မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေးဘေဘီမောင်ဟာ “သမီးလေးမွေးပီး Commercial ကြေငြာ သုံးခုရှိပြီ။ ဗိုက်စည်းကြော်ငြာ၊ ဒိုက်ဘာ ကြော်ငြာ၊ စိန်ဆိုင်ကြော်ငြာ သုံးခုစလုံး ဘီလီယံလေးမပါမဖြစ်ပေါ့။ မေမေ့မင်းသမီးလေး ဘီလီယံ” ဆိုပြီး သမီးလေးအတွက်ဂုဏ်ယူနေခဲ့တာပဲဖြစ်ပါတယ်။
ဘီလီယံလေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော်သားဂန်းနဲ့ မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေးဘေဘီမောင်တို့ရဲ့ သမီးလေးပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းလှတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ပရိသတ်အချစ်တော်လေးပါ။
ဘီလီယံလေးကတော့ လက်ရှိမှာ (၃)လကျော်(၄)လသားအရွယ်လေးသာရှိသေးပေမဲ့ မေမေနဲ့အတူတူ ကြော် ငြာတွေရိုက်ကူးနေခဲ့ရတာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။ မေမေဘေဘီကတော့ ကြော်ငြာရိုက်ဖို့ သမီးလေးကိုပါ မပါမဖြစ်ခေါ်ကြတာတွေရှိနေခဲ့တာကြောင့် ဂုဏ်ယူနေခဲ့ပါတယ်။