ်စရာပုံရိပ်လေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။
မြတ်ရတနာကျော်ကတော့ သီချင်းဗီဒီယိုလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ရအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မြတ်ရတနာကျော်ကို ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ ကြွေနေရတာ ဖြစ်ပါတယ်။
သူမဟာ အပြစ်ကင်းတဲ့အလှစစ်တွေကို ပိုင်ဆိုင်ထားပြီး ကလေးအမေဖြစ်သွားတာတောင်မှ အရွယ်တင်လှပနေဆဲ ဖြစ်ပါတယ်။မြတ်ရတနာကျော်က အဆိုတော်အာဘွိုင်းနဲ့ ထိမ်းမြားလက်ထပ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်သားမွေးတစ်သားလှလို့ဆိုရမယ့် မြတ်ရတနာကျော်က အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း ပိုလှလို့လာတာ ဖြစ်ပါတယ်။