မင်းသမီးချောလေးစံထိပ်ထားဦးက ပရိသတ်တွေကို အလွမ်းပြေ အနေနဲ့ ဗီဒီယိုလေး တစ်ခုကို ဝေမျှလာပါတယ် ။ ဒါကတော့ နာအည်ကြီး အင်္ဂလိပ် သီချင်းလေး ဖြစ်တဲ့ I like you so much, you’ll know it ကို အမိုက်စား ပြန်လည်သီဆိုထားတာ ဖြစ်ပြီး နားထောင်ကောင်းလွန်းလို့ ဝေမျှပေးလိုက်ပါတယ် ။
ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့ မြင်သူတိုင်းကို အချစ်ပိုစေတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တွေထဲမှာ စံထိပ်ထားဦးလည်း အပါအဝင်ပါပဲ ။ ဆွဲဆောင်မှုရှိတဲ့ အလှတရားလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာကောင်းတာလေးတွေကြောင့်လည်း ပုရိသပရိသတ်တွေရဲ့ အသည်းလေးတွေကြွေဆင်းနေရတာပါ ။
စံထိပ်ထားဦးက အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိနေပြီဖြစ်ပါတယ်နော်။ ထိပ်ထိပ်လေးက ပညာရေးဘက်မှာလည်း ထူးချွန်တဲ့အပြင် ရိုးရိုးအေးအေးလေးနဲ့ နေထိုင်တတ်တဲ့သူဖြစ်တာကြောင့် မေမေခိုင်သင်းကြည်တစ်ယောက် အချစ်တွေပိုပြီးရင်းပိုနေရတာလည်းဖြစ်ပါတယ်။