သဲလို့ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးစံရတီမိုးမြင့်က gym လည်း ပုံမှန်ဆော့သူလေးဖြစ်ရာ အခုလည်း ပျိုပျိုမေလေးတွေ အားကျသွားရလောက်တဲ့ အဆီပိုမရှိတဲ့ ခန္ဓာကိုယ် အလှတရားတွေ ပေါ်လွင်နေတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းက မိမိုက်လွန်းနေတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
မင်းသမီးချောလေးစံရတီမိုးမြင့်က အောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက် အပါ အဝင်ပဲဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ ဗီဒီယိုဇာတ်ကားတွေအပြင် ကြော်ငြာတွေများစွာကို ရိုက်ကူးထားခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် အားလုံးက သဲလို့ ချစ်စနိုးခေါ်ကြပြီး သရုပ်ဆောင်ကောင်းကာ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ဖမ်းစားတတ်တဲ့ သူမကတော့ အချိုးအစားကျပြီး ကျော့ရှင်းတဲ့အလှတရားတွေကြောင့်လည်း ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားသူလေးလည်း ဖြစ်ပါတယ် ။