မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း ပုဂံရဲ့ အလှတရားတွေကို နောက်ခံထားကာ ဖန်တီး ရိုက်ကူးထားတဲ့ ပုံလေးတွေ အမှတ်တရ ဝေမျှလာပါတယ် ။
ဝတ်မှုန်ရွှေရည် ကတော့ ပရိသတ်လက်ခံအားပေးပြီးသား နာမည်ကြီးအနုပညာရှင် မင်းသမီးချောလေးဖြစ်ပြီး သူမရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန်ဆွတ်ခူးထားသူလေးဆိုလည်းမမှားပါဘူး ။
အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားလို့ မြင်ရသူတိုင်း ရင်အေးစေတဲ့အလှပိုင်ရှင်လေးပါပဲနော် ။ ဖက်ရှင်ပိုင်းမှာလည်း ပရိသတ်တွေအမြင်မရိုင်းအောင် ဝတ်ဆင်တတ်သူမို့လည်း ပရိသတ်တွေက အချစ်ပိုနေရတာပါ။ ဝတ်ဆင်တဲ့ဖင်ရှင်တိုင်းကလည်း ခေတ်နဲ့ညီလွန်းတာကြောင့် ဖက်ရှင်ဘုရင်မလို့တောင်တင်စားကြတာပါ။