ညီမလေးဝေလာရီနဲ့အပြိုင် ပို့စ်လေးတွေ မျိုးစုံပေးထားတဲ့ အမှတ်တရ ပုံလေးတွေ ဝေမျှလာတဲ့ လိမ္မော်သီး

Posted on

လိမ္မော်သီးနဲ့ဝေလာရီတို့ ညီအမ(၂)ယောက်ဟာ သူတို့ရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း ညီအစ်မနှစ်ယောက် ပို့စ်လေးတွေ မျိုးစုံပေးကာ ရိုက်ထားတဲ့ အ မှတ်တရ ပုံလေးတွေ ဝေမျှလာပါတယ် ။ ပုံတိုင်းမှာ ညီအစ်မ နှစ်ယောက်လုံး ချစ်စရာကောင်းနေပါတယ် ။

လိမ္မော်သီးကတော့ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သီချင်းတွေကို အင်အားအပြည့်နဲ့ သီဆိုတတ်တာ ဖြစ်ပါတယ် ။ ယနေ့အချိန်အထိတိုင်အောင် သီချင်းတွေအများအပြား ဖန်တီးခဲ့တဲ့ လိမ္မော်သီးက တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပြီ ဖြစ်ပါတယ် ။ ဒါ့အပြင်လိမ္မော်သီးက ချစ်စရာကောင်းတဲ့ သူမရဲ့ညီမလေးဝေလာရီနဲ့ လည်း သီချင်းတွေဖန်တီးပြီး အတူတူသီဆိုခဲ့တာပဲ ဖြစ်ပါတယ် ။

ညီမဖြစ်သူ သရုပ်ဆောင် မင်းသမီးချောလေး ဝေလာရီကလည်း ” နှင်းဆီ” ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေရဲ့အချစ်ကို စတင်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ် ။ တက်သစ်စအနုပညာရှင်လေးဖြစ်ပေမယ့် အရည်အချင်းပြည့်ဝတဲ့ ဝေလာရီက အချိန်ခဏလေးအတွင်းမှာတင် အောင်မြင်မှုရခဲ့တာပဲ ဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *