နိုင်ငံကျော်အဆိုတော်မေခလာ သို့မဟုတ် ချစ်ငယ်ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝမ်း သာပီတိဖြစ်နေရတဲ့ အကြောင်း မျှဝေဖော်ပြလာခဲ့ပါတယ်။ အကြောင်းကတော့ ချစ်ငယ်ရဲ့ သမီးလေးက မေမေချစ်ငယ်ရဲ့ဖုန်းလေးက ဟောင်းနေပြီဖြစ်တာကြောင့် မိခင်ဖြစ်သူအတွက် သူ့ရဲ့လစာတွေထဲကနေ နောက်ဆုံးပေါ်ဖုန်းလေးဝယ်ပေးခဲ့တာဖြစ်ပြီး ချစ်ငယ်ကတော့ သမီးလေးရဲ့ သိတတ်မှုအပေါ် “မေမေရေ မေမေကိုင်ထားတဲ့ဖုန်းလေးက အရမ်းဟောင်းသွားပြီ။
7+ သမီးအမေ့ကိုဝယ်ပေးမယ်နော်ဆိုပြီး သူ့လစာတလလုံးထက်မကပေးရတဲ့နောက်ဆုံး l Phone 14 pro maxလေးပို့ပေးလိုက်တယ်။ သမီးလက်ထဲမှာပိုက်ဆံဘယ်ရှိတော့မလဲ အမေမယူရက်ပါဘူးအမေနောက် ဆုံးပေါ်တွေလဲမလိုဘူး ဖုန်းဆက်လို့ရရင်တော်ပြီ။ပရိသတ်ကြီးရေ မေခလာကတော့ အနုပညာလောကမှာ အဆိုတော်တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာရပ်တည်နေတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။
ချစ်ငယ်လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြပြီး ထိပ်တန်းအဆိုတော်တစ်ယောက်အနေနဲ့ကို အောင်မြင်ခဲ့တဲ့သူပါ။မဟုတ်ပါဘူးအမေရယ် သမီးဘဝမှာပထမဆုံးအမေ့ကို လက်ဆောင်ပေးဖူးတာပါတဲ့။ အမေ့သမီးလေး ကျန်းမာချမ်းသာပါစေ။ ဆုတောင်းနေပေမဲ့ ခလေးလက်ထဲမှာ ငွေမှရှိပါ့မလား သူအဆင်ပြေပါ့မလား” ဆိုပြီး ဝမ်းသာပီတိဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ သားသမီးတွေရဲ့ သိတတ်လိမ္မာမှုက မိဘတိုင်းဝမ်းသာပီတိဖြစ်ရတာပါပဲနော်။