မင်းသမီးချောလေးအေးမြတ်သူရဲ့ မြန်မာဆန်ဆန် ဝတ်စားဆင်ယင်မှုမှာ အေးချမ်းပြီး ကျက်သရေရှိကာ မြင်သူတိုင်းရင်အေးလှတဲ့ အလှကိုတော့ ပရိသတ်တွေက ချီးကျူးနေခဲ့ကြပါတယ်။အေးမြတ်သူရဲ့ ကျက်သရေရှိလှတဲ့ အလှပုံလေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။
အေးမြတ်သူကတော့ မော်ဒယ်သရုပ်ဆောင် တစ်ယောက် အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ဆယ်ဆုနှစ်နဲ့ ချီပြီးတော့ကို ရရှိထားခဲ့တဲ့သူပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အနုပညာလောကမှာ ဆက်လက်ရပ်တည်နေပြီး ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက် အဖြစ် ရပ်တည်နေသူပါ။
ပရိသတ်တွေရဲ့ အဆက်သွယ်မပြတ်အောင် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အမြဲလိုလို ရိုက်ကူးထားတဲ့ ပုံလေးတွေ နေ့ဏဉ်လှုပ်ရှားမှုနဲ့ အနုပညာလှုပ်ရှားမှုတွေကို မျှဝေဖော်ပြပေးလေ့ရှိပါတယ်။ မနေ့ကလည်း အေးမြတ်သူက မြန်မာဆန်ဆန်လေး ဝတ်ဆင်ကာ လပြည့်နေ့ကို ဖြတ်သန်းခဲ့ပါတယ်။